menu-iconlogo
huatong
huatong
avatar

အရာရာဟာပြောင်းလဲခဲ့ပြီ

မျိုးကျော့မြိုင်huatong
perrottarfhuatong
Şarkı Sözleri
Kayıtlar
သီချင်း : အရာရာဟာပြောင်းလဲခဲ့ပြီ

တေးဆို : မျိုးကျော့မြိုင် နှင့် ဇမ်နူး

မင်းနဲ ့အိပ်မက်ကိုယ့်ရဲ ့ညတွေကိုအဖော်လုပ်ဆဲ

မင်းရဲ ့ စကားနဲ ့စိတ်ညစ်တဲ့ရက်တွေကိုကယ်တင်ခဲ့

ဒီလိုပဲ ကိုယ့်ဘဝ နေ ့ရက်

နေရာတိုင်းမင်းရဲ ့အကြောင်းတွေအစုံပါပဲ

မဟောင်းသွားတဲ့ အဖြစ်အပျက်အချိန်တွေထဲ

တကယ်ပါပဲ မနေ ့တစ်နေ ့ကလိုမြင်ယောင်ဆဲ

မင်းအကြောင်းရေးတဲ့ကိုယ့်သီချင်းများကြားထဲမှာနေနေဆဲ

အခုထိ ဇွဲနဲ ့အချစ်ရဲ ့ဖိစီးမှုကိုခံနေဆဲ

တစ်ခါတစ်လေလဲကိုယ့်ဘဝဓာတ်ပျက်

ဘာကိုခံစားချက်မရှိတော့သလိုအနာဂတ်ထဲ

အစားထိုးမရတဲ့နေရာအတွက်

ဘယ်လိုမှဖျက်လို ့မပျက်တဲ့ဒဏ်ရာတွေနဲ ့

ဟေး အရာရာဟာပြောင်းလဲခဲ့ပြီ

အချိန်တွေဟာအသစ်ဖြစ်ခဲ့ပြီ

ပိုင်ဆိုင်တဲ့နေ ့သစ်များဆီ ဟား

ဟေး အရာရာပြန်စလို ့မရပြီ

အရာရာပြန်ဖျက် လည်းမရပြီ

ပိုင်ဆိုင်တဲ့ဘဝ လမ်းဆုံးထိ ဟား

အစွန်းရောက် အမှတ်တရ

တကယ်ပဲများလွန်းလှတဲ့ ကိုယ်တို ့ဘဝထဲ

မင်းအတွက်ကိုယ့်အတွက်ထာဝစဉ်နေသွားမယ့်

လက်တွေ ့ဘဝရဲ ့နေရာတွေအတွက်

အကောင်းဆုံး ဆုံးဖြတ်ချက်နဲ ့ရှေ ့ကိုဆက်

ဒီလိုပဲ ကိုယ်တို့နှစ်ယောက်ရဲ ့ဘဝဟာအတူတူပဲ

နှလုံးသားကိုဦးစားပေးတဲ့ဒုက္ခထဲ

အရာရာဟာပြီးဆုံးလိုက်ရပြီ အရှုံးတရားနဲ ့

မင်းအကြောင်း သတင်းကောင်း

ကိုယ်လေအမြဲတမ်းကြားနေချင်ပါတယ်

နှစ်လ နေ ့ရက် ဒီလိုပဲ တဖြည်းဖြည်း

အေးသွားလိမ့်မယ်ထင်ပါတယ်

ဒါပေမယ့် အောက်မေ့ သတိရ

တစ်ခါတလေလည်းမင်းအကြောင်း

ပြောမိတဲ့အချိန်တွေထဲ

ဘဝတစ်ကွေ ့မှာအမှတ်တရတွေအများကြီးနဲ ့

ကိုယ်လေသိပ်ချစ်ဖူးခဲ့တယ်မင်းတစ်ယောက်တည်း

ဟေး နေဝင်ချိန်ခရီး လေးရောက်ပြီ

ပျော်စရာတွေဝေးသွားခဲ့ပြီ

ရင်ခုန်ခြင်းအဆုံးသတ်ခဲ့ပြီ ဟား

ဟေး ပြန်မြင်ယောင်ခွင့် လည်းဝေးပြီ

ပြန်လိုချင်လို ့လည်းမရပြီ

မျိုသိပ်ရင်းဘဝ လမ်းဆုံးအထိ ဟား

လာ လာလာလာလားလားလားလား

လာလာလာ လားလားလားလား

လာလာလာလားလားလားလား ဟာ

လာ လာလာလာလားလားလားလား

လာလာလာ လားလားလားလား

လာလာလာလားလားလားလား ဟာ

မျိုးကျော့မြိုင်'dan Daha Fazlası

Tümünü Görlogo