menu-iconlogo
huatong
huatong
avatar

Eain

ရဲလေးhuatong
ryansgyrl821huatong
Şarkı Sözleri
Kayıtlar
ရင်ထဲမှာပြွတ်သိပ်နေတဲ့ ခံစားရတဲ့ဒဏ်ရာတွေကို

လူတွေကနားထောင်မပေးမယ့်

ကလေးတစ်ယောက်ရဲ့ မှန်တာတွေကို

ငါရေးတဲ့စာသားတွေက

အဓိပ္ပါယ်ရှိပြီးလက်ညောင်းနေလဲ

ဒါတွေမမှုဘူး

ငါ့ဘဝရဲ့အက်ကြောင်းတွေပဲ

မိသားစုကံကြမ္မာရယ်

ပြောင်းလဲမှုကမကောင်းခဲ့ပါ

သိန်းရာကျော်တန်တဲ့အိမ်ကို

ဈေးတွေနှိမ်ပြီးရောင်းခဲ့တာ

နောက်ပြီးတော့ဓမ္မဝိဟာရလမ်းကအိမ်ကိုပြောင်းခဲ့တာ

ကျောက်မြောင်းက၇လွှာမှာနေပြီးတော့ ဘဝကိုကျောင်းခဲ့တာ

အချိန်ရှိသမျှကြိုးစားပြီး အနာဂါတ်အတွက်စိတ်ဓာတ်မကျခဲ့ပါ

မိဘကိုပြန်ရှာကျွေးမယ် စိတ်ချဒီတစ်ခါသားအလှည့်ပါ

လေးစားတဲ့ကျွန်တော့အဖေကမိသားစုအတွက်ဦးဆောင်ပါ

ဒါပေမဲ့မပြောင်းလဲဘူး နေ့တိုင်းပဲအဖေကမထူးယောင်သာ

အိမ်ထဲမှာနေရင်း စကားတွေက ညတိုင်းထပ်လာတာ

မင်ယအဖေကခုဘာလုပ်လဲမေး ဖြေရမှာခက်လာတာ

အဲ့အကြောင်းကိုတွေးရင် မျက်ရည်ကအလိုလိုပဲတက်လာတာ

ရင်ဘတ်ထဲထိုးထည့်ထားတဲ့ ဒဏ်ရာကလဲနက်လာတာ

(အိမ်) ဘယ်အချိန်မှာပျော်စရာတွေရလာမှာလဲ

(အိမ်) ဒီအတိုင်းပဲကျွန်တော်တို့ဒုက္ခတွေရဲ့ကြားက

(အိမ်)မျက်လုံးထဲကအရည်တွေခမ်းခြောက်နေပြီ

တစ်ချက်လောက်ကြည့်ပါ

အားငယ်နေတဲ့မျက်လုံးတွေကို

(အိမ်) ၆နာရီဆို အဖေရယ်ပြန်လာပေးပါ

(အိမ်) မိုးချုပ်မှာကိုအရမ်းပဲကြောက်နေခဲ့တာ

အဖေနဲ့အမေ အဆင်ပြေနေရင်သိပ်ကောင်းမှာအမြဲ

ဒီစိတ်ဆင်းရဲမှုတွေကို ထားခဲ့ချင်တယ်အတိတ်ဟောင်းမှာပဲ

အပြင်မှာဝေဖန်ခံ မေပန်းတဲ့ဘဝကို အဖေမသိဘူး

ကျွန်တော်ပြန်လာတိုင်း ၆နာရီဆိုအဖေမရှိဘူး

အလုပ်ထဲမှာနာကြင်လွန်းတဲ့ ဝေဒနာကိုပြောမလို့

ဘာမှမကြားချင်ဘူး စိတ်ရှုပ်စရာတွေအမောဆို့

တစ်ချိန်မှာတစ်ကိုယ်ကောင်းဆန်ပြီး

ထွက်သွားချင်တယ်အဝေးကို

ဒါပေမဲ့မထားခဲ့နိုင်ဘူး ကျွန်တော်သိပ်ချစ်တဲ့အမေ့ကို

အောင်မြင်မှုတွေရှိလာရင် ပျော်စရာတွေတွေးလို့

သားတွေကိုမသနားဘူးလား

အဖေ့ကိုကျွန်တော်လေမေးမလို့

သူငယ်ချင်းရသဘိုလေးချမ်းအေးဝင်းကိုအားကျတယ်

သူတို့မိဘတွေရဲ့နွေးထွေးမှုကို သူတို့တွေမသိကြဘူး

အိမ်မှာလဲလိုချင်တာပေါ့ ဒီလိုမျိုးတွေမရှိကြဘူး

ငါတို့အိမ်ရဲ့အနာဂါတ်ကို ငါကိုယ်တိုင်လဲမသိရဘူး

အရောင်အသွေးတွေ စုံလင်နေတဲ့ ဒီအိမ်လေးကိုမဖျက်စီးပါနဲ့

၇လွှာကိုတက်လိုက်ဆင်းလိုက် လုပ်တဲ့အမေလဲအသက်ကြီးပါတယ်

မပျက်စီးပါကွယ် အဖေ့ကိုအမြဲတမ်းဂုဏ်ယူပြီးသား

အိမ်ထဲမှာစိတ်ဆင်းရဲစရာ စကားတွေကိုထဲထပ်မညည်းပါနဲ့

(အိမ်) ဘယ်အချိန်မှာပျော်စရာတွေရလာမှာလဲ

(အိမ်) ဒီအတိုင်းပဲကျွန်တော်တို့ဒုက္ခတွေရဲ့ကြားက

(အိမ်)မျက်လုံးထဲကအရည်တွေခမ်းခြောက်နေပြီ

တစ်ချက်လောက်ကြည့်ပါ

အားငယ်နေတဲ့မျက်လုံးတွေကို

(အိမ်) ၆နာရီဆို အဖေရယ်ပြန်လာပေးပါ

(အိမ်) မိုးချုပ်မှာကိုအရမ်းပဲကြောက်နေခဲ့တာ

အဖေနဲ့အမေ အဆင်ပြေနေရင်သိပ်ကောင်းမှာအမြဲ

ဒီစိတ်ဆင်းရဲမှုတွေကို ထားခဲ့ချင်တယ်အတိတ်ဟောင်းမှာပဲ

အဖေ့ကိုရင်ထဲမှာ မမေ့နိုင်တာတွေပြောပြချင်တယ်

အရင်ကရေခဲထုပ်ရောင်းတဲ့ဘဝကိုပြန်မရောက်ချင်ဘူး

နောက်ပြီးတော့ ကုန်စုံဆိုင်ရောင်းတဲ့အချိန်ကို

ပြန်မသွားချင်ဘူး ရပ်ကွက်ကပေးတဲ့ဆန်ကို

တန်းစီတဲ့သူပြန်မဖြစ်ချင်ဘူး

ဆွေမျိုးတွေစီမှာ ပိုက်ဆံချေးတဲ့အမေ့ကိုမသနားဘူးလား

ထမင်းသုပ်စားရတဲ့ကျွန်တော်တို့ အဖြစ်ကိုထပ်မမြင်ချင်ဘူး

ကျွန်တော့ညီလေးကျူရှင်လခ မပေးနိုင်တာကို

ကြည်ရက်နိုင်လား လူတွေကဝိုင်းပြီး

အမေ့ကိုပြောနေတာတွေမခံစားနိုင်ဘူး

ဒါတွေကိုယောင်လို့တောင် ငါစိတ်နာလွန်းလို့ မတွေးချင်ဘူး

စာမျက်နှာပေါ်မှာ လူတွေသိအောင်လို့လဲ မရေးချင်ဘူး

ဒီသီချင်းကိုနားထောင်ပြီး မိသားစုအတွက်အဖေ

မြင်နေပါစေ ကမ္ဘာပေါ်မှာရှိတဲ့အိမ်တိုင်း

သာယာပြီးတော့အဆင်ပြေပါစေ

(အိမ်) ဘယ်အချိန်မှာပျော်စရာတွေရလာမှာလဲ

(အိမ်) ဒီအတိုင်းပဲကျွန်တော်တို့ဒုက္ခတွေရဲ့ကြားက

(အိမ်)မျက်လုံးထဲကအရည်တွေခမ်းခြောက်နေပြီ

တစ်ချက်လောက်ကြည့်ပါ

အားငယ်နေတဲ့မျက်လုံးတွေကို

(အိမ်) ၆နာရီဆို အဖေရယ်ပြန်လာပေးပါ

(အိမ်) မိုးချုပ်မှာကိုအရမ်းပဲကြောက်နေခဲ့တာ

အဖေနဲ့အမေ အဆင်ပြေနေရင်သိပ်ကောင်းမှာအမြဲ

ဒီစိတ်ဆင်းရဲမှုတွေကို ထားခဲ့ချင်တယ်အတိတ်ဟောင်းမှာပဲ

(အိမ်) ဘယ်အချိန်မှာပျော်စရာတွေရလာမှာလဲ

(အိမ်) ဒီအတိုင်းပဲကျွန်တော်တို့ဒုက္ခတွေရဲ့ကြားက

(အိမ်)မျက်လုံးထဲကအရည်တွေခမ်းခြောက်နေပြီ

တစ်ချက်လောက်ကြည့်ပါ

အားငယ်နေတဲ့မျက်လုံးတွေကို

(အိမ်) ၆နာရီဆို အဖေရယ်ပြန်လာပေးပါ

(အိမ်) မိုးချုပ်မှာကိုအရမ်းပဲကြောက်နေခဲ့တာ

အဖေနဲ့အမေ အဆင်ပြေနေရင်သိပ်ကောင်းမှာအမြဲ

ဒီစိတ်ဆင်းရဲမှုတွေကို ထားခဲ့ချင်တယ်အတိတ်ဟောင်းမှာပဲ

ရဲလေး'dan Daha Fazlası

Tümünü Görlogo