သီချင်း - တို့နှစ်ယောက်အကြောင်း
တေးဆို - ရဲလေး ၊ သားကြီး
တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်စွာ
ကျီစယ်ခဲ့တယ်
ဘ၀လက်တွဲဖော်လို့ သူ့ကို
ရည်ရွယ်ခဲ့အမြဲ
ဒီပုံစံလေးအတိုင်းပဲကောင်းတယ်
ရွှေ့ပြောင်းဖို့မရှိ
ငါအစီစဉ်တွေဆွဲထားတာ
တစ်နေ့ပေါင်းဖို့အထိ
ဘာကြောင့်စိတ်တွေသူ့ဆီပဲ
ရောက်ရောက်နေတာလဲ
အနိုင်မယူလိုပါဘူးငါ
လက်မြောက်နေပါ့မယ်
အချစ်ရဲ့လက်ကိုတွဲပြီးတော့
ဆက်လျှောက်နေကာရယ်
အေ၀းကြီးကိုရောက်နေလည်း
ရပ်စောင့်နေပါမယ်
မမြင်တဲ့ဇယားတွေကပ်ပြီးတော့
အကြိမ်ပေါင်းများစွာညာခဲ့
နောက်ဆုံးတော့လည်း စိတ်မချမ်းသာ
ကျဆုံးခဲ့တာငါပဲ
ဒါတောင်အချစ်ကနားလည်စွာနဲ့
ခွင့်လွှတ်ပေးရှာတယ်
ရှက်ဖို့ကောင်းပါတယ်
ငါ့ကိုယ်ငါအထင်သေးပါတယ်
အကျင့်ကမကောင်းခဲ့တော့
သူ့ရဲ့တန်ဖိုးမသိဘဲ
အရင်ကထက်ပိုပြီးတော့
ယုယမြတ်နိုးမိခဲ့
လုပ်မိခဲ့တဲ့ငါ့ရဲ့အရှေ့ကအမှားတွေကို
မင်းရဲ့စိတ်နဲ့ပြု ပြင်ပေးပါလို့
လမ်းခွဲဖို့မဖြစ်နိုင်ဘူးကွာ
နောက်ထပ်လည်းကိုယ်မညာတော့ပါ
မင်းအကြည့်တွေမှာမြော
ကိုယ်ဟာခံနိုင်ရည်အားမဲ့စွာ
မင်းပြောသမျှလိုက်နာခဲ့တာ
အခုထက်ထိမလုံလောက်ဘူးလား
မှောင်မိုက်တဲ့ဘ၀ကို
အချစ်ရယ်အလင်းတန်းတွေနဲ့
လာခဲ့ပါ
ငါတစ်ခါမှားပြီး နောက်တစ်ခါ
ထပ်တလဲလဲမှားတယ်
နောက်တယောက်ထားမယ်လို့
ခပ်မရဲတရဲကြားတယ်
စိတ်ကိုရှေ့တန်းတင်ပြီး မလုပ်ပါနဲ့ချစ်သူ
အဲဒါတွေကမင်းအတွက်မကောင်းဘူး မရှုပ်ပါနဲ့
ခံရတဲ့အတိုင်းပြန်ခံရဖို့လုပ်မှာပဲတဲ့
မျှော်လင့်ချက်တွေထားခဲ့တော့ ရှုံးကာကွဲပြဲ
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မငိုပါနဲ့
မင်းရဲ့ဘက်မှာလည်း ရှိမှာပေါ့
ငါ့အတွက်အမုန်းကနည်းနည်း
မင်းရဲ့စကားတွေကို နားထဲကြားနေလို့
အတူတူနေချင်ပါတယ် ဒီလိုအသံပဲကြားချင်လို့
ပါးစပ်အရသာခံပြီးအပိုတွေလည်း မပြောတော့ဘူး
ထပ်ပြီးမေ၀းချင်တော့ပါ
လျှောက်လျှောက်ပြီးမဖောတော့ဘူး
ငွေစက္ကူနဲ့ရောတဲ့
ကြော်ကြားမှုလည်း လဲနိုင်တယ်
သောက်စားမှုနဲ့ပျော်ပါးမှုတွေ
အေ၀းသို့၀ဲနိုင်တယ်
ဒီအတိုင်းဆက်သွားနေရင်
အချစ်ဆုံးမင်းနဲ့လွဲနိုင်တယ်
နောက်ဆုံးငါ့ရဲ့စိတ်ကမင်းအနားပဲမြဲနိုင်ခဲ့
လမ်းခွဲဖို့မဖြစ်နိုင်ဘူးကွာ
နောက်ထပ်လည်းကိုယ်မညာတော့ပါ
မင်းအကြည့်တွေမှာမြော
ကိုယ်ဟာခံနိုင်ရည်အားမဲ့စွာ
မင်းပြောသမျှလိုက်နာခဲ့တာ
အခုထက်ထိမလုံလောက်ဘူးလား
မှောင်မိုက်တဲ့ဘ၀ကို
အချစ်ရယ်အလင်းတန်းတွေနဲ့
လာခဲ့ပါ
အသံ၀င်သွားပြီး ချစ်တယ်လို့
အသားကုန်အော်ခဲ့တယ်
လွတ်လပ်စွာနဲ့သူနဲ့ကျွန်တော်
အပီကိုပျော်ခဲ့တယ်
တွေးလိုက်တိုင်း တကယ်ကို
မျက်ရည်၀ဲဆဲ မခွဲတော့ဘူး
တို့တွေလက်တွေတွဲမြဲ
မင်းမသိဘူးမှတ်လား ငါလေ
စိတ်ပူပါတယ် ကျန်းမာရေးဆိုလည်း
သူကသိပ်ချူျ ချာတယ်
စကားတွေများ နားတွေကြာတော့
သိပ်အူတာပဲ လွမ်းနေကြတာတော့
ဟိတ်... အတူတူပါပဲ
အရှုပ်အယှက်တွေမရှိ တစ်ယောက်တည်း
ဒီထက်ပိုပြီး သေချာခဲ့
အသက်စွန့်ပြီး ငါသည်အိုမင်းလည်း
တစ်ဘ၀လုံးချစ်မယ်
မေးခွန်းတွေမေးချင်လာခဲ့
မင်းရဲ့ဟိုအေ၀းမနှင်ပါနဲ့
မရက်စက်နဲ့ တကယ်ပါငါအသဲကွဲမှာ
လမ်းခွဲဖို့မဖြစ်နိုင်ဘူးကွာ
နောက်ထပ်လည်းကိုယ်မညာတော့ပါ
မင်းအကြည့်တွေမှာမြော
ကိုယ်ဟာခံနိုင်ရည်အားမဲ့စွာ
မင်းပြောသမျှလိုက်နာခဲ့တာ
အခုထက်ထိမလုံလောက်ဘူးလား
မှောင်မိုက်တဲ့ဘ၀ကို
အချစ်ရယ်အလင်းတန်းတွေနဲ့
လာခဲ့ပါ
တစ်ယောက်တည်းမင်းပဲ
ကိုယ်အမှားများရှိခဲ့ရင်
ပြော ပြော ပြော
တစ်ယောက်တည်းမင်းပဲ
ကိုယ်အမှားများရှိခဲ့ရင်
ပြော ပြော ပြော
လမ်းခွဲဖို့မဖြစ်နိုင်ဘူးကွာ
နောက်ထပ်လည်းကိုယ်မညာတော့ပါ
မင်းအကြည့်တွေမှာမြော
ကိုယ်ဟာခံနိုင်ရည်အားမဲ့စွာ
မင်းပြောသမျှလိုက်နာခဲ့တာ
အခုထက်ထိမလုံလောက်ဘူးလား
မှောင်မိုက်တဲ့ဘ၀ကို
အချစ်ရယ်အလင်းတန်းတွေနဲ့
လာခဲ့တော့
လာခဲ့တော့