စောင့်မျှော်နေသူငါ စိတ်ကူးယဉ်နေသူပါ
မင်းလေးပြောမယ့်စကားတွေ
မင်းသိမ်းမထားနဲ့တော့
အဖြူရောင် အချစ်တွေ ဆိုမှာလား
အချိန်တွေတိုင်း ပျော်နေနိုင်လား
အသည်းလေးကွဲမယ့် အဖြစ်တွေ
မပေးသွားပါနဲ့ သူငယ်ချင်းရယ် ...
အိပ်မက်ထဲပြောနေပြီ အပြင်မှာကျတော့
တခြားစီပါလား
မိန်းကလေးအတွက် ဟားရယ်စရာလား
ဝန်ခံပါတယ်
အချစ်စိတ်က ရှင်သန်လာတယ်
ပိုပြီးတော့ လျင်မြန်လာမယ်
ဘယ်တော့များ ပြောထွက်မှာလဲ
မင်းရဲ့ဘက်က မသိနိုင်တော့လို့
မိန်းကလေးပဲဖြစ်နေတာမို့
ရင်ထဲမှာ အချစ်တွေကဆို
ဒါတောင်ပဲ မင်းရဲ့ဘက်ကစိတ်ကူးရင်လို့
ကောင်းနေတုန်းလား
မင်းအတွက်နဲ့ရင်မောလိုက်တာ
မကြိုက်ဘူးဆို နင်ပြောလိုက်ပါ
ငါ့ကိုလည်း မချစ်ဘူးဆိုရင်
နင့်ပါးစပ်က ဖွင့်ပြောလိုက်ပါ
မသိစိတ်က အဖြူရောင်တွေကို ဆိုးနေခဲ့ပြီ
နင်နဲ့ငါနဲ့
ပြောမထွက်တဲ့ စကားလုံးတွေသာ
ရင်ထဲမှာထည့်
ယောကျား်လေးဖြစ်လိုက်ချင်တယ်
နင့်နေရာဝင်လိုက်ပြီးတော့ဖြစ်လိုက်ချင်တယ်
နင့်ကိုလေအရမ်းချစ်တယ်လို့
ဖွင့်ပြောပြီးတော့ ချစ်လိုက်ချင်တယ်.....
စောင့်မျှော်နေသူငါ စိတ်ကူးယဉ်နေသူပါ
မင်းလေးပြောမယ့်စကားတွေ
မင်းသိမ်းမထားနဲ့တော့
အဖြူရောင် အချစ်တွေ ဆိုမှာလား
အချိန်တွေတိုင်း ပျော်နေနိုင်လား
အသည်းလေးကွဲမယ့် အဖြစ်တွေ
မပေးသွားပါနဲ့ သူငယ်ချင်းရယ် ...
ကိုယ့်ဘက်ကနိမ့်ကျခဲ့တာ
ပြောထွက်ဖို့ စိတ်ကမရဲပါ..
အခြေအနေက ကွာခြားစေတာ
မင်းတွေးတော့ ငါမှားနေတာ
ဒါတွေကို ဂရုမစိုက်ပါဘူး
မင်းကလည်း မရူးမမိုက်ပါဘူး
လက်တွဲဖို့ အခြေအနေကိုပဲ
မင်းရဲ့ဘက်က စူးစိုက်ပါအခု..
ငွေကြေးတွေမပြည့်စုံတဲ့ငါ
ရှေ့ရေးကိုတွေ့ကြုံတဲ့အခါ
ဆက်ပြီးတော့ မပြောပါနဲ့ကွာ
မင်းမုန်းသွားမှ ငါအကြောက်ဆုံးပါ
မျက်ဝန်းတွေ သိမ်းလိုက်တော့မယ်
ဖွင့်မပြောဘူး ထိန်းလိုက်တော့မယ်
ဖြစ်နိုင်ရင် ငါ့ရဲ့အချစ်တွေတခြားတယောက်စီ
ယိမ်းလိုက်တော့မယ်...
ခင်မင်မှုတွေနဲ့
ငါတို့အနာဂတ်လမ်းကို
လျှောက်ပြီးတော့လှမ်း
ပြင်ဆင်ခုနေခဲ့
ငါတို့ပျော်စရာများကို နောက်ပြီးတော့မှန်း
ငါမင်းကို မမုန်းရက်ပါ...
အမြဲတမ်းငါပြုံးလျက်သာ
မင်းစိတ်တိုင်းကျပဲ နေထိုင်သွားမယ်
မင်းနဲ့ အဆုံးတစ်သက်တာ
စောင့်မျှော်နေသူငါ စိတ်ကူးယဉ်နေသူပါ
မင်းလေးပြောမယ့်စကားတွေ
မင်းသိမ်းမထားနဲ့တော့
အဖြူရောင် အချစ်တွေ ဆိုမှာလား
အချိန်တွေတိုင်း ပျော်နေနိုင်လား
အသည်းလေးကွဲမယ့် အဖြစ်တွေ
မပေးသွားပါနဲ့ သူငယ်ချင်းရယ် ...
တားဆီးခဲ့ အဖြူရောင်စည်းများ
နှလုံးသားရဲ့နေရာမှာ မင်းပါ
မင်းပြောမယ့် စကားလုံးလေးတွေ
မရက်စက်ပါနဲ့....
တားဆီးခဲ့ အဖြူရောင်စည်းများ
နှလုံးသားရဲ့နေရာမှာ မင်းပါ
မင်းပြောမယ့် စကားလုံးလေးတွေ
မရက်စက်ပါနဲ့...
စောင့်မျှော်နေသူငါ စိတ်ကူးယဉ်နေသူပါ
မင်းလေးပြောမယ့်စကားတွေ
မင်းသိမ်းမထားနဲ့တော့
အဖြူရောင် အချစ်တွေ ဆိုမှာလား
အချိန်တွေတိုင်း ပျော်နေနိုင်လား
အသည်းလေးကွဲမယ့် အဖြစ်တွေ
မပေးသွားပါနဲ့ သူငယ်ချင်းရယ် ...
စောင့်မျှော်နေသူငါ စိတ်ကူးယဉ်နေသူပါ
မင်းလေးပြောမယ့်စကားတွေ
မင်းသိမ်းမထားနဲ့တော့
အဖြူရောင် အချစ်တွေ ဆိုမှာလား
အချိန်တွေတိုင်း ပျော်နေနိုင်လား
အသည်းလေးကွဲမယ့် အဖြစ်တွေ
မပေးသွားပါနဲ့ သူငယ်ချင်းရယ် ...