သော်တာ..လမင်း
ငွေစင်ကြယ်တွေတိုင်တည်ရင်း
အိမ်ပြန်လမ်း မင်းရှိရာ
မှန်းဆပြီး ပြန်လာမှာ
ကြင်နာသူရင်ခွင်မှာ
ခိုဝင်နားဖို့ကြိုနေပါ
ရင်မှာမေးချင်နေသောစကား
အရင်လို
ကိုယ့်ကိုချစ်သေးလား..
မင်းဆီမှာ..
ရှိသေးလား ချစ်သူရာ
ဦးထားတဲ့
အသည်းတစ်နေရာ..
အမြဲတမ်းကိုယ်နေဖို့ရာ..
ကြင်နာသူ မင်းဆီမှာ
ရှိသေးလား ချစ်သူရာ
အမြဲတမ်းပဲနားခိုဖို့...
စိုးရိမ်တယ် ပျောက်ကွယ်မှာ...
ကိုယ်ရင်ခုန်ရင်း
အရာရာယုံကြည်မျှော်လင့်ရင်း
အချိန်ရှိတိုင်းနှလုံးသားမှာ
အားတင်းနေမှာ
ဒီနေရာ ကိုယ်သာပိုင်
ဘယ်အခါအရှုံးနဲ့ မကြုံချင်ပါ
ရင်မှာကြိတ်ကာဆုတောင်းမိ
ကိုယ်ချစ်သွားမယ်
နောက်ဆုံးထိ
မင်းဆီမှာ..
ရှိသေးလား ချစ်သူရာ
ဦးထားတဲ့
အသည်းတစ်နေရာ..
အမြဲတမ်းကိုယ်နေဖို့ရာ
ကြင်နာသူ မင်း..ဆီမှာ
ရှိသေးလားချစ်သူရာ
အမြဲတမ်းပဲ..နားခိုဖို့
စိုးရိမ်တယ်
ပျောက်ကွယ်မှာ.....
ဟိုအရင်လို
ရည်းစားဘ၀ကိုပဲ
လွမ်းတယ်
ကြာလာရင်
တို့နှစ်ယောက်ဝေး..မှာစိုး...
အချစ်ဆုံးအတူနေကြစို့.....
မင်းဆီမှာ..
ရှိသေးလား ချစ်သူရာ
ဦးထားတဲ့
အသည်းတစ်နေရာ
အမြဲတမ်းကိုယ်နေဖို့ရာ...
ကြင်နာသူမင်းဆီမှာ
ရှိသေးလား ချစ်သူရာ
အမြဲတမ်းပဲ နားခိုဖို့
စိုးရိမ်တယ်
ပျောက်ကွယ်မှာ....
ကိုယ်ပိုင်တဲ့ ကိုယ့်နေရာ
ဘယ်သူ့..ကိုမှ........
မပေး...နိုင်......