menu-iconlogo
huatong
huatong
avatar

အမြင့်ဆုံးမှာထားချင်တယ်

ဝနhuatong
project174huatong
Şarkı Sözleri
Kayıtlar
အမြင့်ဆုံးမှာထားချင်တယ်

တေးရေး စောခူဆဲ

တေးဆို ဝန

..........

မင်းရဲ့အသိုင်းအဝိုင်းထဲက

ဒီစကားမျိုးကြားရတော့

ကိုယ်အတော်လေးစိတ်မကောင်းဖြစ်သွားတယ်

ကောင်လေးကဆင်းရဲတယ်

ပညာလည်းမတောက်တခေါက်နဲ့

မျိုးရိုးကနိမ့်တယ် ထင်ပါရဲ့

ပြောကြပါတော့ သူတို့ထင်သလို

အားလုံးအမှန်အတိုင်းဖြစ်နေတယ်

..........

အစကမင်းပြောပြတော့ မင်းမိဘများက

ဘာဂုဏ်မှ မမက်ဘူး မလိုဘူးဆို

စိတ်ရင်းကရိုးသားရင် ကြင်နာစိတ်ရှိခဲ့ရင်

မင်းလေးနဲ့ ထိုက်သူ နေမှာပေါ့တဲ့

အခုကျတော့လည်း ပျော်မိတာကို

တွေးရင်း ရင်နစ်ရပါတယ်...

အမြင့်ဆုံးမှာထားချင်တယ်

အမြင့်ဆုံးမှာထားချင်တယ်

ရင်ထဲကမင်းအတွက်မိုးထိမြင့်အောင်

ကိုယ့်ဆန္ဒတွေပဲ...

အမြင့်ဆုံးမှာထားချင်တယ်

အမြင့်ဆုံးမှာထားချင်တယ်

အခုများတော့ မလှန်းဝံ့နိုင်လို့

လူတန်းစေ့ မထားခဲ့နိုင်လို့

အချစ်ရယ် မင်းကို အရှုံးပေးလိုက်တယ်...

ဟိုး......

ဟိုး......

ဟိုး......

.........

တို့များအသည်းနှလုံးထဲက

အခွင့်အရေးပေးထားလို့

အရည်ပျော်မတတ် နှစ်ယောက်စလုံးချစ်လည်းပဲ

ဦးနှောက်ရဲ့အသိဟာ ကြင်နာခွင့်မပေးတော့လေ

ဝေးသွားမှ ကောင်းမယ် ထင်ပါတယ်

မေ့ဖို့ဆိုရင်..လွယ်တော့မလွယ်ဘူး

ကြိုးစားဖြေသိမ့်ရမှာဘဲ...

အမြင့်ဆုံးမှာထားချင်တယ်

အမြင့်ဆုံးမှာထားချင်တယ်

ရင်ထဲကမင်းအတွက်မိုးထိမြင့်အောင်

ကိုယ့်ဆန္ဒတွေပဲ...

အမြင့်ဆုံးမှာထားချင်တယ်

အမြင့်ဆုံးမှာထားချင်တယ်

အခုများတော့ မလှန်းဝံ့နိုင်လို့

လူတန်းစေ့ မထားခဲ့နိုင်လို့

အချစ်ရယ် မင်းကို စွန့်လွှတ်လိုက်တယ်...

အမြင့်ဆုံးမှာထားချင်တယ်...

အမြင့်ဆုံးမှာထားချင်တယ်...

အမြင့်ဆုံးမှာထားချင်တယ်...

အမြင့်ဆုံးမှာထား..ချင်တယ်..

.....The End......

ကျေးဇူးတင်ပါသည်။

ဝန'dan Daha Fazlası

Tümünü Görlogo
ဝန, အမြင့်ဆုံးမှာထားချင်တယ် - Sözleri ve Coverları