menu-iconlogo
huatong
huatong
--cover-image

ရင်ဖွင့်ပြချင်တယ်

ဝိုင်ဝိုင်းhuatong
🎵🅺🅞⋆🅾🅚🎵➳ℭᴾˡᵃᶜᵉ✓huatong
Şarkı Sözleri
Kayıtlar
ရင်ဖွင့်ပြချင်တယ်

ဆို - ဝိုင်ဝိုင်း

(ဟား ဟာ... ဟား ဟာ)×4

ငါ့ရဲ့ ကြမ်းတမ်းရုပ်သွင်ပြင်နဲ့

အရေပြားအောက်မှာ

အလွန်သိမ်မွေ့တဲ့ ကြည်လင်နုနယ်

နှလုံးသားငယ်တည်ရှိခဲ့

မင်းလေးမသိလို့ မုန်းချင်တာလား

အမှန်ကို မင်းသိအောင်

ဘယ်လို ဖော်ပြမလဲကွယ်

မနောအလှအပေါ်ယံမတွေ့ရ

လူဆိုတာကွယ် ရင်းနှီးခွင့်ရမှ

တစ်ယောက်ရဲ့စိတ်တစ်ယောက်သိနိုင်တယ်

ငါဟာ အရုပ်ဆိုးလည်းကွယ်

နှလုံးလှအောင်နေတတ်ခဲ့

လူဆိုတာအမြင်မှာ တချို့ကအလှ

အတ္တစိတ်ကကြမ်းတမ်းနေတယ်

အနာခံစရာ တွေ့တော့မှလေ

တစ်ကိုယ်ကောင်းစိတ်ဓါတ် ပေါ်မယ်

(အို ... ဟို ... ဟိုး)×6

ငါ့ရဲ့ကြမ်းတမ်းရုပ်သွင်ပြင်နဲ့

အပေါ်ယံ အရေပြားအောက်မှာ

အလွန်သိမ်မွေ့တဲ့ ကြည်လင်နုနယ်

နှလုံးသားတစ်ခုဟာတည်ရှိခဲ့

မင်းလေးမသိလို့ မုန်းချင်တာလား

အမှန်တွေကိုလေ မင်းသိအောင်

ဘယ်လို ငါဖော်ပြမလဲကွယ်

မနောအလှအပေါ်ယံမတွေ့ရ

အပေါ်ယံချိုတာတွေ

အများကြီးတွေ့တော့

ဆုံးဖြတ်ရခက်လို့နေမယ်

လူတွေကိုလေ စိတ်ထားသိအောင်

အနီးကပ်လေ့လာကြည့်ဦးကွယ်

လူဆိုတာဟာ အမြင်မှာခါးသီးလည်း

နှလုံးသားလေးတော့ ရိုးသားနိုင်တယ်

ဒါတွေကိုလေ မင်းသိအောင်

ငါရင်ဖွင့်ပြလိုက်ချင်တယ်...

ရင်ဖွင့်ပြလိုက်ချင်တယ်

ဝိုင်ဝိုင်း'dan Daha Fazlası

Tümünü Görlogo