menu-iconlogo
huatong
huatong
avatar

ကျွန်တော်မသိခြင်းများ

ဟန်ထူးလွင်huatong
shrubby50huatong
Şarkı Sözleri
Kayıtlar
ဘယ်လမ်းကိုမှ မင်းနဲ့တွဲပြီး

ကိုယ်မလျှောက်ဖူးဘူး

ဒါပေမယ့် ရင်ထဲမှာတော့ ခုထက်ထိတော့

နင်ရှိတုန်းဘဲ ငါမမေ့ဘူး

စံပယ်ပန်းတွေနဲ့ မင်းရဲ့အလှတို့

ပိုလှသွားဖို့ ငါမဆင်ဖူးဘူး

ငါတစ်ယောက်ကိုမှ လူမိုက်လို့ပြောလည်း

ခံရုံဘဲ ဒါအမှန်ဘဲ

မငြင်းပါဘူး

စုံတွဲတွေတိုင်း ရောက်ခဲ့ဖူးတဲ့

ကန်တော်ကြီးလည်း

ငါမရောက်ဖူးဘူး

စုံတွဲတွေတိုင်း

လျှောက်ခဲ့ဖူးတဲ့ ခရေပင်လမ်းလည်း

ငါမလျှောက်ဖူးဘူး

နင်ပေးလာတဲ့ ခံစားခွင့်များလည်း

နင်ကျေနပ်ဖို့ ငါမယူဖူးဘူး

ငါတစ်ယောက်ကိုမှ ငအ လို့ပြောလည်း

ခံရုံဘဲ ဒါအမှန်ဘဲ

ငါ့အပေါ်အမြင်စောင်းလဲ

သည်းခံလိုက်ကွယ်

ချစ်တယ်ဆိုတာ ငါမသိတယ်

မင်းယုံကြည်ထားတဲ့ အချစ်ဟာမှားတယ်

ပုစ္ဆာဆန်တဲ့ အချစ်မျိုးဘဲ

နားလည်သလိုလိုနဲ့ တို့ဖြေရှင်းရခက်တယ်

အချစ်ရယ်

ငါ့အပေါ်အမြင်စောင်းလဲ

သည်းခံလိုက်ကွယ်

ချစ်တယ်ဆိုတာ ငါမသိတယ်

မင်းယုံကြည်ထားတဲ့ အချစ်ဟာမှားတယ်

ပုစ္ဆာဆန်တဲ့ အချစ်မျိုးဘဲ

နားလည်သလိုလိုနဲ့ တို့ဖြေရှင်းရခက်တယ်

အချစ်ရယ်

ဟန်ထူးလွင်'dan Daha Fazlası

Tümünü Görlogo