menu-iconlogo
huatong
huatong
Şarkı Sözleri
Kayıtlar
" သီးသန့်ကမ္ဘာ "

ဆို ဟန်ထွန်း ဝိုင်းစုခိုင်သိန်း

မမြင်နိုင်တဲ့တံတိုင်းတွေ ကာဆီးလို့

မလိုသူတွေအမျိုမျိုး တိုက်ခိုက်လည်းလေ

ရင်ခွင်မှာ အချစ်တွေခိုင်မြဲဆဲ...

ဝေးသွားမယ့် အခြေအနေတွေ လုံးဝမတွေးရဲပါ...

အမြဲယုံကြည်ထား တို့နှစ်ယောက်ရဲ့အချစ်ဟာ

မပျက်ပြယ်နိုင်ပါဘူး အဆုံးထိပေါ့ချစ်သူ

အတူလက်တွဲ ထားမယ်နော်...

မင်းနဲ့အတူ မခွဲတမ်းချစ်မယ့်သူ...

တို့မဝေးဘူး... ဝိုး...

တို့နှစ်ယောက် သီးသန့်ကမ္ဘာထဲ

တစ်နေ့တော့ရောက်ရမယ်ဟေ့..

တို့မဝေးဘူး... ဝိုး...

အတူလက်တွဲ ထားကြမယ်

ဘယ်လိုအတားအဆီးရှိပါစေ မဝေးဘူး...

နေညိုရင်အလွမ်းတွေ ပိုရင့်လို့

ကြင်နာသူအနမ်းလေး တမ်းတမိတယ်...

ရေဆာသူတစ်ယောက်လို

မင်းကိုမျှော်လင့်လို့...

နေ့ရက်လ အချိန်တွေရယ်

ရှေ့သို့ တိုးလိုက်ချင်တယ်...

အမြဲယုံကြည်ထား တို့နှစ်ယောက်ရဲ့အချစ်ဟာ

မပျက်ပြယ်နိုင်ပါဘူး အဆုံးထိပေါ့ချစ်သူ

အတူလက်တွဲထားမယ်နော်...

မင်းနဲ့အတူမခွဲတမ်းချစ်မယ့်သူ...

တို့မဝေးဘူး... ဝိုး...

တို့နှစ်ယောက် သီးသန့်ကမ္ဘာထဲ

တစ်နေ့တော့ရောက်ရမယ်ဟေ့..

တို့မဝေးဘူး... ဝိုး...

အတူလက်တွဲ ထားကြမယ်

ဘယ်လိုအတားအဆီးရှိပါစေ မဝေးဘူး...

သီးသန့် ကမ္ဘာလေးထဲ...

ရင်ခုန်သံတွေ ညီစေမယ်...

တို့အချစ် ကမ္ဘာဆုံးထိ...

ရင်ခုန်သံတွေတည်စေမယ်... ဟေး...

တို့မဝေးဘူး... ဝိုး...

တို့နှစ်ယောက် သီးသန့်ကမ္ဘာထဲ

တစ်နေ့တော့ရောက်ရမယ်ဟေ့..

တို့မဝေးဘူး... ဝိုး...

အတူလက်တွဲ ထားကြမယ်

ဘယ်လိုအတားအဆီးရှိပါစေ

တို့မဝေးဘူး... ဝိုး...

တို့နှစ်ယောက် သီးသန့်ကမ္ဘာထဲ

တစ်နေ့တော့ရောက်ရမယ်ဟေ့..

တို့မဝေးဘူး... ဝိုး...

အတူလက်တွဲ ထားကြမယ်

ဘယ်လိုအတားအဆီးရှိပါစေ မဝေးဘူး...

မဝေးဘူး... ... ...

ဟန်ထွန်း/ဝိုင်းစုခိုင်သိန်း Han Tun/Wine Su Khing Thein'dan Daha Fazlası

Tümünü Görlogo