menu-iconlogo
huatong
huatong
avatar

တို့ဘဝသစ်နေ့

ဟန်ထွန်huatong
skatrgirlhuatong
Şarkı Sözleri
Kayıtlar
သီချင်း - တို့ဘဝသစ်နေ့

တေးဆို - ဟန်ထွန်း

လှိုင်းကြမ်းများ ဖြတ်ခဲ့ပြီးရင်

နောက်ထပ်ဘဝသစ် ဆီသို့လေ

ရောက်နိုင်ဖို့

နှလုံးသားလေးနဲ့ တွေးစဉ်းစားထား

ဒို့ခရီးဆက်ကြမယ် အရှေ့ကို

အမြဲတမ်း စိမ်းလန်းသွားမယ့်

အချစ်တွေ ပေးလိုက်ကြမယ်

နီးစပ်မှု ရိုးသားကြရင်

တို့လက်ဆက်သွယ်ထား

စမ်းချောင်းလေး စီးဆင်းခဲ့ပြီ

တို့ ဆုံရာကို

ဘဝနှစ်ခုတူလိုက်တော့မယ် ရပ်တည်စို့

တို့ဘဝသစ်နေ့ သတ်မှတ်လိုက်

စွန့်စားခွင့်နဲ့ ဘဝမဆုံးသေးဘူး

အို တို့နှစ်ယောက်အတွက်

အချစ်များက နှစ်သိမ့်တဲ့ဆု

ဒဏ်ရာနဲ့ ကြုံရတိုင်း ငါမငိုတော့ဘူး

မင်းပေးတဲ့ လက်တစ်စုံကို

ငါ့လက်နဲ့ ဆုပ်ကိုင်ရင်း ပြည့်စုံနေပြီ

ဟိုး အတိတ်ကဖြစ်ပျက်ခဲ့သမျှ

လွယ်လွယ်မေ့ပစ်လိုက် သတိရမနေနဲ့

တို့နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က

တို့ရဲ့ ဘဝအဖြေပဲ

မင်းနဲ့တို့ နွေးထွေးမှုတွေ

အားတစ်ခုဖြစ်စေခဲ့

စမ်းချောင်းလေး စီးဆင်းခဲ့သလို

တို့ ဆက်သွားစို့

ရပ်တည်မှုအလိုက်ဖက်ဆုံး အချစ်တွေမို့

တို့ဘဝသစ်နေ့ သတ်မှတ်လိုက်

ဒါတို့နှစ်ယောက်ရဲ့ရင်ထဲကအတိုင်း

ဒီရှေ့ဆက်ဖို့ ခွန်အားများ

ပေါင်းစပ်တဲ့နေ့

ပျော်စရာနဲ့ အိပ်မက်လမ်း ကြိုနေ

တို့ဘဝသစ်နေ့ သတ်မှတ်လိုက်

စွန့်စားခွင့်နဲ့ ဘဝမဆုံးသေးဘူး

အို တို့နှစ်ယောက်အတွက်

အချစ်များက နှစ်သိမ့်တဲ့ဆု

ဒဏ်ရာနဲ့ ကြုံရတိုင်း အားပေးမယ့်သူ

ဟန်ထွန်'dan Daha Fazlası

Tümünü Görlogo