menu-iconlogo
huatong
huatong
avatar

ဘာဖြစ်ဖြစ်

ဟန်ထွန်huatong
stellutibighuatong
Şarkı Sözleri
Kayıtlar
သီချင်း - ဘာဖြစ်ဖြစ်

တေးဆို - ဟန်ထွန်း ၊ သအို ၊ ဂျီလတ်

ဘာဖြစ်ဖြစ်ကွယ် ဘဝကတန်ဖိုးရှိတယ်

နေဖြစ်သလောက်တော့

လောကကြီးထဲ နေဖို့သင့်တယ်

သေပစ်လိုက်မယ် ဘာထူးသေးလဲ

ဒီလိုမင်းမတွေးနဲ့ မစဉ်းစားနဲ့

သူငယ်ချင်းရယ်

ဘယ်နေ့မှန်းလဲ ဘယ်သူမှမသိတယ်

လူတိုင်းတစ်နေ့တော့ လမ်းခွဲရမယ်

မထူးဆန်းတယ်

တကယ်တမ်းတွေးရင်

ဘဝဟာ အကုန်အမြတ်ကြီးပဲ

တစ်စက္ကန့်မှ မင်းမရှုံးဘူး

နေပျော်ပါတယ်

ဒီအမှောင်ထဲနေဖို့ အလင်းရှိမယ်

ဘဝအမောဖြေဖို့ အားပေးမယ့်

သံယောဇဉ်ရဲ့ အနွေးဓါတ်နဲ့

မေတ္တာရှိတယ်

ဒီအမှောင်ထဲနေဖို့ အလင်းရှိမယ်

ဘဝအမောဖြေဖို့ အားပေးမယ့်

သံယောဇဉ်ရဲ့ အနွေးဓါတ်နဲ့

မေတ္တာတရားရှိတယ်

ငါတို့မရှိတဲ့ တစ်ချိန်ကြတော့လဲ

ကမ္ဘာကြီးကတော့ မပြောင်းလဲဘူးကွယ်

အရင်အတိုင်းပဲ

လူအသစ်များနဲ့

အသက်ရှင်လည်ပတ်လိမ့်မယ်

မျှော်လင့်ချက်အသစ်

အသစ်တွေ အမြဲဆက်ရင်း

အိမ်မက်လိမ့်မယ်

ဒီအမှောင်ထဲနေဖို့ အလင်းရှိမယ်

ဘဝအမောဖြေဖို့ အားပေးမယ့်

လူသားဆန်တဲ့ နှလုံးသားရယ်

မေတ္တာရှိတယ်

ဒီအမှောင်ထဲနေဖို့ အလင်းရှိမယ်

ဘဝအမောဖြေဖို့ အားပေးမယ့်

သံယောဇဉ်ရဲ့ အနွေးဓါတ်နဲ့

မေတ္တာတရားရှိတယ်

ဘာဖြစ်ဖြစ်ကွယ်

ဘဝက တန်ဖိုးရှိတယ်

ဟန်ထွန်'dan Daha Fazlası

Tümünü Görlogo