menu-iconlogo
huatong
huatong
avatar

အမေ့အသည်းမှပြောသောစကား

ဟသာင်္တထွန်းရင်huatong
psugalhuatong
Şarkı Sözleri
Kayıtlar
အမေ့အသည်းမှပြောသောစကား

ဟသာင်္တထွန်းရင်

Introး

ရွှေရုပ်နဲ့နှိုင်း….လို့

ရွှေရုပ်ပင်ရိုင်း…မလားကွယ်

ရွှေ...လဝါနှိုင်းရင်

ရွှေလပင် ရိုင်းမလားကွယ်

ချစ်တဲ့သူအလှရယ်က

သာလိမ့်မယ်ထင်တယ်

သံယောဇဉ်သမား တစ်ဦးမှာကွယ်

သူ့အတွက်ဆိုရင်တကယ်

ဖြစ်လိုရာ ဖြစ်ပါစေကွယ်….

ရွှေရုပ်နဲ့နှိုင်း….လို့

ရွှေရုပ်ပင်ရိုင်း…မလားကွယ်

ရွှေ…လဝါနှိုင်းရင်

ရွှေလပင် ရိုင်းမလားကွယ်

ချစ်တဲ့သူအလှရယ်က

သာလိမ့်မယ်ထင်တယ်

သံယောဇဉ်သမား တစ်ဦးမှာကွယ်

သူ့အတွက်ဆိုရင်တကယ်

ဖြစ်လိုရာ ဖြစ်ပါစေကွယ်…

ကြင်နာမြတ်နိုးလွန်းလို့

အရိပ်တကြည့်ကြည့် သူ့ကိုသာကွယ်

မျက်နှာညိုမှာစိုးတယ်

နှစ်ယောက်သား မနီးရမှာ

ပူပန်တွေးတောရင်း သာရယ်

ချစ်သူဝေးသောအခါများ

မဖြစ်လိုပါပြီကွယ်

တစ်နေ့သော..အခါဝယ်

ချစ်တဲ့သူ အလှနွဲ့နှောင်းက

မောင်တကယ် ချစ်ရဲ့လားတဲ့ကွယ်

ချစ်စကားများ သက်သေထားစရာ

အခက်ကြီးကြုံ ရတက်မီးဟုန်ပွားကာ

ပြောရက်တဲ့ချစ်သူပျိုရယ်

မာတာမိခင်ကြီးရဲ့ အသည်းနှလုံးကိုမှ

သူကလိုချင်တယ်

ကြင်နာမြတ်နိုးလွန်းလို့

အရိပ်တကြည့်ကြည့် သူ့ကိုသာကွယ်

မျက်နှာညိုမှာ စိုးတယ်

နှစ်ယောက်သား မနီးရမှာ

ပူပန်တွေးတောရင်း သာရယ်

ချစ်သူဝေးသောအခါများ

မဖြစ်လိုပါပြီကွယ်

တစ်နေ့သော..အခါဝယ်

ချစ်တဲ့သူ အလှနွဲ့နှောင်းက

မောင်တကယ် ချစ်ရဲ့လားတဲ့ကွယ်

ချစ်စကားများ သက်သေထားစရာ

အခက်ကြီး ကြုံ ရတက်မီးဟုန်ပွားကာ

ပြောရက်တဲ့ချစ်သူပျိုရယ်

မာတာမိခင်ကြီး.ရဲ့ အသည်းနှလုံးကိုမှ

သူကလိုချင်တယ်

တမှိုင်မှိုင်တထွေထွေ

နေ့စဉ်ရက်ဆက်လွမ်း

မျိုလို့သာခဲရသည်း နောက်ကျိဗျာပွေဝယ်

မကြည့်ရက်မမြင်ရက်သူ

သားချစ်တဲ့မေမေက မေးလာတော့တယ်

သြော် အကြောင်းစုံသိလေသောခဏ

ခုမဆိုင်းပါ တုမနှိုင်းသာမေတ္တာများနဲ့ရယ်

ဓါးထက်ရင်ကိုခွဲ၍

သားချစ်သူကိုပေးစေကြောင်း

အသည်းနှလုံးကိုနှင်းကာ

ခန္ဓာစဲ၍မြေသို့လဲရှာတယ်…

တမှိုင်မှိုင်တထွေထွေ

နေ့စဉ်ရက်ဆက်လွမ်း

မျိုလို့သာခဲရသည်း နောက်ကျိဗျာပွေဝယ်

မကြည့်ရက်မမြင်ရက်သူ

သားချစ်တဲ့မေမေက မေးလာတော့တယ်

သြော် အကြောင်းစုံသိလေသောခဏ

ခုမဆိုင်းပါ တုမနှိုင်းသာမေတ္တာများနဲ့ရယ်

ဓါးထက်ထက်ရင်ကိုခွဲ၍

သားချစ်သူကိုပေးစေကြောင်း

အသည်းနှလုံးကိုနှင်းကာ ခန္ဓာစဲ၍

မြေသို့လဲရှာတယ်…

မွေးမေပေးသော အသည်းကိုယူကာ

ကလျာနွဲ့နှောင်းဆီ အပြေးလာခိုက်ဝယ်

ခရီးလမ်းမဗွေအလယ်

ခလုတ်ကန်သင်း တိုက်ကာလဲတယ်

အမေ့အသည်းနှလုံးလွင့်ကာ ကျတယ်

အသည်းနှလုံးက စကားပြောလာပြီကွယ်

သားလူလေး ဘယ်နားနာသွားသေးလဲ

သားမှားပြီ မှားပြီမေမေရဲ့

ချစ်ဇောတွေကြွယ်….

အချစ်ရေးကိုဦးစားပေးမိတယ်

ရင်းစာမရှိနိုင်သော

အန္တမေတ္တာစေတနာတွေရယ်

ဘယ်မှာရှာ၍ သြော် ရမှာလဲကွယ်

အမေ့သားဘဝရောင်ချာချာလည်

မွေးမေပေးသောအသည်းကိုယူကာ

ကလျာနွဲ့နှောင်းဆီ အပြေးလာခိုက်ဝယ်

ခရီးလမ်းမဗွေအလယ်

ခလုတ်ကန်သင်းတိုက်ကာ လဲတယ်

အမေ့အသည်းနှလုံးလွင့်ကာ ကျတယ်

အသည်းနှလုံးက စကားပြောလာပြီကွယ်

သားလူလေး ဘယ်နားနာသွားသေးလဲ

သားမှားပြီ မှားပြီမေမေရဲ့

ချစ်ဇောတွေကြွယ်….

အချစ်ရေးကိုဦးစားပေးမိတယ်

ရင်းစားမရှိနိုင်သော

အန္တမေတ္တာစေတနာတွေရယ်

ဘယ်မှာရှာ၍ သြော် ရမှာလဲကွယ်

အမေ့သားဘဝရောင်ချာချာလည်

ဦး...ခိုက်မဝနိုင်…တဲ့

အန္တဂိုဏ်းဝင် ကျေးဇူးရှင်..ရယ်

By AyeKyaw greentiger

ဟသာင်္တထွန်းရင်'dan Daha Fazlası

Tümünü Görlogo