menu-iconlogo
huatong
huatong
avatar

အလွမ်းများ

လေးဖြူhuatong
geoger4huatong
Şarkı Sözleri
Kayıtlar
အလွမ်းများ

နေညိုချိန်ရဲ့ လေညင်းလေး

သယ်ယူလာတဲ့ အမှောင်ရဲ့ည

သတိရမိတယ် မင်းနဲ့ငါ့အတိတ်ဟောင်း

အို ပင်လယ်ပြင်မှာ ရိုက်သောလှိုင်း

ခံနိုင်ရည်နဲ့ ဖြတ်သန်းတိုင်း

ဘဝရဲ့ လှိုင်းဒဏ်ကြားထဲ တို့ပျော်ခဲ့..

ရင်မှာ ဝမ်းနည်း

ခိုင်မာနေတဲ့ အချစ်ပျက်သုန်း..

တို့ ဝေးမယ့်အကြောင်းတွေ မရှိခဲ့

ယုံကြည်နေရင်းနဲ့ အဝေး..ဝေးပြီဟေ့....

ဘယ်ဆီကို ရောက်ရောက်..

ဘာတွေကို လုပ်လုပ်..

အတွေးထဲ အမြဲတမ်း မင်းဝင်နေ..တယ်..

ဒဏ်ရာတွေနဲ့ ည..

အို နာကျင်နေတဲ့ အချိန်တိုင်း...

ကိုယ်ဘယ်လိုမှ ဖြတ်သန်းမရနိုင်တဲ့..

အလွမ်းများ...

နေညို‌နေချိန်တွေ ငါကျောခိုင်း

အချိန်နာရီတွေ ငါမေ့လိုက်..

တို့ရှေ့ဆက်ရမယ့်

လမ်းများလည်း ပျောက်ဆုံး..

ဒီရာသီတွေသာ လည်ပတ်ခဲ့

ဘဝရဲ့ လှိုင်းဒဏ်တွေ့ရတိုင်း

အို မင်းမရှိတဲ့အခါ တမ်းတရင်းကြေကွဲ..

ရင်မှာ ဝမ်းနည်း

ခိုင်မာနေတဲ့ အချစ်ပျက်သုန်း..

တို့ ဝေးမယ့်အကြောင်းတွေ မရှိခဲ့

ယုံကြည်နေရင်းနဲ့ အဝေး..ဝေးပြီဟေ့...Bay..

ဘယ်ဆီကို ရောက်ရောက်..

ဘာတွေကို လုပ်လုပ်..

အတွေးထဲ အမြဲတမ်း မင်းဝင်နေ..တယ်..

ဒဏ်ရာတွေနဲ့ ည..

အို နာကျင်နေတဲ့ အချိန်တိုင်း...

ကိုယ်ဘယ်လိုမှ ဆက်ပြီးမရုန်းနိုင်တော့

ပြေးထွက်ခဲ့..

အတူတူလျှောက်ဖူးတဲ့ နေရာများ

မင်းရယ် တို့ရယ်..

ရင်မှာ ရူးသွပ်တဲ့ ညတိုင်း..

အိုး..Bay Bay..

အလွမ်းများ...

“သီချင်းလေးတွေ အမြဲတမ်း

ထည့်‌ပေးသွင်းမှာမို့

ဘယ်ဆီကို ရောက်ရောက်...

ဘာတွေကို လုပ်လုပ်...

အတွေးထဲ အမြဲတမ်း မင်းဝင်နေ..တယ်..

ဒဏ်ရာတွေနဲ့ ည...

အို နာကျင်နေတဲ့ အချိန်တိုင်း...

ကိုယ်ဘယ်လိုမှ ဆက်ပြီးမရုန်းနိုင်တော့

ပြေးထွက်ခဲ့..

အတူတူလျှောက်ဖူးတဲ့ နေရာများ

မင်းရယ် တို့ရယ်..

ရင်မှာ ရူးသွပ်တဲ့ ညတိုင်း..

အိုး..Bay Bay..

အလွမ်းများ....

Umm......အလွမ်းများ...

လေးဖြူ'dan Daha Fazlası

Tümünü Görlogo
လေးဖြူ, အလွမ်းများ - Sözleri ve Coverları