menu-iconlogo
huatong
huatong
avatar

တောင်းတဲ့ဆုနဲ့ ပြည့်ဝရစေသား

ဟေမာနေ၀င်/မီးမီးခဲhuatong
freskibonnhuatong
Şarkı Sözleri
Kayıtlar
စဉ်းစားရင်းတွေးရင်း

မေးခွန်းလေးတွေပေါ်လာ

စဉ်းစားပြီးကျွန်မရဲ့မေးခွန်းလေးဖြေပါ

မောင်…ဘာဖြစ်လို့ ချစ်တာလဲ

မောင်…ဘာကြောင့်မို့ ချစ်တာလဲ

မောင်…ဘယ်လောက်ထိချစ်မှာလဲ

ကျွန်မကမလှရင်ရော

တစ်သတ်လုံးပဲချစ်မှာလား

မောင်…ဘယ်တုန်းကချစ်တာလဲ

မောင်…ဘယ်ထိဆက်ချစ်နိုင်မလဲ

မောင်…တကယ်အပြည့်အ၀ချစ်ရဲ့ လား

ကျွန်မထက်လှသူနဲ့ တွေ့ သွားတော့

အချစ်လျော့မလား

စဉ်းစားရင်းတွေးရင်း

မေးခွန်းလေးတွေပေါ်လာ

စဉ်းစားပြီးကျွန်မရဲ့မေးခွန်းလေးဖြေပါ

စွန့် စားပြီးဆူးခက်နင်း

အချစ်ဆူးများပန်းပွင့်ခင်း

အိုယုံကြည်သလိုပဲ

မောင့်ဘက်ကချစ်မလား

ကျွန်မရဲ့ အချစ်ထက်

မောင့်ရဲ့ အချစ်ပိုပါစေ

ကျွန်မတောင်းတဲ့ဆုနဲ့ 

ပြည့်ဝရစေသား……

မောင်…ဘာဖြစ်လို့ ချစ်တာလဲ

မောင်…ဘာကြောင့်မို့ ချစ်တာလဲ

မောင်…ဘယ်လောက်ထိချစ်မှာလဲ

နှစ်လေးငါးခြောက်ဆယ်လောက်

တစ်ယောက်တည်းစွဲချစ်နိုင်မလား

မောင်….ဘယ်တုန်းကချစ်တာလဲ

မောင်…ဘယ်အထိဆက်ချစ်နိုင်မလဲ

မောင်…တကယ်အပြည့်အ၀ချစ်ရဲ့ လား

ဘ၀နဲ့တိုင်းတာပြီး

စိတ်မပြောင်းပဲချစ်ပါ့မလား

စဉ်းစားရင်းတွေးရင်း

မေးခွန်းလေးတွေပေါ်လာ

စဉ်းစားပြီးကျွန်မရဲ့မေးခွန်းလေးဖြေပါ

စွန့် စားပြီးဆူးခက်နင်း

အချစ်ဆူးများပန်းပွင့်ခင်း

အိုယုံကြည်သလိုပဲ

မောင့်ဘက်ကချစ်မလား

ကျွန်မရဲ့ အချစ်ထက်

မောင့်ရဲ့ အချစ်ပိုပါစေ

ကျွန်မတောင်းတဲ့ဆုနဲ့ 

ပြည့်ဝရစေသား…….

ခိုင်မြဲသော သံကြိုးများတောင်

ယုံကြည်ရန်ခက်လို့ …

မြင်ခွင့်မရတဲ့

အချစ်ကြိုးများကို

မောင်ပြန်စမ်းသပ်ကြည့်

စစ်ဆေးကြည့်ပေါ့

သေချာချည်ထားသလား

ချစ်ကြိုးများအားလုံး

မြဲစေ..ခိုင်စေသား…..

စဉ်းစားရင်းတွေးရင်း

မေးခွန်းလေးတွေပေါ်လာ

စဉ်းစားပြီးကျွန်မရဲ့မေးခွန်းလေးဖြေပါ

စွန့် စားပြီးဆူးခက်နင်း

အချစ်ဆူးများပန်းပွင့်ခင်း

အိုယုံကြည်သလိုပဲ

မောင့်ဘက်ကချစ်မလား

ကျွန်မရဲ့ အချစ်ထက်

မောင့်ရဲ့ အချစ်ပိုပါစေ

ကျွန်မတောင်းနဲ့ ဆုနဲ့ 

ပြည့်ဝရစေသား....

ကျွန်မရဲ့ အချစ်ထက်

မောင့်ရဲ့ အချစ်ပိုပါစေ

ကျွန်မတောင်းတဲ့ဆုနဲ့ 

ပြည့်ဝရစေသား…..

ကျွန်မရဲ့အချစ်ထက်

မောင့်ရဲ့ အချစ်ပိုပါစေ

ကျွန်မတောင်းတဲ့ ဆုနဲ့ 

ပြည့်ဝရစေသား….

(Enjoy the moment!)

ဟေမာနေ၀င်/မီးမီးခဲ'dan Daha Fazlası

Tümünü Görlogo