menu-iconlogo
huatong
huatong
avatar

နေရာတိုင်းမှာ

အေသင်ချိုဆွေhuatong
ayekyaw🙇[အူအူး]huatong
Şarkı Sözleri
Kayıtlar
နေရာတိုင်းမှာ

အေသင်ချိုဆွေ

အိုး အို အို

ရောင်နီကို ကြိုလင့်တဲ့ ပန်းကလေးတွေ

အချစ်ဆုံးရဲ့ အနံ့အသက်ကိုယူခဲ့ပြီ

နေဝင်ချိန်အိပ်တန်းတက်ငှက်ကလေးတွေ

အချစ်ဆုံးရဲ့ သတင်းစကားကို ဆောင်ခဲ့ပြီ

နေခြည်တွေခြုံလွမ်းတဲ့ မနက်ခင်းမှာ

အချစ်ဆုံးရဲ့အနွေးဓါတ်ကိုယူခဲ့ပြီ

လေပြည်ကလေး ဆော့ကစားတဲ့ ညချမ်းမှာ

အချစ်ဆုံးရဲ့ အထိအတွေ့ကို ပြန်ရပြီ

ဘယ်ဆီကို ရောက်လို့နေ

ဘယ်လောက်ပဲ ဝေးရပါစေ ဘယ်တော့မှ

အထီးကျန်မဆန်ခဲ့

ရင်ထဲက တမ်းတလိုက်ရုံကလေးနဲ့

ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်

လူတွေကကိုယ်တို့နှစ်ယောက်ခွဲရလို

အကုန်ဝိုင်းပြီး သနားကြသတဲ့

အချစ်ကလေးရယ်

ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ

ဘာတစ်ခုမှ မရှိတော့တာ မသိဘူးကွယ်

ဘယ်ဆီကို ရောက်လို့နေ

ဘယ်လောက်ပဲ ဝေးရပါစေ ဘယ်တော့မှ

အထီးကျန်မဆန်ခဲ့ ရင်ထဲက

တမ်းတလိုက်ရုံကလေးနဲ့

ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်

လူတွေကကိုယ်တို့နှစ်ယောက်ခွဲရလို

အကုန်ဝိုင်းပြီး သနားကြသတဲ့အချစ်ကလေးရယ်

ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ

ဘာတစ်ခုမှ မရှိတော့တာ မသိဘူးကွယ်

အိုး အို အို

ရောင်နီကို ကြိုလင့်တဲ့ ပန်းကလေးတွေ

အချစ်ဆုံးရဲ့အနံ့အသက်ကိုယူခဲ့ပြီ

နေဝင်ချိန်အိပ်တန်းတက်ငှက်ကလေးတွေ

အချစ်ဆုံးရဲ့ သတင်းစကားကို ဆောင်ခဲ့ပြီ

အေသင်ချိုဆွေ'dan Daha Fazlası

Tümünü Görlogo