menu-iconlogo
huatong
huatong
avatar

ကိုယ့်အချစ်ဒီဇင်ဘာ

အောင်ထက်huatong
sjlmeetmgrhuatong
Şarkı Sözleri
Kayıtlar
သီချင်း- ကိုယ့်အချစ်ဒီဇင်ဘာ

တေးဆို- အောင်ထက်

ဧပရယ်နွေဟာ သစ်ရွက်လေးတွေချွေချခဲ့

လေပြေခေါ်ရာရွက်ခြောက်ဘ၀ကိုလွင့်ပါးတယ်

အကြင်နာတွေကိုခြောက်သွေ့လွင့်ပါမှာစိုးလို့

ကိုယ့်ချစ်သူဟာနွေမဟုတ်ဘူး

ဂျူလိုင်ဆိုတဲ့မိုးက သည်းထန်ရွာလွန်းလို့

သာယာနေတဲ့နေ့ရက်တချို့ကို

ဖျက်ဆီးတယ် အကြင်နာတွေရေစီးထဲ

မျောပါမှာစိုးလို့ ကိုယ့်ချစ်သူဟာ

မိုးမဟုတ်ဘူး နွေကိုဆန်၀င်လာခဲ့တော့

ချစ်သူရေ အပူဒဏ်ကိုကာကွယ်နိုင်ဖို့

၀သန်ရာသီအကြင်နာမဲ့မိုးအောက်မှာလေ

အချိန်ကြာကြာကိုယ်မရပ်နိုင်လို့ ဒီဇင်ဘာ

ကိုယ့်အချစ်ဒီဇင်ဘာ အချိန်ခါမှီဒီရင်ခွင်ထဲ

ရောက်လာပါ ဒီဇင်ဘာ ဖြစ်တဲ့ ဒီဇင်ဘာ

ရင်ခွင်ကိုထာ၀စဉ်ခြုံလို့အေးစေပါ

မင်းရောက်မယ့်အချိန်ကို ကိုယ်တကယ်

မျော်လင့်လို့ ဆောင်းနဲ့နှင်းကိုအချစ်ဆုံးမို့

ဒီဇင်ဘာ ဒီဇင်ဘာ ကိုယ့်အချစ်ဒီဇင်ဘာ

ဧပရယ်နွေဟာ သစ်ရွက်လေးတွေချွေချခဲ့

လေပြေခေါ်ရာရွက်ခြောက်ဘ၀ကိုလွင့်ပါးတယ်

အကြင်နာတွေကိုခြောက်သွေ့လွင့်ပါမှာစိုးလို့

အို ကိုယ့်ချစ်သူဟာနွေမဟုတ်ဘူး

ဂျူလိုင်ဆိုတဲ့မိုးက သည်းထန်ရွာလွန်းလို့

သာယာနေတဲ့နေ့ရက်တချို့ကို

ဖျက်ဆီးတယ် အကြင်နာတွေရေစီးထဲ

မျောပါမှာစိုးလို့ အို ကိုယ့်ချစ်သူဟာ

မိုးမဟုတ်ဘူး နွေကိုဆန်၀င်လာခဲ့တော့

ချစ်သူရေ အပူဒဏ်ကိုကာကွယ်နိုင်ဖို့

၀သန်ရာသီအကြင်နာမဲ့မိုးအောက်မှာလေ

အချိန်ကြာကြာကိုယ်မရပ်နိုင်လို့ ဟိုး....

ဒီဇင်ဘာ ကိုယ့်အချစ်ဒီဇင်ဘာ

အချိန်ခါမှီဒီရင်ခွင်ထဲ ရောက်လာပါ

ဒီဇင်ဘာ ဖြစ်တဲ့ ဒီဇင်ဘာ

ရင်ခွင်ကိုထာ၀စဉ်ခြုံလို့အေးစေပါ

ဒီဇင်ဘာ ကိုယ့်အချစ်ဒီဇင်ဘာ

အချိန်ခါမှီဒီရင်ခွင်ထဲ ရောက်လာပါ

ဒီဇင်ဘာ ဖြစ်တဲ့ ဒီဇင်ဘာ

ရင်ခွင်ကိုထာ၀စဉ်ခြုံလို့အေးစေပါ

မင်းရောက်မယ့်အချိန်ကို ကိုယ်တကယ်

မျော်လင့်လို့ ဆောင်းနဲ့မင်းကိုအချစ်ဆုံးမို့

ဒီဇင်ဘာ ဒီဇင်ဘာ ကိုယ့်အချစ်ဒီဇင်ဘာ

အောင်ထက်'dan Daha Fazlası

Tümünü Görlogo