ဖြစ်ရပ်မှန်
ဆို- ၀ိုင်းစုခိုင်သိန်း
Intro: 5 sec
💌🐭🐭🐭🐭💌
ပြောလိုက်ပါ ငါဆိုတာက
သတ္တိနည်းတယ်လို့..
မင်းဘေးက ကြင်နာသူလောက်
အဖြစ်မရှိတဲ့သူလို့...
ဘုရားပေးတဲ့ ကံဆိုတာက
ငါ့အတွက် နည်းနေလို့..
ကြိုးစားသမျှ နည်းနည်းပဲရတယ်
💌🐭🐭🐭🐭💌
ငါ့ဘဝက မြေဆို
နင်က မိုးလောက် မြင့်နေလို့
မင်းသောက်တဲ့ကော်ဖီလိုမျိုး
အမြဲတမ်း ခါးနေလို့
လမ်းတဝက်မရောက်ခင်မှာ
နင်က အမျိုးမျိုးအပြစ်ရှာလို့
မင်းထားတဲ့နေရာမှာ နေရစ်ခဲ့တယ်
ငါ အဆင်ပြေပါတယ်
ငါ့ဘက်လှည့်မကြည့်နဲ့
ငါမျက်ရည်ကျ နေလည်း
ပြုံးထားပါတယ်
နင် အရမ်းချစ်ရတဲ့သူကိုလက်တွဲ
သိပ်ချစ်တတ်တဲ့ ငါ့ကို ထားခဲ့
💌🐭🐭🐭🐭💌
ငါ့ဘဝက နေဆို
နင်က နေ့ဘက်မထွက်ချင်လို့
နင့်ဘဝ လသာအောင်
ငါက မထားပေးခဲ့နိုင်လို့
လမ်းတဝက်မရောက်ခင်မှာ
နင်က အမျိုးမျိုး အပြစ်ရှာလို့
အလိုက်တသိနဲ့ ငါဟာ
ကျန်ရစ်ခဲ့တယ်
ငါ အဆင်ပြေပါတယ်
ငါ့ဘက်လှည့်မကြည့် .. နဲ့
ငါမျက်ရည်ကျနေလည်း
ပြုံးထားပါတယ်
နင် အရမ်းချစ်ရတဲ့သူကို လက်တွဲ
သိပ်ချစ်တတ်တဲ့ ငါ့ကို ထားခဲ့
💌🐭🐭🐭🐭💌
💌🐭🐭🐭💌
💌🐭🐭💌
💌🐭💌
ငါ အဆင်ပြေပါတယ်
ငါ့ဘက်လှည့်မကြည့်နဲ့
ငါမျက်ရည်ကျနေလည်း
ပြုံးထားပါတယ်
ငါ အဆင်ပြေပါတယ်
တခါတလေလည်း ဝမ်းနည်း
ငါ မျက်ရည်စတွေနဲ့
ပြုံးတတ်လာတယ်
နင် အရမ်းချစ်ရတဲ့သူကိုလက်တွဲ
သိပ်ချစ်တတ်တဲ့ ငါ့ကို ထားခဲ့
နင် အရမ်းချစ်ရတဲ့သူကိုလက်တွဲ
သိပ်ချစ်တတ်တဲ့ ငါ့ကို
ထား....ခဲ့..
💌🐭🐭🐭🐭💌
🐭ကျေးဇူးတင်ပါတယ်🐭
Uploaded By: 🐭Su Lei Win 🐭