menu-iconlogo
huatong
huatong
avatar

ကမ္ဘာငယ်လေး

နိုင်းဝမ်း/အိမ့်ချစ်huatong
🤓koHeiñ🇲🇲huatong
Şarkı Sözleri
Kayıtlar
ကမ္ဘာငယ်လေး (Original Version)

(နိုင်းဝမ်း ft. အိမ့်ချစ်)

(F) ကမ္ဘာမြေပြင်ပျက်သုဉ်းသွားပါစေကွယ်

မင်းအနားမှာအမြဲရှိနေမှာပါ

နာမည်လေးလှမ်းခေါ်နေဆဲ

ရင်ထဲကလွမ်းသူကို

မင်းအနားမှာ

ကိုယ်တကယ်ကိုဖြည့်ဆည်းပေးသူ

အဖြစ်နဲ့နေချင်လို့

ရင်မှာလွမ်းတဲ့နေ့တွေ အဆုံးသတ်ပေးပါကွာ

ကိုယ့်ရဲ့ကမ္ဘာငယ်လေး

(M) မင်းတစ်ယောက်ပဲချစ်တယ်

နင်သာငါ့ရဲ့ကမ္ဘာငယ်လေးမို့

တစ်ခုပဲငါသိတယ်

ငါ့အချစ်တွေနဲ့အကာအကွယ်ပေးလို့

အမြဲတမ်းမင်းပျော်စေချင်တယ်

ဆိုတဲ့စိတ်ပဲ ငါထည့်တွေးလို့

ခွဲမသွားနဲ့ငါ့ရဲ့အဝေးကို

မင်းအကြောင်းတွေ သီချင်းအဖြစ်နဲ့

စာဖွဲ့ရေးလိုမမှီလောက်တော့ဘူး

တကယ်ပြောတာအတည် မနောက်တော့ဘူး

ဒီအကြောင်းတွေနောက်ထပ်ပြော

ငါ့သူငယ်ချင်းတွေလဲ မရယ်လောက်တော့ဘူး

အိမ်ပြန်ချိန်ငါ့ရဲ့ ပုခုံးပေါ်

မင်းရဲ့ခေါင်းလေးမှီလျှောက်တော့အခု

အဲဒီညတွေ စဉ်းစားရင်းနဲ့ပဲ

ဒီတစ်ယောက်တော့ရူး

ဒီတစ်ခေါက်တကယ်ရူးတယ်

ငါ့အတွက်ကျတော့ ဘာဆက်ထူးမလဲ

မင်းရှိရင်ဖြစ်တဲ့စိတ်နဲ့ တိမ်တွေပေါ်အထိ

ငါတက်ကူးတယ်

ငါချစ်တဲ့မင်းရဲ့ နှုတ်ခမ်း

ငါမြတ်နိုးတဲ့ မင်းရဲ့အပြုံးလဲ

မင်းအသိဆုံးပါ

ဘယ်သူကငါ့လောက်အချစ်ခဲ့ဆုံးလဲ

မင်းမကြိုက်တာမလုပ်ဘူးတခါတလေ

လူတွေအထင်လွဲတာ

ရင်ထဲကချစ်တဲ့စိတ်ကို

ဘယ်သူတွေမြင်မလဲကွာ

အချိန်ရှိတိုင်းမင်းရဲ့အနားပဲ

အတူနေချင်ခဲ့တာ

မင်းအတွက်ဆိုအိပ်မက်ကအစ

ဖြူစင်နေဆဲပါ

(F) ကမ္ဘာမြေပြင်ပျက်သုဉ်းသွားပါစေကွယ်

မင်းအနားမှာအမြဲရှိနေမှာပါ

နာမည်လေးလှမ်းခေါ်နေဆဲ

ရင်ထဲကလွမ်းသူကို

မင်းအနားမှာ

ကိုယ်တကယ်ကိုဖြည့်ဆည်းပေးသူ

အဖြစ်နဲ့နေချင်လို့

ရင်မှာလွမ်းတဲ့နေ့တွေ အဆုံးသတ်ပေးပါကွာ

ကိုယ့်ရဲ့ကမ္ဘာငယ်လေး

(M)သတိရတိုင်းမခေါ်ဘဲသွားပြီး

အပျော်မဆုံးတတ်သည့်ကလေးကို

ငါဖုန်းဆက်ကြည့်သေးတယ်

အဲဒီအပေါ်ဆုံးထပ်ထိငေးလို့

ဘာဖြစ်ဖြစ်ငါ့ရဲ့အနားနား

မင်းရှိရင်ငါစိတ်ချမ်းသာတယ်

မင်းမပြုံးရင်မနေနိုင်ပါဘူး

အရင်ရည်းစားတွေသိပ်မလွမ်းပါနဲ့

မင်းစိတ်အတိုင်းငါဖြစ်နေတယ်

ဘာထပ်လိုသေးလဲ

ငါတို့နှစ်ယောက်တွေ့တဲ့အချိန်တိုင်း

အနာဂတ်ကိုတွေးမယ်

ညဘက်တိုင်းမင်းအကြောင်းတွေပဲ

ကဗျာစပ်လို့ရေးခဲ့

တခြားလူတွေမင်းကိုချစ်နေကြတာထက်

ပို သေးတယ်

အသွေးအသားနဲ့ရေးထားတဲ့တေးများလဲ

မင်းမကြားလောက်ခဲ့ပါ

ဘေးစကားလဲတွေးမထားဘဲ မင်းအနားပဲ

အပြေးအလွှားရောက်တဲ့ငါ့ကို

စိတ်မပျက်ပါနဲ့ ကြိုနေပေးပါ

မင်းကအပြုံးနဲ့

ငါ့အတွက်တော့ မင်းက တစ်

မင်းက နှစ် ပြီးတော့

မင်းက သုံးပဲ

မင်းကအချစ်ဆုံးပဲ အဲဒီတစ်ချက်ဖြစ်

မုန်းမသွားလို့

ဟိုအရင်လိုမင်းရဲ့စိတ်က

ဆက်ချစ်ဦးမလားလို့

မင်းအနားကငါ့အရိပ်တွေလဲ

မရပ်ပစ် ရုန်းမရလို့

သတိရတိုင်းထွက်ကြည့်ပေးပါ

မင်းအိမ်ရှေ့က Public ဖုန်းနားကို

(F) ကမ္ဘာမြေပြင်ပျက်သုဉ်းသွားပါစေကွယ်

မင်းအနားမှာအမြဲရှိနေမှာပါ

နာမည်လေးလှမ်းခေါ်နေဆဲ

ရင်ထဲကလွမ်းသူကို

မင်းအနားမှာ

ကိုယ်တကယ်ကိုဖြည့်ဆည်းပေးသူ

အဖြစ်နဲ့နေချင်လို့

ရင်မှာလွမ်းတဲ့နေ့တွေ အဆုံးသတ်ပေးပါကွာ

ကိုယ့်ရဲ့ကမ္ဘာငယ်လေး