menu-iconlogo
huatong
huatong
avatar

ခင်

Adjustorhuatong
murdochxhuatong
Şarkı Sözleri
Kayıtlar
သီချင်း : ခင်

တေးဆို : Adjustor

ဝတိံဘုံဖျားထက်အလွှာ ကျသလားလို့မေးချင်တယ်

ယဉ်လွန်းတဲ့သူမို့ကွယ် ဪခင်ရယ်

ပန်းလေးတွေကြွေကျတဲ့

လမ်းထက်မှာခင်လျှောက်သွားရင်ငေးကျန်ရတယ်

ဒီမောင်မှာမလွယ်ဘူး ဒီသီချင်းလေးတွေရူးရူးမူးမူး

မောင်စွဲလန်းတဲ့ခင်နားဆင်ဖို့ရာ

ခင့်အိမ်ရှေ့မာရွှေနားတော်သွင်းမဲ့

ချစ်ခြင်းစကားများဖွဲ့သီကာမောင်ဆိုပြမယ်နော်

လေသာဆောင်ထက်က ငေးနေမလား

ရွှေသလွန်တော်ပေါ်မှာပဲ မှေးနေမလား

ပီသကြည်မြစွာကြားရစေ့မယ်

ခင်နားလည်ပါစာနာလို့ပေးလိုက်ပါ

ကဗျာစာတို့ထွေးပိုက်ကာအရာရာအကုန်

ခင်ခင်ပျိုလေးအကြိုက်ပါ

ပုန်းညက် ယင်းမာ မြတ်လေး စံပယ်လိုရနံတွေလှိုင်တယ်

ခင့်ဂုဏ်သတင်းလေးများ

တခြားသူခူးဆွတ်သွားမှာ

ကြောက်တာအမှန်ပဲ မောင့်ရင်ခွင်မှာ

တစ်နေရာစာ ခင့်တစ်ယောက်

အတွက်ရည်စူးကြံရွယ်

သေသေချာဆုံးဖြတ်ထားတယ်

အသဲမှာစွဲတဲ့ ခင်ခင်ပျိုကိုအလိုလိုက်ပေးပါ့မယ်

ရှေးဘဝကရေစက်များဖြစ်လေမလားခင်ရယ်

တစ်နေ့မှမတွေ့ရင်ရူးလောက်အောင်ပါပဲကွယ်

ဇာတာကံစန်းထလို့ရယ် ဘယ်တော့များနီးရမယ်

ရာသီအချိန်တွေပြောင်းနှောင်းခဲ့သော်လည်း

ခင့်အပေါ်ဝယ်တိုးချစ်ခဲ့တယ်

ပျားပိတုန်းများဝဲတာမလိုချင်ဘူးကွယ်

ဒီသီချင်းလေး ခင် ကြားသိပါတော့ကွယ်

လေသာဆောင်ထက်ကငေးနေမလား

ရွှေသလွန်တော်ပေါ်မှာပဲ မှေးနေမလား

ပီသကြည်မြစွာ ကြားရစေ့မယ်

ခင်နားလည်ပါ စာနာလို့ပေးလိုက်ပါ

ကဗျာစာတို့ထွေးပိုက်ကာ အရာရာအကုန်

ခင်ခင်ပျိုလေးအကြိုက်ပါ

ပုန်းညက် ယင်းမာ မြတ်လေး စံပယ်လို ရနံ့တွေလှိုင်တယ်

ခင့်ဂုဏ်သတင်းလေးများ တခြားသူ ခူးဆွတ်သွားမှာ

ကြောက်တာအမှန်ပဲ

မောင့်ရင်ခွင်မှာတစ်နေရာစာ

ခင့်တစ်ယောက်အတွက်ရည်စူးကြံရွယ်

သေသေချာဆုံးဖြတ်ထားတယ်အသဲမှာစွဲတဲ့

ခင်ခင်ပျိုကိုအလိုလိုက်ပေးပါ့မယ်

အသဲမှာစွဲတဲ့ ခင်ခင်ပျိုကိုအလိုလိုက်ပေးပါ့မယ်

Adjustor'dan Daha Fazlası

Tümünü Görlogo

Beğenebilirsin