သီချင်း : ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ 
တေးဆို : ဗညားဟန် 
မိုးကုတ် စက်၀ိုင်းအောက်မှာ 
ခါဦး မိုးတို့ အကြိမ်ကြိမ်ပြို 
ဝါဆို ၀ဿ     န်မိုးသည်းရင် ငိုမိတယ် 
တို့နှစ်ယောက် အတူဖူးခဲ့တဲ့ 
ကျိုက်ထီးရိုးဘုရား ဆံတော်ရှင် 
စေတီမှာ တို့ တစ်နှစ်တစ်ခါဆုတောင်းတယ် 
လွမ်းဆွေးခြင်း၀ဋ် တပည့်တော် ကျေပါရစေ 
သမုဒယချစ်ခြင်းဖွဲ့နှောင် 
ဒီမိုးသည်းထဲ အတူတူပျော် 
ရင်ခုန်ခဲ့သော လဝါဆို မိုးရယ် 
မိုးရိပ်မြင်တိုင်းလွမ်းတယ် 
ရာမညတိုင်းဆီ ပြန်လာပါ 
မကြင်နာ လှည့်စား ပစ်ခွာ သူကြီးရယ် 
မိုးသည်းတိုင်း တို့ လွမ်းနေပါဦးမယ် 
မှိုင်ညှို့ရီမှောင် အနောက်တောင်ဆီမှာ 
မိုးများ ခြိမ်းတဲ့ အသံ 
ရင်ခုန် စည်းချက် မိုးသံစဉ်တေးထင် 
လမြတ်ဝါဆို ပန်းတွေစုံညီ 
မိုးထဲဖူးပွင့်ချိန် 
ပြန်လာခဲ့မယ် ပြောတဲ့သူကြီးရေ 
မိုးလောက် မင်းက သစ္စာ မရှိဘူးလေ 
လွမ်းရိပ် ရင်ထဲမင်းမူချစ်ဖူးခဲ့သမျှ ဒဏ္႑ာရီ 
လွန်လေခဲ့သော မိုးရာသီ တစ်နေ့မှာ 
ချစ်လျက် စွန့်သွားခဲ့သူခါဦး မိုးစက် မကြွေခင်မှာ 
မွန် ပြည်နယ်သို့ ရောက်အောင် ပြန်ခဲ့မယ် 
သူ့စကားသံလေး ယနေ့တိုင် ပြန်ကြားယောင် 
မိုးကုတ် စက်၀ိုင်းအောက်မှာ 
ခါဦး မိုးတို့ အကြိမ်ကြိမ်ပြို 
ဝါဆို ၀ဿ     န်မိုးသည်းရင် ငိုမိတယ် 
တို့နှစ်ယောက် အတူဖူးခဲ့တဲ့ 
ကျိုက်ထီးရိုးဘုရား ဆံတော်ရှင် 
စေတီမှာတို့တစ်နှစ်တစ်ခါဆုတောင်းတယ် 
လွမ်းဆွေးခြင်း၀ဋ် တပည့်တော် ကျေပါရစေ 
သမုဒယချစ်ခြင်းဖွဲ့နှောင် 
ဒီမိုးသည်းထဲ အတူတူပျော် 
ရင်ခုန်ခဲ့သော လဝါဆို မိုးရယ် 
မိုးရိပ်မြင်တိုင်းလွမ်းတယ် 
ရာမညတိုင်းဆီ ပြန်လာပါ 
မကြင်နာ လှည့်စား ပစ်ခွာသူကြီးရယ် 
မိုးသည်းတိုင်းတို့ လွမ်းနေပါဦးမယ် 
မှိုင်းညှို့ရီမှောင် အနောက်တောင်ဆီမှာ 
မိုးများခြိမ်းတဲ့အသံ 
ရင်ခုန်စည်းချက် မိုးသံစဉ်တေးထင် 
လမြတ်ဝါဆို ပန်းတွေစုံညီ 
မိုးထဲဖူးပွင့်ချိန် 
ပြန်လာခဲ့မယ် ပြောတဲ့သူကြီးရေ 
မိုးလောက် မင်းက သစ္စာ မရှိဘူးလေ 
လွမ်းရိပ် ရင်ထဲမင်းမူချစ်ဖူးခဲ့သမျှ ဒဏ္႑ာရီ 
လွန်လေခဲ့သော မိုးရာသီ တစ်နေ့မှာ 
ချစ်လျက် စွန့်သွားခဲ့သူ 
ခါဦး မိုးစက် မကြွေခင်မှာ 
မွန် ပြည်နယ်သို့ ရောက်အောင် ပြန်ခဲ့မယ် 
သူ့စကားသံလေး ယနေ့တိုင် ပြန်ကြားယောင်