သီချင်း - မေ့ထားလိုက် 
တေးဆို - Big Bag 
မင်း ဖြစ်ချင်တာနဲ့ 
ငါ့အဖြစ်တွေ မတူတဲ့အခါ 
လောကဟာ 
တစ်ဖက်သက်ကျနေလား 
ရှေ့ဆက်ရန်နဲ့ 
နောက်ဆုတ်ရန်ချိန်တဲ့အခါ 
အမှတ်တရဟာ 
အတားအဆီးဖြစ်နေလား 
ဆုံနိုင်ရန် မဖြစ်တော့လျှင် 
အထီးကျန်သူမျက်ရည် 
ကမ္ဘာမြေကို ဖုံးလွှမ်းသွားနိုင်လား 
အတင်းပြတ်သားနိုင်တဲ့ 
ဒီခွန်အားမျိုးတွေ 
ငါ့ရင်ထဲခြစ်ယူလို့ နေပြီပဲ 
မင်းစိတ်ချမ်းသာဖို့ 
ငါ့ရင်တွေကွဲပါစေ 
ခြားနားလို့နေတဲ့ 
ကံကြမ္မာတွေ 
အချစ်ရေမေ့ထားလိုက် 
ငါ့ကိုမေ့လိုက်တော့လေ 
အချစ်ရေမေ့ထားလိုက် 
ငါ့ကိုမေ့လိုက်တော့လေ 
အချစ်ရေမေ့ထားလိုက် 
မေ့ထားလိုက်အချစ်လေး 
မေ့လိုက်တော့လေ 
မေ့လိုက်တော့လေ 
မေ့လိုက်တော့လေ 
ချစ်တတ်သူငါနဲ့ 
ကစားတတ်သူကြုံတဲ့အခါ 
ရယ်စရာဟာ 
ငါ့အဖြစ်အပျက်တွေလား 
ရက်စက်သူနဲ့ 
နောက်တစ်ခေါက်ပြန်ဆုံတဲ့အခါ 
ဒဏ်ရာတွေ 
နောက်တစ်ခုအသစ်ဖြစ်သွား 
ဆုံနိုင်ရန် မဖြစ်တော့လျှင် 
အထီးကျန်သူမျက်ရည် 
ကမ္ဘာမြေကို ဖုံးလွှမ်းသွားနိုင်လား 
အတင်းပြတ်သားနိုင်တဲ့ 
ဒီခွန်အားမျိုးတွေ 
ငါ့ရင်ထဲခြစ်ယူလို့ နေပြီပဲ 
မင်းစိတ်ချမ်းသာဖို့ 
ငါ့ရင်တွေကွဲပါစေ 
ခြားနားလို့နေတဲ့ 
ကံကြမ္မာတွေ 
အချစ်ရေမေ့ထားလိုက် 
ငါ့ကိုမေ့လိုက်တော့လေ 
အချစ်ရေမေ့ထားလိုက် 
ငါ့ကိုမချစ်နဲ့တော့လေ 
အချစ်ရေမေ့ထားလိုက် 
မေ့ထားလိုက်အချစ်လေး 
မေ့လိုက်တော့လေ 
မေ့လိုက်တော့လေ 
မေ့လိုက်တော့လေ