menu-iconlogo
huatong
huatong
avatar

ရွှေသဇင်

ဗညားဟန္huatong
moniquita2004_6huatong
Şarkı Sözleri
Kayıtlar
ရွှေသဇင်

️ဗညားဟန်

ခေါင်းကလေးမော့လို့တစ်ချက်ကြည့်မိခိုက်ဝယ်

အလှမ်းဝေးဝေးက ပန်းလေးတစ်ခက်ကို

ကိုလေမြင်ပါတယ် နန်းမြင့်တင့်တင့်

ဝင့်ဝင့်ကြွားမို့ချူရေးကတော့မလွယ်

တော်ဝင်သူရေငဲ့ညှာမှာလားဟယ်

ရွှေသဇင်ရယ်

အမြင့်ပန်းမို့မင်းကဝင့်ဝါသလားကွယ်

ရွှေသဇင်ရယ်

အပင်အောက်ကိုငုံ့လို့ကြည့်ပါအုံးဟယ်

မြေပြင်ဆိုတာမင်းနဲ့မနီးပေမယ့်လဲ

ပြောလိုက်မယ် ကိုယ်လိုလူသာမင်းအတွက်

အကောင်းနိုင်ဆုံးပါကွယ် ရွှေသဇင်ရယ်

ခေါင်းကလေးစောင်းငဲ့ မင်းကပြုံးအပြဝယ်

စိုးရွံ့ကြိတ်မှိတ်တိတ်တိတ်သဲ့သဲ့

ရင်တွေခုန်လာတယ်

အရိပ်တကြည့်ကြည့်နဲ့ မနမ်းရက်မထိရက်

ကိုယ်အလှကြည့်ထားမယ်

တော်ဝင်သူရယ်ချစ်နိုင်မှာလားဟယ်

ရွှေသဇင်ရယ်

အမြင့်ပန်းမို့မင်းကဝင့်ဝါသလားကွယ်

ရွှေသဇင်ရယ်

အပင်အောက်ကိုငုံ့လို့ကြည့်ပါအုံးဟယ်

မြေပြင်ဆိုတာမင်းနဲ့မနီးပေမယ့်လဲ

ပြောလိုက်မယ် ကိုယ်လိုလူသာမင်းအတွက်

အကောင်းနိုင်ဆုံးပါကွယ် ရွှေသဇင်ရယ်

ရွှေသဇင်ရယ်

အမြင့်ပန်းမို့မင်းကဝင့်ဝါသလားကွယ်

ရွှေသဇင်ရယ်

အပင်အောက်ကိုငုံ့လို့ကြည့်ပါအုံးဟယ်

မြေပြင်ဆိုတာမင်းနဲ့မနီးပေမယ့်လဲ

ပြောလိုက်မယ် ကိုယ်လိုလူသာမင်းအတွက်

အကောင်းနိုင်ဆုံးပါကွယ် ရွှေသဇင်ရယ်

ခေါင်းကလေးစောင်းငဲ့ မင်းကပြုံးအပြဝယ်

စိုးရွံ့ကြိတ်မှိတ်တိတ်တိတ်သဲ့သဲ့

ရင်တွေခုန်လာတယ် အရိပ်တကြည့်ကြည့်နဲ့

မနမ်းရက်မထိရက်ကိုယ်အလှကြည့်ထားမယ်

တော်ဝင်သူရယ်ချစ်နိုင်မှာလားဟယ်

ရွှေသဇင်ရယ်

အမြင့်ပန်းမို့မင်းကဝင့်ဝါသလားကွယ်

ရွှေသဇင်ရယ်

အပင်အောက်ကိုငုံ့လို့ကြည့်ပါအုံးဟယ်

မြေပြင်ဆိုတာမင်းနဲ့မနီးပေမယ့်လဲ

ပြောလိုက်မယ် ကိုယ်လိုလူသာမင်းအတွက်

အကောင်းနိုင်ဆုံးပါကွယ် ရွှေသဇင်ရယ်

ဗညားဟန္'dan Daha Fazlası

Tümünü Görlogo