menu-iconlogo
huatong
huatong
avatar

ချစ်သောမောမြေ

ChanMyae MgChohuatong
oneshiningbeautyhuatong
Şarkı Sözleri
Kayıtlar
သီချင်း - ချစ်သောမောမြေ

တေးဆို - ချမ်းမြေ့မောင်ချို

အဝေးကနေရုံနဲ့ ရင်ထဲအေးပြီကွယ်

လွမ်းမောဖွယ်တောင်တန်းကြီး အလှရယ်

ဆောင်းလေသူအေး တစ်ချက်လေးအဝေးဝယ်

အရောက်ပြန်ချင်လဲ တားဆီးမရတဲ့

မိုးသားပြာပြာနဲ့ တောင်တန်းကြီးတွေရယ်

စွဲလမ်းစရာ ပန်းချီကားလေး တစ်ချပ်ကွယ်

အမြဲအချိန်အခါမရွေး အစဉ်အေးချမ်းတဲ့မြေ

ပျော်ရွှင်စရာ ရှမ်းတို့ဌာနေ

ချမ်းတဲ့မောမြေ ချစ်သောရှမ်းတို့မြေ

ဘုံစည်သံလေး ပညာတွေပေး

အို မောမြေ ချစ်သောရှမ်းတို့မြေ

ရင်မှာ ကြည်အေး ကြိုနေမယ်လေ

အလှတရာများ ရှုမျှော်ကြ

သဘာဝကျ တို့တွေဘဝ

ချစ်ခြင်းနဲ့ လိုက်ဆိုကြ

နောင် ပေ နောင် ပါ့ ဗျ

နားထဲမှာ ချိုကဲ အသံဝဲလေးတွေနဲ့

ရဲလို့ နီပါးမို့မို့ချစ်စဖွယ်

တစ်သက်စာ ရင်ထဲ မမေ့ဘူးချစ်မယ်

မောမြေဆီက အချစ်တို့ ဆန်းကြယ်

အမှတ်တရ နေရာလေး ဆုံးလွန်းလှပါတယ်

ရောက်ခဲ့ရင် အတူသွားကြစို့ကွယ်

မိုင်ဆွန်ခ နှုတ်ခွန်းဆက်ပါရစေ

ပျော်ရွှင်စရာ ရှမ်းတို့ဌာနေ

ချမ်းတဲ့မောမြေ ချစ်သောရှမ်းတို့မြေ

ဘုံစည်သံလေး ပညာတွေပေး

အို မောမြေ ချစ်သောရှမ်းတို့မြေ

ရင်မှာ ကြည်အေး ကြိုနေမယ်လေ

အလှတရာများ ရှုမျှော်ကြ

သဘာဝကျ တို့တွေဘဝ

ချစ်ခြင်းနဲ့ လိုက်ဆိုကြ

နောင် ပေ နောင် ပါ့ ဗျ

မောမြေ ချစ်သောရှမ်းတို့မြေ

ဘုံစည်သံလေး ပညာတွေပေး

အို မောမြေ ချစ်သောရှမ်းတို့မြေ

ရင်မှာ ကြည်အေး ကြိုနေမယ်လေ

အလှတရာများ ရှုမျှော်ကြ

သဘာဝကျ တို့တွေဘဝ

ချစ်ခြင်းနဲ့ လိုက်ဆိုကြ

နောင် ပေ နောင် ပါ့ ဗျ

ChanMyae MgCho'dan Daha Fazlası

Tümünü Görlogo