menu-iconlogo
huatong
huatong
Şarkı Sözleri
Kayıtlar
သီချင်း - King

တေးဆို - ချမ်းမြေ့မောင်ချို

မချစ်တတ်လို့မုန်းရလောက်အောင် စက်ရုပ်မဟုတ်ဘူး

ကျောင်းဝင်းတစ်ခုလုံးမှာ မင်းသတင်းတွေမွှေးကာ

မိန်းကလေးများစွဲလန်းကြတာ အပြစ်တော့မဟုတ်ဘူး

ပခုံးကလေးတွေတွန့်ကာ အဝေးကနေ crush

အနားနားထိရောက်လို့သွားရင် မကြာခင်အဆိပ်တက်

You ဘယ်လိုတွေ ဆရာကျတယ်

ငါ့ဘေးနားတစ်လှမ်းချင်းတိုးတာ မသိလို့မဟုတ်ဘူး

မပက်သက်ချင်လို့ပါ ချစ်မိမှာစိုးတာ

အသဲကွဲဖို့အသင့်ဖြစ်တဲ့အခါ အဝေးကသာရူး

မင်းရှေ့မှာမုန်းဟန်ဆောင်ကာ တိတ်တဆိတ်ငါ crush

အနားနားထိရောက်လာတော့ တကယ်ကိုသွေးပျက်

ကြွေပါတယ် အချစ်ရယ်

ပညာအစုံ မာယာတွေဟာတစ်သိန်းနဲ့ဆယ့်ရှစ်ရက်

ကျော့ကွင်းထဲမိတဲ့သားကောင်လို ရုန်းဖို့ခက်နေတယ်

သူ့အပြုံးတွေ သူ့အပြောတွေ

ရှောင်လွဲမရ စိတ်လှုပ်ရှား နှလုံသွေးများလည်းရပ်

ရင်ခုန်သံတွေမြန်မြန်လာတယ်

ကြွေပါတယ် အချစ်ရယ်

ဟေ့

မင်းကစားဖို့ ငါ့ရဲ့အချစ်ကိုလည်းမပေးနိုင်ဘူး

မပက်သက်ချင်လို့ပါ ချစ်မိမှာစိုး

မိန်းကလေးတိုင်းစွဲလန်းကြတာ အပြစ်တော့မဟုတ်ဘူး

အိပ်မက်တွေထဲမှာ

ငါဘာကိုဘယ်သူမှမသိအောင် ရူး .. ရူး .. ရူး .. ရူး .. ရူး

လွှတ်မြောက်ခွင့် ငါ့အတွက်ပေးပါ

မင်းနံပါတ်စဉ်တွေထဲ

အားလုံးကစောင့်ကြည့်ကြတယ် မင်းနဲ့ငါ့ဇာတ်လမ်းမှာ

မေ့မရပြီဆိုပေမယ့် ချစ်ခဲ့တာဆိုပေမယ့်လည်း

ကြွေပါတယ် အချစ်ရယ်

ပညာအစုံ မာယာတွေဟာတစ်သိန်းနဲ့ဆယ့်ရှစ်ရက်

ကျော့ကွင်းထဲမိတဲ့သားကောင်လို ရုန်းဖို့ခက်နေတယ်

သူ့အပြုံးတွေ သူ့အပြောတွေ

ရှောင်လွဲမရ စိတ်လှုပ်ရှား နှလုံသွေးများလည်းရပ်

ရင်ခုန်သံတွေမြန်မြန်လာတယ် ဟေ့

ကြွေပါတယ် အချစ်ရယ် ဟေး .. ရေး

ကြွေပါတယ် အချစ်ရယ်

ကြွေနေပြီ အချစ်လေး

ကြွေပါတယ် အချစ်လေး ဟေး .. ရေး

ကြွေပါတယ် အချစ်ရယ်

ကြွေပါပြီ် အချစ်ရယ်

ChanMyae MgCho'dan Daha Fazlası

Tümünü Görlogo

Beğenebilirsin

ChanMyae MgCho, King - Sözleri ve Coverları