menu-iconlogo
huatong
huatong
doublej-no-more-cover-image

No More

DoubleJhuatong
sebastien.bertolo03 yükledi
သီချင်း း No More

တေးဆို း DoubleJ

တဖြေးဖြေးနဲ့မှေးမှိန်သွားတဲ့ ဒို့နှစ်ယောက်ရဲ ့အနာဂတ်ကမ္ဘာ

ဘာမှမရှိတဲ့လက်ကိုတွဲကာ

ဘဝရဲ ့ခရီးကိုအတူလျှောက်ရဲလား

မင်းပဲကတိတွေပေးတယ်

တစ်သက်လုံးအတွက်ပါဆို

အလှဆုံးမုသားတွေကြားမှာ ငါကျရူံးခဲ့တာမို့

နောက်ကွယ်ကနေကြားတယ် ငါဟာလိုသုံးတစ်ယောက်ပါဆို

(နင်ပြောတာမှတ်မိလား)

အချိန်တန်ရင်ပြေလည်သွားမယ်

တကယ်ပါအလိမ်အညာတွေဆိုတာနားမလည်

ပညာပါပါနင်လေတစ်ကယ်လှည့်စားတယ်

ရင်မှာဟာတာတာနဲ့အသေခံစားခဲ့

အတွေ့အကြုံနည်းတဲ့နှလုံးသားမို့ငါရူးတယ်

မင်းရဲ ့သတင်းတွေကြားလည်းငါလုံးဝမမူပဲ

စစ်မှန်တဲ့အချစ်တွေပေးလည်းဘာထူးလဲ

နွေးထွေးတဲ့အငွေ့အသက်တွေမရဖူးခဲ့

အသည်းကွဲတာမဆန်းပါ ကြာလာရင်လေမေ့မှာပဲ

စုံလုံးကန်းချစ်ဖူးခဲ့သမျှ အခုတော့တခြားဆီဝေးကွာခဲ့

ဒဏ်ရာတွေကမနည်းပါ အို ဒီရင်ဘတ်ထဲမှာ

အမှတ်တရအဖြစ်နဲ့ဆွေးကာကြေကွဲ

နောက်ထပ်ဘယ်တော့မှ မတွေ့ပါစေနဲ့

ကိုယ်ချစ်သလောက်ပြန်ချစ်လိမ့်မယ်

မှားယွင်းတဲ့စိတ်အစွဲတွေနဲ့

ငါမရှိတဲ့အခြားတစ်ဖက်မှာ နောက်တစ်ယောက်နဲ့နင်တွဲနေခဲ့

အကြိမ်ကြိမ်ငါပြိုလဲတာ နင်မမြင်ချင်ယောင်ဆောင်ဆဲပါ

အချစ်စစ်က ငါ့အတွက်ဝေးကွာနေလည်း

နောက်ထပ်တော့ မင်းနဲ့မတွေ့ပါစေနဲ့

နောက်ထပ်မတွေ့ပါစေနဲ့ နောက်ထပ် နောက်ထပ် မတွေ့ပါစေနဲ့

နောက်ထပ်မတွေ့ပါစေနဲ့ နောက်ထပ် နောက်ထပ် မတွေ့ပါစေနဲ့

နောက်ထပ်မတွေ့ပါစေနဲ့ နောက်ထပ် နောက်ထပ် မတွေ့ပါစေနဲ့

နောက်ထပ်မတွေ့ပါစေနဲ့ နောက်ထပ် နောက်ထပ် မတွေ့ပါစေနဲ့

ငါပေးတဲ့အချစ်က မင်းအတွက်မလောက်ငလို့လား

နင်ခွင့်မလွှတ်လောက်တဲ့အမှားမျိုးရှိခဲ့တာလား

ကံတရားရဲ ့တစ်ဖက်သတ်ခါးသီးတဲ့ထိုးနှက်ချက်များ

ခံစားခဲ့ရတော့ ငါ့ရဲ ့အသည်းနှလုံးဟာမာသွား

ဆေးဆိုးကာလာများ အချစ်စစ်ဟာဒါလားကွာ

အတုအယောင်မှာသာယာတဲ့အရူးတစ်ယောက်

မင်းရှေ ့မှာဒူးထောက် ငါ့နှလုံးသားဟာစူးအောင့်

ခံစားခဲ့ရတာ ရူးမလောက်

ငါ့အတွက်ပေးဆပ်မူသက်သက် ဒီကံကြမ္မာတစ်ခုကြောင့်

နင်ရောက်တဲ့အရပ်မှာပျော်ပါစေ

ငါ့ကိုဖြတ်ဖို့အတွက်အားပေးတဲ့

မင်းအပေါင်းအသင်းဘော်ဒါတွေ လမ်းမှာငါ့ကိုတွေ့ရင်လွတ်အောင်ပုန်းထားပါ

စိတ်အချဉ်ပေါက်လာတဲ့အချိန်တစ်မုန်းပြန်ကျုံးပြမှာ

အသည်းကွဲတာမဆန်းပါ ကြာလာရင်လေမေ့မှာပဲ

စုံလုံးကန်းချစ်ဖူးခဲ့သမျှ အခုတော့တခြားဆီဝေးကွာခဲ့

ဒဏ်ရာတွေကမနည်းပါ အို ဒီရင်ဘတ်ထဲမှာ

အမှတ်တရအဖြစ်နဲ့ဆွေးကာကြေကွဲ

နောက်ထပ်ဘယ်တော့မှ မတွေ့ပါစေနဲ့

ကိုယ်ချစ်သလောက်ပြန်ချစ်လိမ့်မယ်

မှားယွင်းတဲ့စိတ်အစွဲတွေနဲ့

ငါမရှိတဲ့အခြားတစ်ဖက်မှာ နောက်တစ်ယောက်နဲ့နင်တွဲနေခဲ့

အကြိမ်ကြိမ်ငါပြိုလဲတာ နင်မမြင်ချင်ယောင်ဆောင်ဆဲပါ

အချစ်စစ်က ငါ့အတွက်ဝေးကွာနေလည်း

နောက်ထပ်တော့ မင်းနဲ့မတွေ့ပါစေနဲ့

နောက်ထပ်မတွေ့ပါစေနဲ့ နောက်ထပ် နောက်ထပ် မတွေ့ပါစေနဲ့

Kayıtlar

Beğenebilirsin

Daha fazla görlogo

İlgili Listeler

Daha fazla görlogo