menu-iconlogo
huatong
huatong
avatar

နာပန်းဆံ

ဟေမာနေ၀င်huatong
mnlucas52huatong
Şarkı Sözleri
Kayıtlar
တို့ များမွေးသောဌာန

ကျေးတောရွာကသာလှတို့ များ

အသားရယ်ဖြူပြန်းသတော့

လူဟန်က သနားကမားနဲ့ ယဉ်သပေါ့

ကျော့ကာပဲ အရပ်ထဲ ရွာထဲ

အလှူပွဲခင်းသမျှဒင်းကပါမြဲ

ပိုးစာဖဲ အဖိုးမှာ မနည်းပုဆိုးပါဆွဲ

လူကြားထဲနွဲသွန်ကပြန်

ပွဲအလွန်ကျတာအမှန်တခါပြန်

ရွာခံလူတိုင်း ၀ိုင်းလို့ တောင်းပန်

လာပြန်ချည်သေးရဲ့တဖန်

မြန်မြန်ဆန်ဆန်မြန်မြန်

ညာသံချီပေးခဲ့ပြန်

မြန်မြန်ဆန်ဆန်မြန်မြန်

အဖော်တွေမှာမျှော်နေတာအမှန်

ပျော်လေကွာ ဖျော်ဖြေပါရန်

အော်နေ အော်နေသံ

ဟဲ့သာလှ

ဗျာ့ဗျာဗျ

ကပါဟသာလှ

ကမှာပါ့ဗျာဗျာ့

ပါးတစ်ဘက်တစ်ချက်ပါးကွက်ကိုနှံ

မျက်နှာထားသနပ်ခါးခံ

ဟုတ်ပါ့

အသားညက်ညက်မဖျက်ဆိုရန်

တသက်တာမှတ်သွားရန်

အဟုတ်လှ

နားအထက်ကဗွေမှာသူပန်းပန်

နာပန်းဆံ နာပန်းဆံ

နားထင်မေးကာတန်းချပြန်

လှမ်းကတဲ့ဟန်

ဟေ့..ဟေလာကွယ်မောင်ရိုး

ဟေ့..ဟေလာကွယ်မောင်ရိုး

ဝမ်းစမိုးရွာသောသောညံ

ဗျော့ ဗျော့

ဟေ့..ဟေလာကွယ်မောင်ရိုး

ဟေ့..ဟေလာကွယ်မောင်ရိုး

ဝမ်းစမိုးရွာသောသောညံ

ဗျော့ ဗျော့

တခါတရံများဗျာပါဟန်ထား

ကြာဇံသားအေကန်

ရွာခံများကမြှောက်စားပြန်

ယောင်္ကျားဘသားသာလှနာပန်းဆံ

နောက်တခါလာပြန်ပြီဟေ့….

ဟေ ဟေ ၀ါး………

အစားသန်သန် တအားမြန်မြန်

အလှူလာရန်လူတကာထံ

ထွေးသာညံကလေးပါမကျန်

မီးခိုးတိတ်ဖိတ်ကြရန်

ကြက်ဆီပျံ ၀က်သားနီပန်ကန်

မအီအောင်ချည်ပေါင်ခံ

ပခုံးမြုပ်မှကြံ အို ကုန်းတုတ်ကြပြန်

ဝက်သားတုံးကြီးလက်သီးဆုတ်သဏ္ဍန်

နှိပ်ဟ

ထမင်းရေချောင်းစီးပေါင်းပြီးသွန်ရန်

ပြည်ဝင်ကြေးအိုးမီးထိုးပါမြန်မြန်

ထမင်းရေချောင်းစီးပေါင်းပြီးသွန်ရန်

ပြည်ဝင်ကြေးအိုးမီးထိုးပါမြန်မြန်

ဟဲ့ဟဲ့ ဆာကြမယ်အေကန်

အိုအိုလာသမျှတွယ်နေပြန်

ဟဲ့ဟဲ့ ဖျာစမယ်ပေကျံ

အိုအို ဗလာကြတယ်ကြွေပန်ကန်

အယ်သာလှရယ်စာဝလာကရန်

နင်မခိုနဲ့ ဟာ အိုဘယ်ညာခေါ်ရပြန်

တစ်ဦးစ နှစ်ဦးစ ဘောက်ဆူးချမှ

ကမယ့်ဟန် ပေးကြတော့ပြန်

ဟေ့..ဟေလာကွယ်မောင်ရိုး

ဟေ့..ဟေလာကွယ်မောင်ရိုး

ဝမ်းစမိုးရွာသောသောညံ

ဗျော့ ဗျော့

ဟေ့..ဟေလာကွယ်မောင်ရိုး

ဟေ့..ဟေလာကွယ်မောင်ရိုး

ဝမ်းစမိုးရွာသောသောညံ

ဗျော့ ဗျော့

တခါတရံများဗျာပါဟန်ထား

ကြာဇံသားအေကန်

ရွာခံများကမြှောက်စားပြန်

ယောင်္ကျားဘသားသာလှနာပန်းဆံ

နောက်တခါလာပြန်ပြီဟေ့….

ဟေ ဟေ ၀ါး………။

အားလုံးကိုကျေးဇူးအထူးတင်ပါတယ် ။

ဒီသီချင်းစာရိုက်ရတာမလွယ်ဘူးပါလား.....

ဟေမာနေ၀င်'dan Daha Fazlası

Tümünü Görlogo