menu-iconlogo
huatong
huatong
avatar

နေခြည်( feat -Thuya )

Eternal Goshhuatong
missouriphuatong
Şarkı Sözleri
Kayıtlar
သီချင်း - နေခြည်

တေးဆို - Eternal Gosh (Feat:Thuya)

တေးရေး-ဟန်နေတာ

အေးစက်နေတဲ့ငါ့ရင်ဘက်ထဲကို

မင်းအလင်းတွေပက်ဖြန်းပီး

သက်တန့်တစ်ခုလိုဖြစ်စေခဲ့တာ

ကျေးဇူးတင်တယ်

အပေါစားအချစ်တွေနားခိုဖူးတဲ့

ငါနှလုံးသားဧည့်ခန်းထဲ

မင်းရောက်လာတော့

ခမ်းနားသွားတာ ကျေးဇူးတင်တယ်

အလုပ်တွေပင်ပန်းတယ်မထင်ပဲ

မင်းအသံကြားရင်ချွေးတိတ်စေခဲ့တယ်

ငါ့အနာဂါတ် ငါ့ကမ္ဘာထဲ

ရွှေရောင်တွေတောင်မင်းလောက်

မလှဘူးကွယ် ဒဏ်ရာတွေကိုမင်းကုလိုက်တယ်

မင်းလောက်ငါ့အပေါ်ကောင်းတာမရှိနိုင်ပါ

မင်းရဲ့နားလည်မှု ခွင့်လွှတ်ခြင်းတွေ

သိတတ်ခြင်းတွေငါယုံကြည်ပါပီအခု

မင်းစေတနာကိုနားလည်ခဲ့ချိန်မှာ

နောက်ထပ်မဆိုးတော့ပါဘူး

ပြောင်းလဲလိုက်ပီစိတ်မပျက်လိုက်ပါနဲ့

နေခြည်ရေထွက်မသွားနဲ့အဝေး

အေးစက်နေတဲ့ငါ့ရင်ဘက်ထဲကို

မင်းအလင်းတွေပက်ဖြန်းပီး

သက်တန့်တစ်ခုလိုဖြစ်စေခဲ့တာ

ကျေးဇူးတင်တယ်

အပေါစားအချစ်တွေနားခိုဖူးတဲ့

ငါနှလုံးသားဧည့်ခန်းထဲ

မင်းရောက်လာတော့

ခမ်းနားသွားတာ ကျေးဇူးတင်တယ်

အလုပ်တွေပင်ပန်းတယ်မထင်ပဲ

မင်းအသံကြားရင်ချွေးတိတ်စေခဲ့တယ်

ငါ့အနာဂါတ် ငါ့ကမ္ဘာထဲ

ရွှေရောင်တွေတောင်

မင်းလောက်မခမ်းနားတယ်

ဒဏ်ရာတွေကိုမင်းကုလိုက်တယ်

မင်းလောက်ငါ့အပေါ်ကောင်းတာမရှိနိုင်ပါ

မင်းရဲ့နားလည်မှု ခွင့်လွှတ်ခြင်းတွေ

သိတတ်ခြင်းတွေငါယုံကြည်ပါပီအခု

မင်းစေတနာကိုနားလည်ခဲ့ချိန်မှာ

နောက်ထပ်မဆိုးတော့ပါဘူး

ပြောင်းလဲလိုက်ပီ စိတ်မပျက်လိုက်ပါနဲ့

နေခြည်ရေထွက်မသွားနဲ့အဝေး

အဝေး

မင်းလောက်ငါ့အပေါ်ကောင်းတာမရှိနိုင်ပါ

မင်းရဲ့နားလည်မှု ခွင့်လွှတ်ခြင်းတွေ

သိတတ်ခြင်းတွေငါယုံကြည်ပါပီအခု

မင်းစေတနာကိုနားလည်ခဲ့ချိန်မှာ

နောက်ထပ်မဆိုးတော့ပါဘူး

ပြောင်းလဲလိုက်ပီ စိတ်မပျက်လိုက်ပါနဲ့

နေခြည်ရေထွက်မသွားနဲ့အဝေး

ပြောင်းလဲလိုက်ပီ စိတ်မပျက်လိုက်ပါနဲ့

နေခြည်

ထွက်မသွားနဲ့အဝေး

Eternal Gosh'dan Daha Fazlası

Tümünü Görlogo