menu-iconlogo
huatong
huatong
avatar

အကောင်းမြင်ဝါဒ

Htoo El Linnhuatong
indiandog1huatong
Şarkı Sözleri
Kayıtlar
သီချင်း - အကောင်းမြင်ဝါဒ

တေးဆို - ထူးအယ်လင်း

မဆိုင်သလိုနေလို့ရတဲ့ သတ္တဝါတွေမဟုတ်ပဲနဲ့

ဘာကြောင့်များ အမုန်းစကားဆိုဦးမလဲ

ခဏတာရောက်လာ လူ့ကမ္ဘာပေါ်ကခရီးသွားချင်းတူ

အမြင်မတူညီတာလေး တစ်ခုနဲ့

လိုအင်ဆန္ဒများတွေ အနိုင်ယူချင်စိတ်ထားတွေ

ပြန်လည်သုံးသပ်ကြည့် မင်းမြင်ကြည့်ကွယ်

ကိုယ့်အပေါ်မတရားတာကိုတော့

ခွင့်မလွှတ်ဘူးဆို

ကိုယ်တိုင်မခံနိုင်တဲ့ လုပ်ရပ်တွေကို

တစ်ပါးသူအပေါ်လုပ်သင့်သလား စဉ်းစား

ဒီလောက ကမ္ဘာထဲမှာ

ဆုံတွေ့ခိုက် ငါနားလည်

ခဏတာရောက်လာ ဧည့်သည်တွေပဲ

အရောင်များက ခြယ်ထားလည်း

အထင်မလွဲနဲ့ အမြင်မမှားနဲ့

သံသယစိတ်တွေနဲ့ နားမထောင်ပါနဲ့

လူလူချင်း ကူညီရိုင်းပင်း

စာနာမှု အကြင်နာတရားထား

ဒီအမုန်းတွေကိုပစ် အချစ်ကိုရှာရင်း

လူသားချင်း အတူကူညီပြီး

အကောင်းမြင်ဝါဒတရားထား

လိုအင်ဆန္ဒများတွေ အနိုင်ယူချင်စိတ်ထားတွေ

ပြန်လည်သုံးသပ်ကြည့် မင်းမြင်ကြည့်ကွယ်

ကိုယ့်အပေါ်မတရားတာကိုတော့

ခွင့်မလွှတ်ဘူးဆို

ကိုယ်တိုင်မခံနိုင်တဲ့ လုပ်ရပ်တွေကို

တစ်ပါးသူအပေါ်လုပ်သင့်သလား စဉ်းစား

ဒီလောက ကမ္ဘာထဲမှာ

ဆုံတွေ့ခိုက် ငါနားလည်

ခဏတာရောက်လာ ဧည့်သည်တွေပဲ

အရောင်များက ခြယ်ထားလည်း

အထင်မလွဲနဲ့ အမြင်မမှားနဲ့

သံသယစိတ်တွေနဲ့ နားမထောင်ပါနဲ့

လူလူချင်း ကူညီရိုင်းပင်း

စာနာမှု အကြင်နာတရားထား

ဒီအမုန်းတွေကိုပစ် အချစ်ကိုရှာရင်း

လူသားချင်း အတူကူညီပြီး

အကောင်းမြင်ဝါဒတရားထား

လူလူချင်း ကူညီရိုင်းပင်း

စာနာမှု အကြင်နာတရားထား

ဒီအမုန်းတွေကိုပစ် အချစ်ကိုရှာရင်း

လူသားချင်း အတူကူညီပြီး

အကောင်းမြင်ဝါဒတရားထား

Htoo El Linn'dan Daha Fazlası

Tümünü Görlogo