menu-iconlogo
huatong
huatong
avatar

အသံတိတ်အရှုံး

Htun Yatihuatong
pinesedgehuatong
Şarkı Sözleri
Kayıtlar
သီချင်း - အသံတိတ်အရှုံး

တေးဆို - ထွန်းရတီ

အရမ်းချစ်လို့ဘာတစ်ခုမှ အပြစ်မမြင်ပါဘူး ချစ်သူ

ဒါပေမယ့် ..နောက်ဆုံးတော့လည်း

နင်ငါ့ကို လမ်းခွဲမယ်လို့ ပြောတဲ့အချိန်တိုင်း

ငါ့ရဲ့ ရင်ဘတ်ကြီးလည်း အရမ်းအောင့်တယ်

အဲ့ဒီစကားတစ်ခွန်းကြောင့် ငါ့ရဲ့ နှလုံးသားလည်း ကြေမွသွား

နင်ငါ့ကို မုန်းတယ်လို့ ပြောတဲ့အချိန်တိုင်း

သိပ်ရက်စက်လွန်းတဲ့ မင်းရဲ့ စကားတွေကို

မကြားချင်ဘူး မသိချင်ဘူး ရင်နာလွန်းလို့

ဆံပင်ဖြူ သွားကျိုးတဲ့အထိ

အိုအောင်မင်းအောင် ပေါင်းကြမယ်ဆို

အခုတော့ နင်ငါ့ကို ရိုးသွားတာလား

မချစ်တော့တာလား ပြောခဲ့အုံး

ငါလေ အမြဲ.. အမြဲတမ်း အရှုံးပေးထားပါတယ်

နင်ဟာ ငါ့အတွက် အရှင်ဘုရင်မို့

ငါတို့တွေ ချစ်ခဲ့ကြတာ အလကားလား

လွယ်လွယ်လေးနဲ့ ငါ့ကို ပစ်သွားရက်တာလား

ဘယ်အငြိုးတွေကြောင့် ရက်စက်တာလဲ

ငါ ယုံကြည်ဖူးခဲ့တဲ့ နင့်အချစ်ကို အခုအချိန်ထိ

မဖြစ်နိုင်ရင်လည်း မျှော်လင့်ဆဲ

နင်ငါ့ကို မုန်းတယ်လို့ ပြောတဲ့အချိန်တိုင်း

နင့်ရဲ့နုတ်ခမ်းပါးကထွက်တဲ့ စကားတွေကို

ငါလေမကြားချင်ဘူး မသိချင်ဘူး ရင်နာလွန်းလို့

ဆံပင်ဖြူ သွားကျိုးတဲ့အထိ

အိုအောင်မင်းအောင် ပေါင်းကြမယ်ဆို

အခုတော့ နင်ငါ့ကို ရိုးသွားတာလား

မချစ်တော့တာလား ပြောခဲ့အုံး

ငါလေ အမြဲ.. အမြဲတမ်း အရှုံးပေးထားပါတယ်

နင်ဟာ ငါ့အတွက် အရှင်ဘုရင်မို့

ငါတို့တွေ ချစ်ခဲ့ကြတာ အလကားလား

လွယ်လွယ်လေးနဲ့ ငါ့ကို ပစ်သွားရက်တာလား

ငါလေ အမြဲ.. အမြဲတမ်း အရှုံးပေးပါတယ်

နင်ဟာ ငါ့အတွက် အရှင်ဘုရင်မို့

ငါလေ အမြဲ.. အမြဲတမ်း အရှုံးပေးထားပါတယ်

နင်ဟာ ငါ့အတွက် အရှင်ဘုရင်မို့

ငါတို့တွေ ချစ်ခဲ့ကြတာ အလကားလား

လွယ်လွယ်လေးနဲ့ ငါ့ကို ပစ်သွားရက်တာလား

လွယ်လွယ်လေးနဲ့ ငါ့ကို ပစ်သွားရက်တာလား

Htun Yati'dan Daha Fazlası

Tümünü Görlogo