menu-iconlogo
huatong
huatong
avatar

လမ်းခွဲပြီးမှ(Ft-D-Sky)

j firehuatong
pateljay69huatong
Şarkı Sözleri
Kayıtlar
သီချင်း - လမ်းခွဲပြီးမှ

တေးဆို - J Fire feat. D Sky

Music Be Bee

ဘ၀တစ်ကွေ့မှာ ခဏတော့တွေ့ဖူးတယ်

သူ့မေတ္တာတွေ အပိုင်ရခဲ့ဖူးတယ်

ယုံကြည်နေတယ် တစ်နေ့မှာ အတူနေရမယ်

အိမ်လုံးတစ်လုံးထဲ ပျော်ရွှင်မှုများနဲ့

ငါ့ပုခုံးထက်မှာ ခေါင်းကိုမှီဖူးတယ်

ငါ့ပါးထက်မှာ အနမ်းတို့ပွင့်ဖူးတယ်

တန်ဖိုးတို့ သဲထဲရေသွန်

အကုန်လုံး အကုန်လုံး ငါချစ်မိသွားပြီးမှ

နင့်အနားနားကနေ အဝေးဆုံးငါပြေးလည်း

ပြန်တွေးတိုင်း ခုဆို နောင်တတွေသာရ

ရင်ကွဲပက်လက်ငါ လွမ်းစိတ်တွေကြားမှာ

ဝိုးဟိုး ဝိုးဟိုး နင်မမှားဘူး

နင်လမ်းမခွဲဘူး အေး ငါလမ်းခွဲတယ်

နင်ဝမ်းမနည်းဘူး အေး ငါဝမ်းနည်းတယ်

ငါအရမ်းပဲရူး နင်စိတ်တို့ချမ်းသာတော့

ဘယ်သူများ မင်းအနား တူတူ ရှိကြမလဲ

တကယ်များ မုန်းသွားလား ရင်မှာအရမ်းကြောက်ခဲ့

ငါနောင်တရပြီးမှ နင့်ကိုအရမ်းပဲလွမ်းနေတော့

လူသာလာသတ်တော့

ရှေ့ဆက်လျှောက်ဖို့ အဆင်မပြေတော့ လမ်းခွဲရမှာပဲ

အတွေးအခေါ် တွေ အမူအကျင့်တွေနဲ့

Type ပါတူတော့ ဝမ်းနည်းရပါတယ်

ငါတို့နှစ်ယောက်က အထာကျတာပဲနော်

ကမ္ဘာကြီးမှာ ဖြစ်ပျက်သမျှတွေဆွေးနွေးပေးမယ့်

မိန်းကလေးတစ်ယောက်ကို ဘယ်လိုထပ်ပြီး ရှာရမှာလဲပြော

နေနိုင်လိုက်တာကွာ အခုကျတော့

ဖုန်းလေးတောင်မဆက် မင်းအကောင့်မှာ

တင်ထားတဲ့ပုံလေးတွေတွေ့တယ်

အပြုံးလေးတောင်မပျက်ခဲ့ အဲ့ဒီနေ့က

နောက်ဆုံးတွေ့မှန်းသာသိရင်လေ

တုန်နေအောင်ဖက်ထားတယ်

ချစ်လျှက်နဲ့ခွဲရတော့လဲ

ငါ့ဖုန်းထဲက ပုံတွေတောင် ဖျက်မထားခဲ့

ပျော်နေတာတွေမြင်ချင်ပါတယ် အချိန်တွေတိုင်း

မင်းဘဝအတွက် အကြိမ်ကြိမ်အခါခါ

ငါမှာတာတွေမမေ့နဲ့ကွာ .. ရင်ခုန်သံတွေ

ရှင်သန်လာတယ်တစ်ခါပြန်ပြီး

မင်းနဲ့ငါပျော်ရွှင်စရာ အရင်အချိန်တွေကို တွေးတိုင်းမ

မင်းဆီမှာ ခံယူချက်နဲ့

စိတ်ဓာတ်ကတော့ ကျောက်တုံးအလားပါပဲ....

တစ်ယောက်နှလုံးသားမှာ

တစ်ယောက်နှလုံးသားဟာ ပျောက်ဆုံးမသွားပါနဲ့....

အကြောက်ဆုံးစကားပါ

နောက်ဆုံးကျမှ ကောက်သုံးသွားတာပဲ....

နှစ်ယောက်စလုံးမှားတာ ဘယ်လောက်ပြုံးထားထား

တစ်ယောက်ရှုံးသွားပါတယ်....

နင်လမ်းမခွဲဘူး အေး ငါလမ်းခွဲတယ်

နင်ဝမ်းမနည်းဘူး အေး ငါဝမ်းနည်းတယ်

ငါအရမ်းပဲရူး နင်စိတ်တို့ချမ်းသာတော့

ဘယ်သူများ မင်းအနား တူတူ ရှိကြမလဲ

တကယ်များ မုန်းသွားလား ရင်မှာအရမ်းကြောက်ခဲ့

ငါနောင်တရပြီးမှ နင့်ကိုအရမ်းပဲလွမ်းနေတော့

လူသာလာသတ်တော့

ပျော်နေတာတွေမြင်ချင်ပါတယ် အချိန်တွေတိုင်း

မင်းဘဝအတွက် အကြိမ်ကြိမ်အခါခါ ငါမှာတာတွေမမေ့နဲ့ကွာ

ပြုံးတဲ့အချိန်နဲ့ မဲ့တဲ့အချိန် တခြားစီပဲတွေးပေးပါ

အဲ့ဒီပျော်စရာတွေရော ပြဿနာတွေရော ကားနီလေးထဲမှာ

ငါ့ဘက်ကတွေ့တဲ့သူတိုင်းမေးတယ်

မင်းကိုတော့မမေးဘူးထင်တာပဲ ကူညီခဲ့တာ

မတွေးဘူးမထင်ပါနဲ့ အမြဲတမ်းပဲကျေးဇူးတင်ပါတယ်

အားနာမိတယ်မသေချာသေးတာ

ငါ့မှာရှိတဲ့နေရာလေးက ဘာမှမရှိတဲ့နေရာကနေ

Rapစပ်လာခဲ့တာ ...မပြည့်စုံသေးတဲ့

လူတစ်ယောက်က ပြည့်စုံနေတဲ့လူတစ်ယောက်ကို

မပြည့်စုံသေးပဲ ဘယ်လိုလုပ်ပြီး လက်ထပ်မှာလဲကွာ

မင်းနာမည်ကိုကြားလိုက်တာနဲ့ နင့်နေတာပဲ

လမ်းခွဲပေမယ့် မင်းကိုအခုတိုင် ငါ့မှာချစ်နေပါတယ်

နှစ်တွေကြာလည်း နိုင်လေးတို့နဲ့ မင်းအကြောင်းကို

ထုတ်ထုတ်ပြောနေလောက်မလား

ငါအရမ်းချစ်တဲ့မင်းရဲ့ခွေးလေး

ဟိုကောင် တုတ်တုတ်ကော နေကောင်းလား

နင်လမ်းမခွဲဘူး အေး ငါလမ်းခွဲတယ်

နင်ဝမ်းမနည်းဘူး အေး ငါဝမ်းနည်းတယ်

ငါအရမ်းပဲရူး နင်စိတ်တို့ချမ်းသာတော့

ဘယ်သူများ မင်းအနား တူတူ ရှိကြမလဲ

တကယ်များ မုန်းသွားလား ရင်မှာအရမ်းကြောက်ခဲ့

ငါနောင်တရပြီးမှ နင့်ကိုအရမ်းပဲလွမ်းနေတော့

လူသာလာသတ်တော့

j fire'dan Daha Fazlası

Tümünü Görlogo
j fire, လမ်းခွဲပြီးမှ(Ft-D-Sky) - Sözleri ve Coverları