menu-iconlogo
huatong
huatong
avatar

ခွဲခွာရမဲ့နွေရက်များ

L Seng Zihuatong
shihizuhuatong
Şarkı Sözleri
Kayıtlar
ခွဲခွာရမဲ့နွေရက်များ

တေးရေး - Lခွန်းရီ

တေးဆို - L ဆိုင်းဇီ

ကျောင်းကြီးပိတ်ဖို့ နီးပြီလေ

ဒီနွေရာသီ တပေါင်းလရောက်လို့

လာပြန်ပေါ့လေ

ဟန်ဆောင်ကာနေလည်း ဝေဒနာဆကဲ

ခွဲရမှာ ကြောက်တယ်

တစ်ယောက်နဲ့တစ်ယောက် အနေဝေးရင်သာ

အို တကယ်လို့များ

မသိခဲ့ဘူးတဲ့သူလို နေမလားလေ

ကြင်နာသူရေ

အချိန်တွေကြာရင် မှတ်မိနိုင်ပါ့မလား

မတွေ့ကြပေမဲ့ မမေ့နဲ့နော်

တို့ရဲ့ ပျော်စရာအချိန်တွေကို

စဉ်းစားတွေးတောကာလေ

ကြည့်လိုက်ပေါ့

မကြာခင်မှာ ပြန်လည်ဆုံတွေ့ကြစို့နော်

မျှော်ကာစောင့်စား ပျော်စရာရက်များ

ချိုးလက်ရေနေမယ်

ကျောင်းကြီးပိတ်လို့ အဝေးတစ်နယ်မြေ

ပြန်မယ်ဆိုရင် ဆွေးရအုံးတော့မှာပါပဲလေ

မေ တကယ်အစဉ်မြဲ

ရင်မှာမချိလည်း သတိရနေမှာပါ

မတွေ့ကြပေမဲ့ မမေ့နဲ့နော်

တို့ရဲ့ ပျော်စရာအချိန်တွေကို

စဉ်းစားတွေးတောကာလေ

ကြည့်လိုက်ပေါ့

မကြာခင်မှာ ပြန်လည်ဆုံတွေ့ကြစို့နော်

ကိုကိုမောင်ရေ ကိုကိုမောင်ရေ

အောက်မေ့နေမယ်လေ

ကျောင်းကြီးပိတ်ဖို့ နီးပြီလေ

ဒီနွေရာသီ တပေါင်းလရောက်လို့

လာပြန်ပေါ့လေ

ဟန်ဆောင်ကာနေလည်း ဝေဒနာဆကဲ

ခွဲရမှာ ကြောက်တယ်

တစ်ယောက်နဲ့တစ်ယောက် အနေဝေးရင်သာ

အို တကယ်လို့များ

မသိခဲ့ဘူးတဲ့သူလို နေမလားလေ

ကြင်နာသူရေ

အချိန်တွေကြာရင် မှတ်မိနိုင်ပါ့မလား

မတွေ့ကြပေမဲ့ မမေ့နဲ့နော်

တို့ရဲ့ ပျော်စရာအချိန်တွေကို

စဉ်းစားတွေးတောကာလေ

ကြည့်လိုက်ပေါ့

မကြာခင်မှာ ပြန်လည်ဆုံတွေ့ကြစို့နော်

ကိုကိုမောင်ရေ ကိုကိုမောင်ရေ

သတိရနေမယ်လေ

ကိုကိုမောင်ရေ ကိုကိုမောင်ရေ

အောက်မေ့နေမယ်လေ

မျှော်ကာစောင့်စား ပျော်စရာရက်များ

ချိုးလက်ရေနေမယ်

L Seng Zi'dan Daha Fazlası

Tümünü Görlogo