menu-iconlogo
huatong
huatong
avatar

ချစ်ဆိပ်ရည်

Myint Zu Thinhuatong
petgirl81huatong
Şarkı Sözleri
Kayıtlar
သီချင်း - ချစ်ဆိပ်ရည်

တေးဆို - Myint Zu Thin

ရွှေဖူးစာဖန်လာကာ

အခွင့်ပေးလို့ရယ်

သူကိုသာကွယ်

ချစ်ဇောဟုန်ပွားမိခဲ့တယ်

သို့ပေမယ်တကယ်

ကံကြမ္မာဖန်လာချက်ကယ်

ရတက်ကြီးစွာစနက်မီး

မွှေနေပြီကွယ်

ရွှေဖူးစာဖန်လာကာ

အခွင့်ပေးလို့ရယ်

သူ့ကိုသာကွယ်

ချစ်ဇောဟုန်ပွားမိခဲ့တယ်

သို့ပေမယ်တကယ်

ကံကြမ္မာဖန်လာချက်ကယ်

ရတက်ကြီးစွာစနက်မီး

မွှေနေပြီကွယ်

ခက်တယ်ခက်တယ်

အကြောင်းကံရယ်

ပေါင်းရန်ကမလွယ်

ဪမကျေသာသူကလေးမှာဖြင့်

ပူဆွေးဗျာပါကြွယ်

ဆိုးရွားလှတဲ့အချစ်တရားရယ်

ဒုက္ခပေးမယ့်အတူတူဖြင့်ကွယ်

ဘာကြောင့်ရယ်အသည်းနှလုံးထဲဝယ်

ဝင်အောင်းကာရယ်

နေရတာလည်းကွယ်

ဘယ်မှာလဲအချစ်ရဲ့သုခ

အချစ်ရဲ့သာယာကြည်နူးခြင်းတွေရယ်

ကွဲအက်ကြေပြုန်းလုဖြစ်နေသူရဲ့

အသည်းနှလုံးထဲကိုမှကွယ်

အဆိပ်ရည်လွှမ်းတဲ့

အချစ်ကိုမှတကယ်ကြံဖန်ထည့်သွင်း

ပေးနိုင်ရက်တော့တယ်

ခက်တယ်ခက်တယ်

အကြောင်းကံရယ်

ပေါင်းရန်ကမလွယ်

ဪမကျေသာသူကလေးမှာဖြင့်

ပူဆွေးဗျာပါကြွယ်

ဆိုးရွားလှတဲ့အချစ်တရားရယ်

ဒုက္ခပေးမယ့်အတူတူဖြင့်ကွယ်

ဘာကြောင့်ရယ်အသည်းနှလုံးထဲဝယ်

ဝင်အောင်းကာရယ်နေရတာလည်းကွယ်

ဘယ်မှာလဲအချစ်ရဲ့သုခ

အချစ်ရဲ့သာယာကြည်နူးခြင်းတွေရယ်

ကွဲအက်ကြေပြုန်းလုဖြစ်နေသူရဲ့

အသည်းနှလုံးထဲကိုမှကွယ်

အဆိပ်ရည်လွှမ်းတဲ့

အချစ်ကိုမှတကယ်ကြံဖန်ထည့်သွင်း

ပေးနိုင်ရက်တော့တယ်

Myint Zu Thin'dan Daha Fazlası

Tümünü Görlogo