menu-iconlogo
huatong
huatong
avatar

ကျေနပ်ပါတယ် ၂

Nge Ngal Layhuatong
gilouppegerard1huatong
Şarkı Sözleri
Kayıtlar
သီချင်း း ကျေနပ်ပါတယ် ၂

တေးဆို း ငဲငယ်လေး

ဒီတခါတွေ့တာနောက်ဆုံးလား

နောက်ဆိုပြန်မတွေ့တော့ဘူးမလား

ငါလေမေးချင်သော်လည်းမမေးရက်ပါ

အစကတည်းကသိနှင့်တာမဟုတ်လား

မြင်နေတယ်မင်းရဲ့မျက်ဝန်းမှာ

မျက်ရည်စက်တွေမျိုသိပ်ကာ

မပြောပေမယ့်ငါကြားရတယ်

အဆုံးသတ်ဖို့ခက်နေတယ် ငါတို့နှစ်ဦးကြား

ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးလို့သာ ပြောလိုက်ပါ

ဒီလိုဆိုငါခံစားရတာပိုသက်သာမှာ

မငြိုငြင်ပါဘူး အပြစ်မတင်ပါဘူး မမုန်းရက်ပါဘူး

ဒီကမ်ဘာမှာ မင်းတယောက်သာငါအချစ်ဆုံးပဲ

ယုံကြည်နိုင်ဖို့ခက်ခဲသာငါသိပါတယ်

ရှုပ်ထွေးလွန်းနေတဲ့ငါ့ရဲ့ဘဝထဲ

ဘယ်သူခိုနားကာအနားနားမှေးစက်ချင်မလဲ

အချိန်မှီနိုင်သေးရင်

အရာရာပြန်စရင်ကောင်းမယ်ဆိုတဲ့အတွေးနဲ့

အကြိမ်ကြိမ်မျှော်လင့်ခဲ့ဖူးတယ်

မဖြစ်နိုင်မှန်းငါသိတယ်ရရှိခဲ့အချိန်တွေနဲ့ပဲ

ဒီရင်ထဲအမြဲသိမ်းထားသောကျေနပ်ပါတယ်

နင်ယုံကြည်ပေးနိုင်မယ်မဟုတ်လား

ဝေးနေခဲ့တောင်ချစ်သွားမှာ

ဆိုင်သူရှိတဲ့မင်းကိုမှငါ့မှာ

ပိုင်ဆိုင်ချင်ခဲ့တာငါမှားသွားလားဟာ

တချိန်မှာတို့တွေပြန်တွေ့တဲ့အခါ

ဟိုအရင်အတိတ်ကိုပြန်သတိရပါ့မလား

အဆင်ပြေရင်ခဏလောက်နေပြီးမထားခဲ့ဖို့

နောက်ဆုံးအနေနဲ့ငှဲ့ညှာပြီးစဉ်းစားမလား

ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးလို့သာ ပြောလိုက်ပါ

ဒီလိုဆိုငါခံစားရတာပိုသက်သာမှာ

မငြိုငြင်ပါဘူး အပြစ်မတင်ပါဘူး မမုန်းရက်ပါဘူး

ဒီကမ်ဘာမှာ မင်းတယောက်သာငါအချစ်ဆုံးပဲ

ယုံကြည်နိုင်ဖို့ခက်ခဲသာငါသိပါတယ်

ရှုပ်ထွေးလွန်းနေတဲ့ငါ့ရဲ့ဘဝထဲ

ဘယ်သူခိုနားကာအနားနားမှေးစက်ချင်မလဲ

အချိန်မှီနိုင်သေးရင်

အရာရာပြန်စရင်ကောင်းမယ်ဆိုတဲ့အတွေးနဲ့

အကြိမ်ကြိမ်မျှော်လင့်ခဲ့ဖူးတယ်

မဖြစ်နိုင်မှန်းငါသိတယ်ရရှိခဲ့အချိန်တွေနဲ့ပဲ

ဒီရင်ထဲအမြဲသိမ်းထားကာကျေနပ်ပါတယ်

အခြေအနေကြောင့်သာငါတို့ဝေးရမှာသိတယ်

အချစ်ဟာငါတို့နှစ်ယောက်နဲ့လုံးဝမသက်ဆိုင်ခဲ့

သိလျက်နဲ့ရှေ့တိုးတယ်မချစ်လို့မှမဟုတ်ဘဲ

မင်းတယောက်သာငါအချစ်ဆုံးပဲ

ယုံကြည်နိုင်ဖို့ခက်ခဲတာငါသိပါတယ်

ရှုပ်ထွေးလွန်းနေတဲ့ငါရဲ့ဘဝထဲ

ဘယ်သူခိုနားကာအနားနားမှေးစက်ချင်မလဲ

အချိန်မှီနိုင်သေးရင်

အရာရာပြန်စရင်ကောင်းမယ်ဆိုတဲ့အတွေးနဲ့

အကြိမ်ကြိမ်မျှော်လင့်ခဲ့ဖူးတယ်

မဖြစ်နိုင်မှန်းငါသိတယ်ရရှိခဲ့အချိန်တွေနဲ့ပဲ

ဒီရင်ထဲပြန်ဆုံမယ့်အချိန်တွေနဲ့ပဲ

ကျေနပ်ပါတယ်

Nge Ngal Lay'dan Daha Fazlası

Tümünü Görlogo