menu-iconlogo
huatong
huatong
avatar

Goodbye

Nu Nuhuatong
🐿_🅿️uTuLay_🐿huatong
Şarkı Sözleri
Kayıtlar
Rap - ငါရင်ဘတ်ထဲမှာ အခုဆိုရင်

ဟောင်းလောင်းပေါက်တွေနဲ့

အသံတွေဆွံ့အ အာခေါင်ထဲက

သွေ့ခြောက်နေခဲ့

ငါသာတန်ခိုးရှိရင် အခုဘဝမှာ

တောင်းဆုတစ်ခုတည်း

အခွင့်ရေးတစ်ခုကို နောက်ထပ်ရချင်တယ်

ငါလက်ပြလို့ နူတ်ဆက်ရင်းရင်မှာဆို့လာတယ်

ကြိုးစားထိန်းထားလဲ

ယောက်ျားတန်မဲ့ မျက်ရည်စို့ပါတယ်

မျက်နှာချင်းဆိုင်ရမှာခက်လို့

မျက်နှာလွှဲပေ့မဲ့

နံရံ ကြမ်းပြင်နဲ့ မျက်နှာကြပ်မှာ

နင်မျက်ဝန်းတွေပဲ

နင်မသွားနဲ့ မသွားပါနဲ့

ငါ့ကို မထားခဲ့ပါနဲ့

ဒီစကားတွေကြားရဲ့သားနဲ့

ဘာကြောင့်မို့နင်ထားခဲ့တာလဲ

ငါနားလည်ပါတယ် ဒါကနင့်ရဲ့ အခြေအနေပေါ့

ငါ့ဘက်ကတော့ အသဲတွေကြွေလဲနေပစေပေါ့

ပလိစ် ပလိစ်

အောက်ကျို့ပြီးတော့တောင်းပန်တယ်

ဆိုးဝါးလွန်းတဲ့ အတိတ်ဘဝရဲ့

အကြောင်းကံရယ်

အခုအရွယ်ထိ အချစ်အတွက်ဆို အကျိုးနဲ့နေခဲ့

လေယာဉ်ပျံကြီး

ထွက်ခွာသွားတယ် မိုးထဲလေထဲ

Cho - ဖြူဖြူစင်စင်ကောင်မလေးကို

တကယ်ကြင်ကြင်နာနာချစ်ခဲ့လဲ

ဘာမှရေရေရာရာမတွဲရသေးခင်

မြန်မြန်ဆန်ဆန်လမ်းခွဲပြီ

ကျွန်တော်ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတယ်

ကျွန်နော်ယုံယုံကြည်ကြည်ချစ်ခဲ့လည်း

အခုတော့နာနာကျင်ကျင်နူတ်ဆက်ရပြီ

ဟေး တာ့တာ

Rap - နင်ပြေးလို့ထွက်သွားပြီ ငါဆွေးလို့ကျန်ခဲ့

ပိုးသာလေကြောင်းနဲ့ နင်အဝေးသို့ပြန်ခဲ့

ရေမြေခြားခဲ့ပြီ ဘဝတွေကခြားခဲ့ပြီပဲ

အခြေအနေကွာခြားခဲ့ပြီ ကမ္ဘာခြားခဲ့

နင်မဖတ်ဖြစ်တဲ့ အီးမေးလ်တွေလဲ

တစ်နေ့ကို အစောင်တစ်ရာမက

အဘိုးကြီးဖြစ်တဲ့အချိန်တွေထိ

ငါငေါင်မှာလားခက်တယ်

ဖုန်းတွေဆက်ပါတယ်

အွန်လိုင်းပေါ်မှာတက်ရှာတယ်

စိန်ရွှေငွေစည်းစိမ်တွေထပ်

နင့်ကိုပိုပြီးမက်ပါတယ်

အသွင်မတူနဲ့ လူတွေထဲ

ဘယ်သူလက်ကိုမင်းတွဲမလဲ

မင်းပေါင်းတဲ့ ကောင်တွေထက်

ငါကအရာရာဆင်းရဲတယ်

ဗလာနဲ့ သုညပဲ မခုန်ချတာ မမှားဘူးပေါ့

လက်ထပ်ဖို့ မျှော်လင့်ချက်တွေ

အဖျားရှူးရော

သွားပြီ မိုင်ပေါင်းများစွာ ကုဋေကုဋာကို

ပြန်ဆုံဖို့ လမ်းစက မရေမရာမို့

ဒီရင်ကဝေဒနာမျိုး သိပ်ဆိုးလို့

ခြေမှိုင်လက်မှိုင်

ဒီဘဝတော့ ဒီမျှပဲပေါ့ ဘေဘီ ဘိုင့်ဘိုင်

Cho - ဖြူဖြူစင်စင်ကောင်မလေးကို

တကယ်ကြင်ကြင်နာနာချစ်ခဲ့လဲ

ဘာမှရေရေရာရာမတွဲရသေးခင်

မြန်မြန်ဆန်ဆန်လမ်းခွဲပြီ

ကျွန်တော်ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတယ်

ကျွန်နော်ယုံယုံကြည်ကြည်ချစ်ခဲ့လည်း

အခုတော့နာနာကျင်ကျင်နူတ်ဆက်ရပြီ

ဟေး တာ့တာ

G.O.O.D.B.Y.E

Rap - အဲ့ဒီအချိန်ခဏမှာ

ကျွန်တော့်ကို ကျွန်တော် ပျောက်ဆုံးသွားတာ

ဘာဆိုဘာမှ ဘာမှ မရှိတော့ဘူး

Cho - အတူတူမဆုံနိုင်တာဟာ သေခြာသွားပြီ

ဘာတွေရယ် ဘယ်လိုဖြစ်သွားလဲ

နာကျင်ခြင်းကို ဟန်လုပ်ပြုံးနေလဲ

ငါ့နှလုံးသားကွဲကြေပြီ

ဖြူဖြူစင်စင်ကောင်မလေးကို

တကယ်ကြင်ကြင်နာနာချစ်ခဲ့လဲ

ဘာမှရေရေရာရာမတွဲရသေးခင်

မြန်မြန်ဆန်ဆန်လမ်းခွဲပြီ

ကျွန်တော်ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတယ်

ကျွန်နော်ယုံယုံကြည်ကြည်ချစ်ခဲ့လည်း

အခုတော့နာနာကျင်ကျင်နူတ်ဆက်ရပြီ

ဟေး တာ့တာ

တာ့တာ

တာ့တာ

တာ့တာ

ဂွတ်ဒ်ဘိုင်

ဂွတ်ဒ်ဘိုင်

G.O.O.D.B.Y.E

Nu-Nu

Nu Nu'dan Daha Fazlası

Tümünü Görlogo