* သက်ဝေ *
ဆို-ပြည့်ဖြိုးအောင်
(G) သစ္စာ မဏ္ဍိုင်
မြဲ ခိုင်ခဲ့ပေ...
မေတ္တာ မိုးတွေ
သွန်း..ဖြိုးရွာစွေ
အသည်းမှာ စွဲမက်...
အသက်ကို ပုံမယ်လေ....
သစ္စာ မဏ္ဍိုင်
မြဲ ခိုင်ခဲ့ပေ
မေတ္တာ မိုးတွေ
သွန်း..ဖြိုးရွာစွေ
အသည်းမှာ စွဲမက်
အသက်ကို ပုံမယ်လေ...
တစ်ကိုယ်လုံး သိမ်းကျုံး....
လိုရာသုံး သက်ဝေ
အပြုံး မပျက်ပေါင်
စိတ်လက် ရှည်ရှည်
အချစ်အတွက်ဖြင့်
အသက်ပင် သေသေ
အသွေး ယူ
အသားကို လှူလှူ
စိတ်တူတယ် ရီရီပြုံးပြုံး....
မဒီဒေ၀ီ ဝေသန်ထုံးလို....
နှလုံး ပြုကာ
ကြည်ဖြူ မှာပေ
သက်ဝေ အလိုကျ
ဆိုသမျှ
ကိုယ်ရော စိတ်က
လိုက်လျောရပါမယ်လေ....
(B)ဓူဝံကြယ် မြေမှာခကြွေ....
ကောင်းကင်မှာ
နေလတွေ ကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာကြေ....
သွေကွက်မယ်
စိတ်ဝယ် မပွေ
ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ
နေလတွေ ကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာကြေ....
သွေကွက်မယ်
စိတ်ဝယ် မပွေ
ချစ်တဲ့သူ
အမူတုံးကလေးက....
တိမ်စင် လနှယ်
အလှကြွယ်ရှာပေ
ကြာကြာလေ
မရိုးတဲ့အပြင်
ဆတပိုးတိုးတဲ့ အချစ်တွေ....
ကမ္ဘာမြေ
အသင်္ချေ လဲတောင်
မကွဲအောင်
တောင်းဆု ကိုခြွေ
သက်ဝေ ချစ်မက်
မပြေတယ်လေ...
(G) ခိုင်း တော့ သက်ဝေ....
အချစ် စမ်းရင်စမ်း
မစမ်းရင် နေ
ထူးတဲ့ ခင်မင်တာတွေ...
အသက်ကို
စွန့်ရ တောင်ပင်
မငြိုငြင်ဘူးရှင့်
အသင့် လိုရာစေ
(B) မခိုင်းရက်ဘူး..ကွဲ့ ....
ဒီ ကိုယ့်လည်ဆွဲ
ပုလဲ သွယ်ရေ
ရှေ့က မောင်သာအစဉ်နေ....
အသက်နဲ့ ထပ်တူ
ကြင်မလေ ရင်ကို ခွဲလို့ ....
အသည်း လိုရာစေ
ချစ်သက်ဝေ... နှမ
စိတ်တိုင်း ကျကျ
ပျော်သလိုသာနေ
လှသထက် လှမယ်ဆိုရင်....
ဆေးဖက် ၀င်ပါသလား...
မောင့် အသားတွေ
မောင့် အသွေးတွေ
မောင့် အသည်းတွေ
သြော် မောင့်နှလုံးတွေ.....
အသုံးပြုပါ လေ..
ကြည်ဖြူ ပါတယ်
လိုရာကို ယူစေ...
(G)ဓူဝံကြယ် မြေမှာခကြွေ....
ကောင်းကင်မှာ
နေလတွေ ကွယ်စေ
မြမြင့်မိုရ် ပြိုအက်ခါကြေ...
သွေကွက်မယ်
စိတ်ဝယ် မပွေ
(B)ဓူဝံကြယ် မြေမှာခကြွေ....
ကောင်းကင်မှာ
နေလတွေ ကွယ်စေ
မြမြင့်မိုရ် ပြိုအက်ကာကြေ....
သွေကွက်မယ်
စိတ်ဝယ် မပွေ
ချစ်တဲ့သူ
အမူတုံးကလေးက
တိမ်စင် လနှယ်
အလှကြွယ် ရှာပေ
ကြာကြာလေ
မရိုးတဲ့အပြင်
ဆတပိုးတိုးတဲ့ အချစ်တွေ.....
(G+B)..ကမ္ဘာမြေ
အသင်္ချေလဲတောင်
မကွဲအောင်
တောင်းဆု ကိုခြွေ
သက်ဝေ...
ချစ်မက် မပြေတယ်.လေ...