menu-iconlogo
huatong
huatong
Şarkı Sözleri
Kayıtlar
မွန်းကြပ်တဲ့နေ့ရက်များမှာ ငါ့ကိုယ်ငါပြန်သုံးသပ်ခဲ့

လွဲမှားစွာဆုံးဖြတ်မိတဲ့ ငါရဲ့မှားတဲ့ဆုံးဖြတ်ချက်

ဟိုးတုန်းကပျော်စရာများတဲ့ ငါတို့နှစ်ယောက်ရဲ့အတိတ်ဘဝ

လမ်းများစွာလျှောက်ကာသွားခဲ့ အဲဒီနေ့တွေမေ့မရ

မေ့မရပါ အတိတ်ဘဝကို ငါ့ရဲ့စိတ်မှာလွမ်းနေတုန်း

လွမ်းနေတုန်းနှုတ်ဆက်သွားတာ အခုတော့ ငါ့မှာလမ်းတွေဆုံး

လမ်းတွေဆုံး ချစ်သူလေးကို ငါ့ရဲ့အနားမှာရှိချင်သေးလို့

စိတ်ကူးယဉ် ငါ့ရဲ့အတွေးဟာ ကောင်းကင်ကြီးပြို မည်းမှောင်မှိုင်းညို့

ကံဆိုးမိုးမှောင်ကျတဲ့အခါ ချစ်သူလက်ကိုစွဲကိုင်ထား

အကျင့်ပါသွားခဲ့တာ ချစ်သူမရှိတော့လက်မှိုင်ချ

ဘာ့ကြောင့်များ အချစ်ကိုကိုးကွယ်မိလဲ သိချင်တာ

ဟိုးအရင်ကလိုပဲ မင်းရဲ့အနားမှာရှိချင်တာ

ဒီလိုနဲ့ပဲ သစ်ရွက်လေးတွေ တဖြုတ်ဖြုတ်ကြွေ

မိုးဆောင်းနွေ ပြက္ခဒိန်တွေ တစ်မျိုးပြောင်းနေ

အတိတ်ကိုတွေး စိတ်မှာဆွေးမိတာ အဆိုးအကောင်းတွေ

အကျိုးအကြောင်းတွေ လွဲခဲ့ရတော့ တို့နှစ်ယောက်ဝေး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့

ခံစားရ ခက်နေလို့

ဒီစိတ်နဲ့ ရူးနေလို့

ရင်ထဲမှာ သိပ်ချစ်မိတာကိုး

လွမ်းစရာတွေ့ရင် ရူးအောင်လောက်အောင် စိတ်ညစ်တာမို့

လမ်းမှာတွေ့ရင် ပြောပြပေးပါ သိပ်ချစ်တာကိုး

လူတွေ လွမ်းဆွေး တွေးငေးပြေး ဟိုအဝေး

ဒါပေမယ့်လည်းအချစ်နဲ့ ကင်းကိုမကင်းနိုင်တော့လည်း စိတ်တွေလေး

ပူပန်သောက ပူလောင်ဒေါသ မောရတဲ့နေ့တွေဆိုတာ

အချစ်နဲ့တွေ့တဲ့လူတွေအတွက်တော့ သံသရာတစ်လျှောက်မှာ ရေတွက်လို့မရ

မာနတွေခဝါချပြီး အချစ်ရဲ့အောက်မှာ ဒူးတွေထောက်ကျ

ပေးဆပ်ရ ဒီဘဝ အချစ်ကြောင့်ပဲ စိတ်တွေပြောင်းသွား

အချစ်စိတ်နဲ့ အရာအားလုံးကို ထိန်းချုပ်ထား

ဒီစိတ်နဲ့စား ဒီစိတ်နဲ့သွား ဒီစိတ်နဲ့ အသက်ဆက်ရှင်နေရတာလား

အချစ်ကြောင့်ရူး အချစ်ကြောင့်မူး သီချင်းတွေလည်း ရေးခဲ့ဖူးတယ်

အချစ်ဒုက္ခ အချစ်မရှိမှ တစ်ယောက်ထဲပဲဝမ်းနည်းခဲ့ရ

အချစ်ရဲ့အဝေး ကိုယ်ထွက်ပြေး တခါတလေတော့လည်း စိတ်ညစ်ဖူးတယ်

အချစ်နာကျ အချစ်ဒဏ်များ မခံနိုင်တော့လည်း အရှုံးပေးဦးမယ်

စွဲလမ်းခြင်း လွမ်းဆွေးခြင်း မနေနိုင်လောက်အောင် သင်ခဲ့ဖူးတယ်

အချစ်တတ်ဆုံး သတိရဆုံး ကိုယ့်ရဲ့ဘဝမှာ တစ်ယောက်တည်းရှိမယ်

တွေဝေခြင်း ဟန်ဆောင်ခြင်း ဒီနောင်တတွေရမှ

ကိုယ်ရဲ့အဝေး သူထွက်ပြေး အချစ်ဆုံးကိုလည်း ဆုံးရှုံးဖူးတယ်

အမြဲ ရင်ထဲပြည့်ကျပ်နေလို့

ခံစားရ ခက်နေလို့

ဒီစိတ်နဲ့ ရူးနေလို့

ရင်ထဲမှာ သိပ်ချစ်မိတာကိုး

လမ်းမှာတွေ့ရင် ရူးအောင်လောက်အောင် စိတ်ညစ်တာမို့

လွမ်းစရာလေးတွေ ပြောပြပေးပါ သိပ်ချစ်တာကိုး

(လူတွေ လွမ်းဆွေး တွေးငေးပြေး ဟိုအဝေး

လွဲမှားစွာဆုံးဖြတ်မိတဲ့ ငါရဲ့မှားတဲ့ဆုံးဖြတ်ချက်

ဟိုးတုန်းကပျော်စရာများတဲ့ ငါတို့နှစ်ယောက်ရဲ့အတိတ်ဘဝ

အတိတ်ကိုတွေး စိတ်မှာဆွေးမိတာ အဆိုးအကောင်းတွေ

အကျိုးအကြောင်းတွေ လွဲခဲ့ရတော့ တို့နှစ်ယောက်ဝေး)

အမြဲ ရင်ထဲပြည့်ကျပ်နေလို့

ခံစားရ ခက်နေလို့

ဒီစိတ်နဲ့ ရူးနေလို့

ရင်ထဲမှာ သိပ်ချစ်မိတာကိုး

လွမ်းစရာတွေ့ရင် ရူးအောင်လောက်အောင် စိတ်ညစ်တာမို့

လမ်းမှာတွေ့ရင် ပြောပြပေးပါ သိပ်ချစ်တာကိုး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့

ခံစားရ ခက်နေလို့

ဒီစိတ်နဲ့ ရူးနေလို့

ရင်ထဲမှာ သိပ်ချစ်မိတာကိုး

လမ်းမှာတွေ့ရင် ရူးအောင်လောက်အောင် စိတ်ညစ်တာမို့

လွမ်းစရာလေးတွေ ပြောပြပေးပါ သိပ်ချစ်တာကိုး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့

ခံစားရ ခက်နေလို့

ဒီစိတ်နဲ့ ရူးနေလို့

ရင်ထဲမှာ သိပ်ချစ်မိတာကိုး

လွမ်းစရာတွေ့ရင် ရူးအောင်လောက်အောင် စိတ်ညစ်တာမို့

လမ်းမှာတွေ့ရင် ပြောပြပေးပါ သိပ်ချစ်တာကိုး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့

ခံစားရ ခက်နေလို့

ဒီစိတ်နဲ့ ရူးနေလို့

ရင်ထဲမှာ သိပ်ချစ်မိတာကိုး

လမ်းမှာတွေ့ရင် ရူးအောင်လောက်အောင် စိတ်ညစ်တာမို့

လွမ်းစရာလေးတွေ ပြောပေးပါ သိပ်ချစ်တာကိုး

Sai Sai Kham Leng/မျိုးကျော့မြိုင်/Alex/Zaya Thaw'dan Daha Fazlası

Tümünü Görlogo