menu-iconlogo
huatong
huatong
avatar

အိမ်

Sai Saing Mawhuatong
opelgtmicah1huatong
Şarkı Sözleri
Kayıtlar
သီချင်း - အိမ်

တေးဆို - စိုင်းဆိုင်မောဝ်

ဟိုစဉ်တုန်း အခါက

ငွေဆိုတဲ့ အရာဟာ

လူတွေအသုံးပြုဖို့ လဲလှယ်စရာပါ

အချိန်တွေပြောင်းလာတော့

ငွေဆိုတဲ့ အရာက

လူတွေကို အရောင်ဆိုးရင်း

သူ တဖြေးဖြေးဝါးမြိုသွား

ယုံကြည်ချက်ရယ် မရှိ

ခံယူချက်ရယ် မသိ

ရည်ရွယ်ချက်လည်း မရှိတော့

ပန်းတိုင်ရယ် မရှိ

အမှန်မမြင် တတ်လေတော့

အမြင်မှန် မရနိုင်တော့

အထင်အမြင်တွေ အစွန်းတစ်ဖက်ဆီ

ဖိတ်လို့ လွင့်စင်သွား

သဘောထားတွေ မတူညီတဲ့

လောကကြီးရဲ့ အလယ်မှာ

အနိမ့်အမြင့် မတူညီတဲ့အတွေး

အမှန်အမှားရဲ့ ပြဿ နာပါ

အတ္တတွေ ကိုယ်စီထား

တဖြေးဖြေးနဲ့ သူစိမ်းဆန်သွား

သွေးချင်း ညီအစ်ကို မောင်နှမ

စိတ်ဝမ်းကွဲ ကုန်ပြီ

ဒီအမေ ပြောတဲ့စကား

ပြန်လည် ကြားယောင်လာ

ဒီအိမ်ဟာ အဖိုးအဖွားတို့

ဆောက်တည်လာတာ

အမေရယ် မရှိလေတော့

မောင်နှမများ ဆန္ဒ

ဒီအိမ်ကို ငွေနဲ့လဲယူကြဖို့ ပြောကုန်ပြီ

သဘောထားတွေ မတူညီတဲ့

လောကကြီးရဲ့ အလယ်မှာ

အနိမ့်အမြင့် မတူညီတဲ့အတွေး

အမှန်အမှားရဲ့ ပြဿ နာပါ

အတ္တတွေ ကိုယ်စီထား

တဖြေးဖြေးနဲ့ သူစိမ်းဆန်သွား

သွေးချင်း ညီအစ်ကို မောင်နှမ

စိတ်ဝမ်းကွဲ ကုန်ပြီ

အဖေအမေ ပြောတဲ့စကား

ပြန်လည် ကြားယောင်လာ

ဒီအိမ်ဟာ အဖိုးအဖွားတို့

ဆောက်တည်လာတာ

အမေရယ် မရှိလေတော့

မောင်နှမများ ဆန္ဒ

ဒီအိမ်ကို ငွေနဲ့လဲယူကြဖို့ ပြောကုန်ပြီ

ဒီအိမ်ကို ငွေနဲ့လဲယူကြဖို့ ပြောနေပြီ

ဒီအိမ်ကို ငွေနဲ့လဲယူကြလို့ ခက်ကုန်ပြီ

ညီအစ်ကိုအရင်းတောင်

မချစ်တတ်ကြရင်

တစ်ခြားလူ ချစ်ဖို့ဆိုတာ umm

Sai Saing Maw'dan Daha Fazlası

Tümünü Görlogo