ငါတို့အိမ်?ဆို - ဓိရာမိုရ်/ရေး - အရိုး 
Cover-Min Thiha Thu 
Uploaded By slo95 
V:1•••အိမ်ခေါင်မိုးက မိုးမလုံလည်း 
ငါတို့လုံးဝ စိတ်မကုန်ပါ 
ရေခံခွက်အောက် 
မိုးစက် တပေါက်ပေါက်ကျသံဟာ 
တွံတေးကြီး တေးသံလား.……. 
•••အမေစံမြန်းတဲ့နန်းဆောင်အို 
ကိုရွှေသကြားမင်းဗိမ္မာန်မို့ 
စင်တင်ဇာတ်ထုပ်ထဲက 
အကောင်းစားတိုက်အိမ် 
တစ်လုံးနဲ့မလဲပါဗျို့ 
•••ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို 
ဆန်နီကြမ်းနဲ့ ဝမ်းတွေစို 
အခုရထားတဲ့လောကစည်းစိမ်တွေ 
နတ်ပြည်နဲ့မလဲဘူး.. 
CHO:•••အမေကောက်ညှင်းဆန် 
လက်တစ်ဆုပ်ပေါင်းနဲ့ထောင်းရင် 
နတ်ပေးတဲ့ ဩသဓဆေး... 
အတိတ်အနာဂတ်နဲ့ပစ္စုပ္ပန်မှာ 
တို့အိမ်က မခွဲကြေး 
ပညာမတတ် ဉာဏ်နည်းတဲ့ 
ဆင်းရဲသားတွေလို့ 
ကောင်းချီး ဩဘာပေး 
စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် 
တစ်ခေါက်လောက် မင်းလာကြည့်တော့ 
သူငယ်ချင်း... 
V:2•••မဟာဂေါဏ ဘို့အလယ်ထောင် 
စူဠဂေါဏ နောက်အငယ်ကောင် 
အတူ တစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် အမေ့ရဲ့ သားတော်မောင်... 
မဟာအန္ဓ အစ်ကို့နာမည် 
စူဠအန္ဓ ကျွန်တော့်နာမည် 
အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းတဲ့ အမေ့ရဲ့အားတွေပဲ 
•••ညီမလေးက နှီးထိုင်ဖြာ 
အဘက ဆေးတစ်ဆုံဖွာ 
မှောင်ရီလရိပ်အောက်က 
တိတ်တဆိတ်ညတွေမှာ 
အမေ့ရဲ့တရားသံနာ... 
•••လူဟာဘယ်လောက်ထိ အသက်ရှင်မလဲ ဘယ်လောက်အများဆုံး ရနိုင်မလဲ 
အခုရထားတဲ့ လောကစည်းစိမ်တွေ ဘယ်လောက်ကြာကြာ မြဲမလဲ 
CHO:•••လူဟာလောဘတရားနဲ့ 
ငရဲလမ်းသွားတဲ့ 
ဒုက္ခရဲ့အကောင်များ 
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ 
တင်းတိမ်ရောင့်ရဲကြ 
ပညာမတတ် ဉာဏ်နည်းတဲ့ 
ဆင်းရဲသားတွေလို့ 
နှာခေါင်းရှုံ့လက်ကာမလား 
စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် 
တစ်ခေါက်လောက် မင်းလာကြည့်တော့ 
သူငယ်ချင်း.. 
???️ 
•••ညီမလေးက နှီးထိုင်ဖြာ 
အဘက ဆေးတစ်ဆုံဖွာ 
မှောင်ရီလရိပ်အောက်က 
တိတ်တဆိတ်ညတွေမှာ 
အမေ့ရဲ့တရားသံနာ... 
လူဟာဘယ်လောက်ထိ အသက်ရှင်မလဲ ဘယ်လောက်အများဆုံး ရနိုင်မလဲ 
အခုရထားတဲ့ လောကစည်းစိမ်တွေ ဘယ်လောက်ကြာကြာ မြဲမလဲ 
CHO:•••လူဟာလောဘတရားနဲ့ 
ငရဲလမ်းသွားတဲ့ 
ဒုက္ခရဲ့အကောင်များ 
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ 
တင်းတိမ်ရောင့်ရဲကြ 
ပညာမတတ် ဉာဏ်နည်းတဲ့ 
ဆင်းရဲသားတွေလို့ 
ကောင်းချီး ဩဘာပေး 
စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် 
တစ်ခေါက်လောက် မင်းလာကြည့်တော့ 
သူငယ်ချင်း.. 
စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် 
တစ်ခေါက်လောက် မင်းလာကြည့်တော့ 
သူငယ်ချင်း.. 
©️Shile Lwin™️