menu-iconlogo
huatong
huatong
avatar

မြင့်မိုရ်ထက်မြင့်သော

Wine Su Khaing Theinhuatong
mom669echuatong
Şarkı Sözleri
Kayıtlar
သီချင်း - မြင့်မိုရ်ထက်မြင့်သော

တေးဆို- ဝိုင်းစုခိုင်သိန်း

တေးရေး - စန္ဒရားလှထွတ်

မြင့်မိုရ်ထက်မြင့်သော နေရာ

မိုးတိမ်သားတွေရဲ့ အပေါ်မှာ

ဝတိံဘုံဖျား ထက်မှာ

ငွေလဝန်းကြီးပမာ ရှိနေတာ

နှိုင်းယှဉ်မရပါသော မာတာ

မြင့်မြတ်သော လူသားမိခင်ပါ

သည်ကမ္ဘာတစ်လွှားမှာ

အညီအမျှထားစရာ အနန္တငါးဖြာ

သန္ဓေ အသွေး အသားနဲ့ဝမ်းထဲမှာ

အနေမွေး ဖွားကြမ်းတမ်းတဲ့ကန္တာ

ရေ ကလေးတစ်ပေါက်ကျသည့် ပုံပမာ

ရင်မှာချမ်းမြေ့ ကြရတာ

ငယ်ထွေး ကလေးဘဝမှစခါ

တကယ်ထွေး ပွေ့ယုယချစ်ကြင်နာ

အရွယ်ကလေး ရသည့် တိုင်သာ

လိမ္မာရေးခြား အတွေးများ

လမ်းခင်းပေးခဲ့တာ

မြင့်မိုရ်ထက်မြင့်သော နေရာ

မိုးတိမ်သားတွေရဲ့အပေါ်မှာ

ဝတိံဘုံဖျားမှာ

ထာဝစဉ်ရှိနေတာ မာတာအမိပါ

နှိုင်းယှဉ်မရပါသော မာတာ

မြင့်မြတ်သော လူသား မိခင်ပါ

သည်ကမ္ဘာတစ်လွှားမှာ

အညီအမျှထားစရာ အနန္တငါးဖြာ

သန္ဓေ အသွေး အသားနဲ့ဝမ်းထဲမှာ

အနေမွေး ဖွားကြမ်းတမ်းတဲ့ကန္တာ

ရေ ကလေးတစ်ပေါက်ကျသည့် ပုံပမာ

ရင်မှာ ချမ်းမြေ့ကြရတာ

မြင့်မိုရ်ထက်မြင့်သော နေရာ

မိုးတိမ်သားတွေရဲ့ အပေါ်မှာ

ဝတိံဘုံဖျားမှာ

ထာဝစဉ်ရှိနေတာ မာတာအမိပါ

Wine Su Khaing Thein'dan Daha Fazlası

Tümünü Görlogo