menu-iconlogo
huatong
huatong
avatar

နှလုံးသားရှာသူ

Y Winehuatong
spirit97756huatong
Şarkı Sözleri
Kayıtlar
သီချင်း - နှလုံးသားရှာသူ

တေးဆို - ၀ိုင်၀ို်င်း

ငါလိုချင်နေတာ နှလုံးသားအစစ်ပါ

ငါရရှိတာရောင်စုံခြယ်များ

ဒီကမ္ဘာ ကုန်အောင် လမ်းလျှောက်လို့ရှာမယ်

ပေပေတေတေ ငါဆုံးဖြတ်ခဲ့တယ်

ငါ့ခရီးလမ်းဟာ အန္တရာယ်တွေများ

ဇာတ်သိမ်းလှဖို့ အချစ်တစ်ခု ရှာဖွေနေဦးမယ်

ကမ္ဘာမြေပြင် အဆုံးထိအောင် ရွက်လွင့်လိုငါဖွေရှာ

ရှာမှရှားတယ် နှလုံးသားများ

အရောင်ဆိုးထား

ကွေ့ကောက်တဲ့လမ်းကြမ်းမှာ

မျက်ရည်များစီးခဲ့တယ် မောပန်းလွန်းပြီး

ဂစ်တာကိုင်ကာ ခရီးဆက်ခဲ့တယ်

ဖြတ်သန်းခဲ့တဲ့ပင်လယ်ပြင်များ

ဒီကမ္ဘာပေါ်မှာ အချစ်မရှိတော့ပြီလား

ငါရှာဖွေနေတာ နှလုံးသားအစစ်ပါ

အိမ်မက်နိဗ္ဗာန် ဘယ်ဆီဘယ်မလဲ

ဇာတ်သိမ်းလှဖို့အချစ်တစ်ခု

ရှာဖွေနေဦးမယ်

ကမ္ဘာမြေပြင် အဆုံးထိအောင် ရွက်လွင့်လိုငါဖွေရှာ

ရှာမှရှားတယ် နှလုံးသားများ

အရောင်ဆိုးထား

ကွေ့ကောက်တဲ့လမ်းကြမ်းမှာ

မျက်ရည်များစီးခဲ့တယ် မောပန်းလွန်းပြီး

ကမ္ဘာမြေပြင် အဆုံးထိအောင် ရွက်လွင့်လိုငါဖွေရှာ

ရှာမှရှားတယ် နှလုံးသားများ

အရောင်ဆိုးထား

ကွေ့ကောက်တဲ့လမ်းကြမ်းမှာ

မျက်ရည်များစီးခဲ့တယ် မောပန်းလွန်းပြီး

ဂစ်တာကိုင်ကာ ခရီးဆက်ခဲ့တယ်

ဖြတ်သန်းခဲ့တဲ့ပင်လယ်ပြင်များ

ဒီကမ္ဘာပေါ်မှာ အချစ်မရှိတော့ပြီလား

ငါရှာဖွေနေတာ နှလုံးသားအစစ်ပါ

အိမ်မက်နိဗ္ဗာန် ဘယ်ဆီဘယ်မလဲ

ဇာတ်သိမ်းလှဖို့အချစ်တစ်ခု

ရှာဖွေနေဦးမယ်

ငါရှာဖွေနေတာ အချစ်စစ်တစ်ခုပါ

ဇာတ်သိမ်းလှဖို့ အချစ်တစ်ခုရှာဖွေနေဦးမယ်

Y Wine'dan Daha Fazlası

Tümünü Görlogo
Y Wine, နှလုံးသားရှာသူ - Sözleri ve Coverları