menu-iconlogo
huatong
huatong
--cover-image

ကျောင်းသီချင်း

ကဗျာဘွဲ့မှူးhuatong
LaYakeKhohuatong
بول
ریکارڈنگز
ကျောင်းသီချင်း

ဆို - ကဗျာဘွဲ့မှုး

Music

နင်လည်း နင့်အိမ်ပြန်သင့်ပြီ

ငါလည်း ငါ့အိမ်ပြန်တော့မည်

အချိန်ဇယားနဲ့တွေ့ အချိန်ဇယားနဲ့ချစ်

အချိန်ဇယားနဲ့ ခွဲခွာရဦးမည်

လိုင်ဘရီ ထဲကမျက်ရည်စများသည်

နင့်အား သက်သေပြဦးမည်

စာကြည့်စားပွဲမှအချစ် ဗီရိုထဲသိမ်းမည်

ခိုင်ခံ့တဲ့သော့တွေ ခတ်ထားမည်

Music

ရင်ဘတ်ထဲက သီချင်းသံများသည်

ဂစ်တာတီတိုင်း ပန်းလိုကြွေကျသည်

သိပ်ရင်းနှီးသော မဂ္ဂဇင်းတချို့မှာ

ကဗျာရေးတဲ့ အလုပ်ကိုလုပ်ဦးမည်

ငါချော်လဲတိုင်း နင့်ကိုသိပ်လွမ်းသည်

နင်ချော်လဲတိုင်း အမြဲငါထူခဲ့သည်

ရယ်မောရင်းနဲ့ ရန်ဖြစ်ကြသည်

ဟိုတုန်းကတို့တွေ အလွန်ချစ်သည်

(ကျောင်းသီချင်း ကျောင်းသတင်းတွေ

ကျောင်းဝင်းထဲမှာ..ဆို...ဟို...

ကျောင်းဝင်းထဲမှာဆို

ကျောင်းသီချင်း ကျောင်းသတင်းတွေ

ကျောင်းဝင်းထဲမှာ..ဆို...ဟို...

ကျောင်းဝင်းထဲမှာဆို..)

Music

နင်ညည ငါ့အဆောင်လာတတ်သည်

ငါးလည်းပဲ မုန်ု့တွေဝယ်ထားသည်

အဆောင်မှုးသိတော့ ဒဏ်ပေးတတ်သည်

ဟိုတုန်းကတို့တွေ အလွန်ချစ်သည်

ငါတို့နှစ်ယောက်အချစ်သည် မွန်မြတ်သည်

အသက်ပေးမလောက် သက်သေထူကြသည်

ဘာပဲဖြစ်ဖြစ် ချစ်တိုင်းလွဲသည်

ဟိုတုန်းကတို့တွေ အလွန်ချစ်သည်

(ကျောင်းသီချင်း ကျောင်းသတင်းတွေ

ကျောင်းဝင်းထဲမှာ..ဆို...ဟို...

ကျောင်းဝင်းထဲမှာဆို

ကျောင်းသီချင်း ကျောင်းသတင်းတွေ

ကျောင်းဝင်းထဲမှာ..ဆို...ဟို...

ကျောင်းဝင်းထဲမှာဆို...)

Thank you

LaYakeKho

ကဗျာဘွဲ့မှူး کے مزید گانے

تمام دیکھیںlogo