menu-iconlogo
huatong
huatong
--cover-image

ဒီတခါမခွဲတော့ဘူး

ခင်စုစုနိုင်huatong
🌷💞အရိပ်💝🌷🇲🇲huatong
بول
ریکارڈنگز
မျှော်လင့်မထားတဲ့ အဆိုးတွေ

ရင်ဆိုင်ရတဲ့ အချိန်မှာ

ပျော်ရွှင်ဖူးခဲ့ အတိတ်ကို

ရင်မှာ တမ်းတခြင်း အပြည့်နဲ့

ပြန်ငေးကြည့်မိနေ

နှစ်ယောက်သားနေ့ရက်တချို့

တစ်ခါပြန် လွမ်းနေတယ်

ကိုယ်နောက်လှည့်ခဲ့ပြီ

ဒီတစ်ခါ မခွဲတော့ဘူး ယုံနော် .....

ကိုယ်ကျောခိုင်း မင်းရင်ခွင်

အကြင်နာအသစ်ကိုပဲ ယုံကြည်

ထင်သလိုမဖြစ်မှ အသည်းကြွေ

မြေမှာလဲပြိုသော အခိုက်အတန့်

တစ်ကယ်တမ်း မင်းမရှိရင်

မလွယ်ဘူး ကိုယ့်အတွက်လို့

အသေအချာ သိတဲ့အချိန်

ကိုယ်နောက်လှည့် ခဲ့ပြီ

ဒီတစ်ခါ မခွဲတော့ဘူး ယုံနော် .....

ကိုယ်လိုနေသမျှ ဘာမဆို

သူ ဖြည့်ဆည်းပေး

အလုံခြုံဆုံး ဒီအချစ်များ

တစ်ကယ်ဝေးမှသိ

ကိုယ်မှားခဲ့သမျှကို

ပြန်ပြီးခွင့်လွှတ်ဖို့

ပြန်ဆုံရင် တောင်း ပန် မယ်

ကိုယ်နောက်လှည့် ခဲ့ပြီ

ဒီတစ်ခါ မခွဲတော့ဘူး မင်းနဲ့ .......

ကိုယ်လိုနေသမျှ ဘာမဆို

သူ ဖြည့်စွက်ပေး

အလုံခြုံဆုံး ဒီအချစ်များ

တစ်ကယ်ဝေးမှသိ

ဘယ်လိုပဲ မင်းမုန်းပါစေ

ကိုယ်က အချစ်တို့နဲ့

ပြန်လည် ပေးဆပ်မယ် ......

ကိုယ်နောက်လှည့် ခဲ့ပြီ

ဒီတစ်ခါ မခွဲတော့ဘူး ယုံနော်.......

ကိုယ်နောက်လှည့် ခဲ့ပြီ

ဒီတစ်ခါ မခွဲတော့ဘူး ယုံနော်.......

ခင်စုစုနိုင် کے مزید گانے

تمام دیکھیںlogo