ချစ်ထုံးဖြေပါ
ခင်ဝမ်း
0း 25
သင်းပျံ့တဲ့ပန်းခင်းထဲမှာ ပျံဝဲရင်း
အဆိပ်သင့်တဲ့ ပျားပိတုန်းအဖြစ်တွေလို
ရှင်းသန့်တဲ့ ခရီးလမ်းကြောင်းမှာ
လျှောက် လှမ်းရင်း
ခလုတ်ထိတဲ့ တို့ရဲ့အဖြစ်တွေကို
မုန်းသူများရဲ့အချစ်ကို ယုံမိတာ
ရှုံးသူမှားတဲ့ စနစ်လေလား
သိပ်သိချင်တယ် မေးကြည့်ချင်တယ်
ဖြေနိုင်တုန်း ဖြေပါဦး
အလင်းမဲ့တဲ့ ညဥ့်နက်သန်းခေါင်
ကျက် စားရင်း
အသိုက်မှားတဲ့ လင်းနို့ငှက်ငယ်လို
အပြစ်မဲ့တဲ့ အချစ်ရဲ့နောက်ကို
စေ စားရင်း
စခန်းပျောက်တဲ့ တို့ရဲ့ဝိညဉ်ကို
ဝေးနေတုန်းတော့ မေ့နေနိုင်သေးတာ
တွေ့လေဦးတော့ စိတ်တွေကစား
သိပ်သိချင်တယ် မေးကြည့်ချင်တယ်
ဖြေနိုင်တုန်း ဖြေစေချင်တယ်
သင်းပျံ့တဲ့ပန်းခင်းထဲမှာ ပျံဝဲရင်း
အဆိပ်သင့်တဲ့ ပျားပိတုန်းအဖြစ်တွေလို
ရှင်းသန့်တဲ့ ခရီးလမ်းကြောင်းမှာ
လျှောက် လှမ်းရင်း
ခလုတ်ထိတဲ့ တို့ရဲ့အဖြစ်တွေကို
မုန်းသူများရဲ့အချစ်ကို ယုံမိတာ
ရှုံးသူမှားတဲ့ စနစ်လေလား
သိပ်သိချင်တယ် မေးကြည့်ချင်တယ်
ဖြေနိုင်တုန်း ဖြေပါဦး
အလင်းမဲ့တဲ့ ညဥ့်နက်သန်းခေါင်
ကျက် စားရင်း
အသိုက်မှားတဲ့ လင်းနို့ငှက်ငယ်လို
အပြစ်မဲ့တဲ့ အချစ်ရဲ့နောက်ကို
စေ စားရင်း
စခန်းပျောက်တဲ့ တို့ရဲ့ဝိညဉ်ကို
ဝေးနေတုန်းတော့ မေ့နေနိုင်သေးတာ
တွေ့လေဦးတော့ စိတ်တွေကစား
သိပ်သိချင်တယ် မေးကြည့်ချင်တယ်
ဖြေနိုင်တုန်း ဖြေစေချင်တယ်
ဖြေပါဦး ဒီချစ်ထုံး
ဖြေပါဦး ဒီချစ်ထုံး
ဖြေပါဦး ဒီချစ်ထုံး
ဖြေ ပါ ဦး
By AyeKyaw greentiger