အကြွေးရတောင်မလွမ်းတော့ပါဘူး
တေးရေး/မောင်ကျော်ဇော
တေးဆို/ချိုပြုံး
×××××××××××××××××××××
မိုးကုတ်စက်ဝိုင်း နံရံတံတိုင်းကိုသာ
ခေါင်းတိုးပြေးဝင်...
တိုက်ချင်တိုက်ပစ်လိုက် မယ်လေ...
နောက်မှာ တဖြည်းဖြည်း
ဝေးကျန်ခဲ့တဲ့
အတိတ်ကိုကြည့်ပြီး ..
ဘယ်တော့မှ
မလွမ်းတော့ဘူး မောင်ရေ
ရင်နာစရာတွေ မင်္ဂလာပါဘဲ...
မမုန်းရဲအောင် ချစ်တဲ့သူကိုမှ
နှလုံးကွဲအောင် အပြစ်ဖွဲ့ ယူတော့
ဒီမှာလေ ရှုံးတော့ဘာဖြစ်သေးလဲ
အားလုံးကို စွန့်လွှတ်ရဲတာ
ချိုပြုံး ကမ္ဘာမှာ...
အချစ်လို့ အချစ်လို့ ခေါ်ပါတယ်....
××××××××××××××××××××
နန်းသပြေမှ ခံစားတင်ပေးသည်။
××××××××××××××××××××
နောက်မှာ တဖြည်းဖြည်း
ဝေးကျန်ခဲ့တဲ့
အတိတ်ကိုကြည့်ပြီး ..
ဘယ်တော့မှ
မလွမ်းတော့ဘူး မောင်ရေ
ရင်နာစရာတွေ မင်္ဂလာပါဘဲ
မမုန်းရဲအောင် ချစ်တဲ့သူကိုမှ
နှလုံးကွဲအောင် အပြစ်ဖွဲ့ ယူတော့
ဒီမှာလေ ရှုံးတော့ဘာဖြစ်သေးလဲ
အားလုံးကို စွန့်လွှတ်ရဲတာ
ချိုပြုံး ကမ္ဘာမှာ...
အချစ်လို့ အချစ်လို့ ခေါ်ပါတယ်....
××××××××××××××××××××
အချစ်နဲ့ မနီးသော
အတိတ်ကို ချစ်ခဲ့ပြီးမှ
စိတ်နာရအောင်
မောင် မောင် တစ်မောင်မောင်နဲ့
သိပ်ခေါ်ရမှ အိပ်ပျော်ရတဲ့
ဘဝမျိုးလဲ မဟုတ်တော့ပါဘူးကွယ်
အမုန်းရဲ့ မျက်လုံးအောက်မှာ
တစ်ယောက်ထဲ
လမ်းလျှောက်ပေမယ့်
နောင်လည်း မလွမ်းလောက်ပါဘူး
လေရူးမွှေတဲ့ သစ်ပင်လို......
အရွက်ပင်ကြွေသော်လဲ
မုန်တိုင်းကို ကျောပေးထားမယ်
လောကမှာ ပျော်စရာတွေးရင်
သောကဟာတော်ရာပြေးစတမ်း
အဝေး အဝေးသို့
ရှောင်စမ်းမောင်ရေ
အကြွေးရတောင် မလွမ်းတော့ပါဘူး
အကြွေးရတောင် မလွမ်းတော့ပါဘူး
ရင်နာစရာတွေ မင်္ဂလာပါဘဲ...
မမုန်းရဲအောင် ချစ်တဲ့သူကိုမှ
နှလုံးကွဲအောင် အပြစ်ဖွဲ့ ယူတော့
ဒီမှာလေ ရှုံးတော့ဘာဖြစ်သေးလဲ
အားလုံးကို စွန့်လွှတ်ရဲတာ
ချိုပြုံး ကမ္ဘာမှာ...
အချစ်လို့အချစ်လို့ ခေါ်ပါတယ်....
×××××××××××××××××××××
ကျေးဇူးတင်ပါတယ်ရှင်။