menu-iconlogo
huatong
huatong
بول
ریکارڈنگز
M?အခန်းထဲမှာ တယောက်တည်းပဲမွန်းကြပ်လို့

ထွက်ပေါက်ကဘယ်နားမှာလဲ ရုန်းထွက်ဖို့

ဒီလိုမျိုးပဲတယောက်ထဲပဲ

အောင်မြင်လိုက် ကျရှူံးလိုက်

ဘဝကိုလေ ငါတယောက်တည်းပဲမေးခွန်းထုတ်

ယုံကြည်ပါကွာ မင်းကလွဲအခြားတယောက်လဲ

ငါမပြောင်းပါစိတ်ချထား

ဒီလိုပါကွာ မိန်းကလေးရယ်

မင်းနဲ့တွေ့မှ အချစ်ကဘဝတခုဖြစ်လာတာ

အဆိုးထဲက အကောင်းပါပဲ

ကောင်းမလေး မင်းအချစ်ကြောင့်

ပြောင်းလာတဲ့ငါ့စိတ်ကတချိန်ကလွှမ်းပိုင်နဲ့

တကယ်ပြောင်းပြန်ကွဲ အပိုအကြောင်းအရာမဲ့

လျောက်မပြောပါတကယ်

မင်းလေးသာယုံမယ်ဆိုရင်ကွယ်

ဆုတောင်းပါတယ် အမြဲတမ်းကြုံရင်လဲ

ဘယ်လိုကြုံပါစေ အဆိုးကောင်းဒွန်လိုတွဲ

မင်းနဲ့အတူပေါင်းဖက်ချင်နေဆဲပါ

တကယ်ကိုလေ ငါလိုအပ်ဆဲပါ

ဘယ်တော့မှမပြောနဲ့ ဘယ်လိုပြတ်ဆဲမှာ

လမ်းခွဲစကားကြောင့်ငါငိုတတ်ဆဲပါ

အနမ်းမဲ့အလွမ်းတွေကို မရင်ဆိုင်ရဲတာ

အခုထိငါမရင့်ကျက်သေးပါဘူး

နလုံးသားရေးမှာ ချင့်ချိန်ငါမတွေးနိုင်ဘူး

သဘောထားတွေလဲ တကယ်ပါသေးငယ်သူ

ပတ်ဝန်းကျင်ပြောပြောလဲ ဂရုမစိုက်ဘူး

F?မလိုချင်ပါ နင်နဲ့ငါနဲ့ကြား

အမုန်းစကားတွေအား

ဘယ်လိုအခက်အခဲတွေလာ ကာစီးပါစေကွာ

M?ဘာတွေမှမလိုအပ်ခဲ့

အခက်ခဲတွေအတားအဆီးတွေ

အကုန်ဖြတ်မဲ့ မင်းပေးမဲ့အချစ်တွေပဲ

စုံမက်တယ် ငါတွက်ကိုလိုတာပါ ယုံလိုက်အမြဲ

F?နင်သာလေ ငါရဲ့အမှောင်တွေကို

အလင်းပေးသူပါ နင့်ကြောင့်သာရရှိခဲ့တဲ့

ငါပျော်ရွင်စရာများ

M?ထာဝရအချစ်တွေပိုစေ သဒ္ဒါဝါကျတွေစီတွေး

ငါရေးထားတဲ့ဒီတေး

အချစ်ဆုံးမင်းအတွက်သီကြွေး

F?နင်လေအချိန်တွေကြာရင်မေ့သွားမလား(မမေ့ဘူး)

နေချင်ပါတယ်နင်နဲ့မဝေး တဖဝါးမှ(ထပ်တူ)

M?လိုချင်ယူသွား မင်းလေးအတွက်အကုန်လုံး

မညိုညင်ပါဘူး ပေးဆပ်ချင်လို့

F?ကံကြမ္မာကိုလေ မယုံနိုင်လို့ကြားလား

ဒဏ်ရာတွေနဲ့နင်လေတနေ့များမှာ

ထားသွားမှာလား

M?ဘယ်တော့မှမဖြစ်နိုင်ဘူးကွာ

မင်းနဲ့ငါလမ်းခွဲဖို့

ရှေးအတိတ်ကဟောပြောခဲ့သလို

မင်းကငါရဲ့လိုနေတဲ့ တခြမ်းပဲမို့

M?ထား ထား ထား ထား ထား ထား

အကုန်ဝဲလိုက်အခု အချစ်ကိုမလဲနိုင်ဘူး

မင်းလေးသာငါရဲ့တပင်တိုင်အချစ်ဦး

ယှဉ်မထားပါဘူး ထိပ်ထားသူတဦး

မင်းလောက်ဘယ်အရာမှ အရာမဝင်သွားပါဘူး

၂၄နာရီနဲ့၇ရက် ဒီတသက်မဟုတ်တောင်မှ

ငါလေဒီတရက် မင်းနဲ့မခွဲချင်ပါ

ဘယ်လိုဘာအတွက် အကြောင်းပြချက်က

တကယ်ကိုမလိုအပ်ခဲ့ ဘယ်လိုပဲခွဲခွဲ

ပတ်ဝန်းကျင်မလိုတဲ့အစွဲနဲ့

ရှုတ်ချတဲ့စကားတွေကိုအမြဲပဲ

ကြားရလဲ ခေါင်းထဲမထည့်နဲ့

ဒီစကားတွေက အကြောင်းရင်းမဲ့တယ်

ဆုံချိန်ခဏကောင်းခြင်းပဲကွယ်

ပြောကျရင်းနဲ့ ခေါင်းစီးမဲ့တဲ့

လွမ်းတွေနဲသောင်းပြောင်းဖွဲ့နွဲ့

F?နင်လေအချိန်တွေကြာရင်မေ့သွားမလား(မမေ့ဘူး)

နေချင်ပါတယ်နင်နဲ့မဝေး တဖဝါးမှ(ထပ်တူ)

M?လိုချင်ယူသွား မင်းလေးအတွက်အကုန်လုံး

မညိုညင်ပါဘူး ပေးဆပ်ချင်လို့

F?ကံကြမ္မာကိုလေ မယုံနိုင်လို့ကြားလား

ဒဏ်ရာတွေနဲ့နင်လေတနေ့များမှာ

ထားသွားမှာလား

M?ဘယ်တော့မှမဖြစ်နိုင်ဘူးကွာ

မင်းနဲ့ငါလမ်းခွဲဖို့

ရှေးအတိတ်ကဟောပြောခဲ့သလို

မင်းကငါရဲ့လိုနေတဲ့ တခြမ်းပဲမို့

ခွဲခွာဖို့ကိစ္စက လုံးဝမရှိအခြားလူမသိတောင်

မင်းတော့သိ ငါ့ရင်ဘက်ထဲကအတွင်းနက်နက်ထိ

မင်းကရှိနေပြီးသား အမိ

ဘာဖြစ်လို့အပေါ်ယံအကြည့်နဲ့ကြည့်လဲ

ငါကမင်းကိုမချစ်ဘူးချည်းပဲ အမြဲတမ်းဆို

တကယ်တမ်းဆို မင်းအကြောင်းတွေးတိုင်း

ပေါက်ကရတွေနဲ့ခေါင်းခဲလို့ ပတ်ဝန်းကျင်

အနှောင်အဖွဲ့များနဲ့ကင်းပါတယ်

ဒီအကြောင်းတွေခေါင်းထဲမတွေးပါနဲ့

စဉ်းစားလို့လျောက်ပြီးလဲ မတင်းပါနဲ့

ငါ့ဘဝမှာ မင်းမှမင်းပါပဲ

မြုပ်ကွက်တွေကင်းရှင်းပါတယ်

လုပ်ဇာတ်တွေမခင်းကျင်းပါကွယ်

ဘယ်လိုထပ်လို့ရှင်းလင်းရမလဲ

မင်းစိတ်ကြိုက်ရှင်းလင်းပါမယ်

အမုန်းတွေထားခဲ့အချစ်ရေးမှာ

အကျိုးကံမလှလို့အဆိုးမှန်သမျှကို

တို့ကြုံရလဲ အနာဂတ်ကိုသာရှေးရှူတွေးမယ်

ဘာတွေအတွက်မှ စိတ်ဓာတ်မကျနဲ့

ဘယ်လိုအသက်တွေအိုကာ ပြောင်းလဲပါစေ

တို့နှစ်ယောက်အချစ်

ဘယ်လိုမှ မပြောင်းလဲကြေး

ယနေ့မှစ သေကာသွားတဲ့တနေ့

F?နင်လေအချိန်တွေကြာရင်မေ့သွားမလား(မမေ့ဘူး)

နေချင်ပါတယ်နင်နဲ့မဝေး တဖဝါးမှ(ထပ်တူ)

M?လိုချင်ယူသွား မင်းလေးအတွက်အကုန်လုံး

မညိုညင်ပါဘူး ပေးဆပ်ချင်လို့

F?ကံကြမ္မာကိုလေ မယုံနိုင်လို့ကြားလား

ဒဏ်ရာတွေနဲ့နင်လေတနေ့များမှာ

ထားသွားမှာလား

M?ဘယ်တော့မှမဖြစ်နိုင်ဘူးကွာ

မင်းနဲ့ငါလမ်းခွဲဖို့

ရှေးအတိတ်ကဟောပြောခဲ့သလို

မင်းကငါရဲ့လိုနေတဲ့ တခြမ်းပဲမို့

စင်ဒီ/လွှမ်u200bးပိုင်u200b کے مزید گانے

تمام دیکھیںlogo