menu-iconlogo
huatong
huatong
بول
ریکارڈنگز
အချစ်ထောင် (တီးပေးသူ ထူးကျော်)

တေးဆို စိုင်းထီးဆိုင်

အချစ်ထောင်……

သံယောဇဉ်ကြိုးနဲ့တည်းနှောင်ထားတဲ့

အကျဉ်းဆောင်…………..

ကိုယ်ဘယ်လိုလုပ်ပြီး

ရုန်းမှာလဲ မင်းပြောပါ

ကိုယ်ပိုင်တဲ့လွတ်လပ်မှုတွေစွန့်လွှတ်

ထားလိုက်ပြီ

အချစ်ထောင် လူ့လောကအကြီးမားဆုံး

အရာဝတ္ထု နှိုင်းမရအောင်

အပါယ်ဘုံဖြစ်လိုက် နတ်ပြည်ဖြစ်လိုက်

ရူးချင့်စရာ

မဆိုင်လှတဲ့ဦးနှောက်အတွေးအခေါ်များလည်း

အပ်လိုက်ပြီ

ကိုယ့်ကိုထာဝရချုပ်နှောင်

မင်းအကျဉ်းထောင်

…………….

နေပူပါစေ မိုးကျပါစေ ရတယ်

မှောင်နေပါစေ လင်းလွန်းပါစေ ရမယ်

ရယ်ပါစေ ငိုပါစေ ပြုံးပါစေ မဲ့ပါစေ

ဘာဖြစ်ဖြစ်ရနေပါတယ်

အစဉ်အမြဲလည်း ရပါစေမယ် အချစ်

အကျယ်ချုပ်လားအချစ်

တကယ်လုပ်မလားအချစ်

ကြေအက်နှလုံးသား

စံပြအကျဉ်းသား

…………….

ချစ်တာရင်ထဲကတငွေ့ငွေ့နဲ့

ခံစားချက်မေတ္တာ

အကုန်ပေါ်အောင် ထုတ်ပြီးမပြနိုင်စွမ်းလို့

ပေါက်ကွဲမတတ်

ကြင်နာတဲ့စကားလေးတစ်ခွန်းတော့

ပေးသနားမျှလှည့်နော်

အချစ်မှာ ဘယ်ဥပဒေပုဒ်မနဲ့

လာဖမ်းလို့မဖြစ်ပါ…….

ဒါပေမဲ့မင်းအတွက်တော့

လိုအပ်သမျှဖြစ်ရမယ်

စကားနာတွေထိုးခြင်းမျိုး

မဟုတ်ဘူးကွယ့်

မင်နားထောင်

ကိုယ့်ကိုထာဝရချုပ်နှောင်

မင်းအကျဉ်းထောင်

…………..

အပြင်မှာလေ တစ်စက္ကန့်အချိန်တိုင်းဟာ

ရင်မှာလေ ခဏနဲ့တကမ္ဘာလောက်နေ

ပိုရင်တိုတစ်ကိုယ် ဆွဲရင်ဆန့်နဂို

လိုအပ်သမျှရှိနေပါတယ်

ထာဝရအသိရှိပါစေမယ်အချစ်

အမြန်စီးမလားအချစ်

ပြန်နှေးမလားအချစ်

ခုန်တဲ့နှလုံးသား

စံပြအကျဉ်းသား

…END……

Thanks all