menu-iconlogo
huatong
huatong
avatar

ငါ့ဘဝ

စိုင်းထီးဆိုင်huatong
မိုးဦးhuatong
بول
ریکارڈنگز
ဆန္ဒရယ် လိုလားမှုရယ်

ထာဝစဉ် မျှော်လင့်လျက်

စောင့်နေလည်း

ကံခေတော့ဝေးရောပေါ့ကွယ်

လူတကာတွေရယ်နေချိန်မှာ

လူတကာတွေပြုံးနေချိန်မှာ

ငါ့ဘ၀တော့လေ

ငိုခြင်းရဲ့အရိပ်အောက်မှာ

မျက်ရည်လည်လည်

ရှေးဘ၀ဆက်ကကုသိုလ်လည်း

တကယ်မပြည့်ဝခဲ့တော့လေ

အဖေအမေဆိုလည်း

အိုခေါ်စရာကိုမရှိတယ်

ဝမ်းနည်းမိတယ်

ရင်နာမိတယ်

ငါ့ဘ၀တစ်လျှောက်မှာလေ

ဝမ်းနည်းမိတယ်

ရင်နာမိတယ်

ငါ့ဘ၀တစ်လျှောက်မှာလေ

သူငယ်ချင်းရယ်

အပေါင်းအသင်းများရယ်

ခေါ်ချင်ပေမယ့်လည်း

မျက်နှာငယ်

ခင်မင်ရင်းနှီးဖို့တော့မရှိတယ်

လူတကာတွေပျော်နေချိန်မှာ

လူတကာတွေမြူးနေချိန်မှာ

ငါ့ဘ၀တော့လေ

အမှောင်ထုရဲ့

အတွင်းနက်မှာ

ကျနေပြီပဲ

ခရီးသွားရမယ့်

အဖော်ဆိုလည်း

တကယ်မရှိ

နတ္ထိပေါ့လေ

ငွေဂုဏ်ဆိုလည်း

အိုဝေလာမှဝေးရော

စိတ်ညစ်မိတယ်

ပျော်မရွှင်ခဲ့တဲ့

မွဲတဲ့ဘ၀မှာလေ

စိတ်ညစ်မိတယ်

ပျော်မရွှင်ခဲ့တဲ့

မွဲတဲ့ဘ၀မှာလေ

ကြင်နာမှုရယ်

အချစ်စိတ်နဲ့ရယ်

လိုချင်ပေမယ့်လည်း

မထိုက်တန်တော့

ကြင်နာစိတ်ရှိခဲ့လည်းကွယ်

လူတကာတွေကြည်နေချိန်မှာ

လူတကာတွေတွဲနေချိန်မှာ

ငါ့ဘ၀တော့လေ

ဆိုတေးရဲ့ အလွမ်းအောက်မှာ

ဆွေးနေမှာပဲ

ရှေ့ဆက်ရမယ့်ခရီးတွေလည်း

ကံအကြောင်းနည်းရှိပေါ့လေ

မှီခိုစရာလည်း

အိုနေရာမှန်မရှိတဲ့

ဖြစ်သမျှအကြောင်းတွေ

ရင်နာမိလည်း

မထူးခြားတော့ပြီဘဲ

ဖြစ်သမျှအကြောင်းတွေ

ရင်နာမိလည်း

မထူးခြားတော့ပြီဘဲ

ရှေးဘ၀ဆက်ကကုသိုလ်လည်း

တကယ်မပြည့်ဝခဲ့တော့လေ

အဖေအမေဆိုလည်း

အိုခေါ်စရာကိုမရှိတယ်

ဝမ်းနည်းမိတယ်

ရင်နာမိတယ်

ငါ့ဘ၀တစ်လျှောက်မှာလေ

စိတ်ညစ်မိတယ်

ပျော်မရွှင်ခဲ့တဲ့

မွဲတဲ့ဘ၀မှာလေ

ဖြစ်သမျှအကြောင်းတွေ

ရင်နာမိလည်း

မထူးခြားတော့ပြီဘဲ

ဝမ်းနည်းမိတယ်

ရင်နာမိတယ်

ငါ့ဘ၀တစ်လျှောက်မှာလေ

စိုင်းထီးဆိုင် کے مزید گانے

تمام دیکھیںlogo