menu-iconlogo
huatong
huatong
avatar

ရက်ရက်စက်စက်

ဇွဲပြည့်huatong
Datthaghiri🎅🙏huatong
بول
ریکارڈنگز
မင်းပေးတဲ့ ရက်စက်ခြင်း

အချစ်ဆုလာဘ်

နှုတ်မဆက်နဲ့ သွားတော့လေ

ဟိုးအချစ် ကမ္ဘာခြား ထပ်မဆုံဘူး

မင်းပေးခဲ့တဲ့ ရက်စက်ခြင်း

နံရံတွေ ပတ်လို့ ဝိုင်း

ဖြေသာနိုင်စရာ ထွက်ပေါက်မရှိ

အချစ်ဟာ ဒီလိုအချိန်မှာ တကယ်ကိုခါး

အိုကွာ ရက်ရက်စက်စက် ချစ်ခဲ့ကြ

အချစ်ဆိပ် တက်ခဲ့တယ်

ရက်ရက်စက်စက် ခွဲရမလား

ဒီလို ဒီလို မထင်ခဲ့ဘူး

မုန်းသွားစမ်းလို့ များတော့မပြောဘူး

အို ခွင့်လွှတ် ခွင့်လွှတ်မယ်

ရက်ရက်စက်စက် ဆက်ချစ် လွမ်းခဲ့တော့

ကဲ ပျော်ပျော်သာသွားတော့

မင်းပေးလို့သွားတဲ့ ဒီအချစ်ဆုလာဘ်

နှုတ်မဆက်နဲ့ သွားတော့လေ

ဟိုးအချစ် ကမ္ဘာခြား ထပ်မဆုံဘူး

မင်းထားခဲ့တဲ့ အတိတ်ဟောင်းများ

ဝိုင်းလို့ နိုပ်စက်ကြ

ဖြေသာနိုင်စရာ ထွက်ပေါက်မရှိ

အချစ်ဟာ ဒီလိုအချိန်မှာ တကယ်ကိုခါး

အိုကွာ ရက်ရက်စက်စက် ချစ်ခဲ့ကြ

အချစ်ဆိပ် တက်ခဲ့တယ်

ရက်ရက် စက်စက် ခွဲရမလား

ဒီလို ဒီလို မထင်ခဲ့ဘူး

မုန်းသွားစမ်းလို့ များတော့မပြောဘူး

အို ခွင့်လွှတ် ခွင့်လွှတ်မယ်

ရက်ရက်စက်စက် ရင်ထဲမှာလွမ်းရစ်မယ်

အို ပြန်လာမှာ မမျှော်တော့ဘူး

ရက်စက်တော့

သိပ်ရက်စက်တယ်အချစ်လေး

သိပ်ရက်စက်တယ်အချစ်လေး

ရက်စက်တော့

သိပ်ရက်စက်တယ်အချစ်လေး

သိပ်ရက်စက်တယ်အချစ်လေး

မင်းကျေနပ်တာ ဖြစ်ပြီလား

အို ခွင့်လွှတ်လို့ ချစ်ခဲ့သူ

ထွက်သွားပါတော့ ငါ့ကိုချန်ပြီးသွားတော့

ကျန်နေပါစေ ငါတစ်ယောက်တည်း

မင်းပေးလို့သွားတဲ့ ဒီအချစ်ဆုလာဘ်

နှုတ်မဆက်နဲ့ သွားတော့လေ

ဟိုးအချစ် ကမ္ဘာခြား ထပ်မဆုံဘူး

မင်းထားခဲ့တဲ့ အတိတ်ဟောင်းများ

ရှေ့ဆက်လို့ နိုပ်စက်ဖို့

ကျန်နေလည်း နေပါစေ အချစ်အရသာ

ဒီလိုအချိန်မှာ ဘယ်လိုလည်း

အိုကွာ ရက်ရက်စက်စက် ချစ်ခဲ့ကြ

အချစ်ဆိပ် တက်ခဲ့တယ်

ရက်ရက်စက်စက် ခွဲရမလား

ဒီလို ဒီလို မထင်ခဲ့ဘူး

မုန်းသွားစမ်းလို့ များတော့မပြောဘူး

အို ခွင့်လွှတ် ခွင့်လွှတ်မယ်

ရက်ရက်စက်စက် ရင်ထဲမှာလွမ်းရစ်မယ်

အို ပြန်လာမှာ မမျှော်တော့ဘူး

ရက်စက်တော့

သိပ်ရက်စက်တယ် အချစ်လေး

ရက်စက်တော့

သိပ်ရက်စက်တယ် အချစ်လေး

ရက်စက်တော့

သိပ်ရက်စက်တယ် အချစ်လေး

မင်းရက်စက်တယ် အချစ်လေး

သိပ်ရက်စက်တယ် အချစ်လေး

ရက်စက်တော့

သိပ်ရက်စက်တယ် အချစ်လေး

ရက်စက်တော့

သိပ်ရက်စက်တယ် အချစ်လေး

ရက်စက်တော့

သိပ်ရက်စက်တယ် အချစ်လေး

Thank You

ဇွဲပြည့် کے مزید گانے

تمام دیکھیںlogo