menu-iconlogo
huatong
huatong
avatar

မမေးနဲ့

ညီမင်းခိုင်huatong
havsutsikthuatong
بول
ریکارڈنگز
သီချင်း - မမေးနဲ့

တေးဆို - ညီမင်းခိုင်

နေဝင်ရင် လွမ်းတတ်တာက

ငါ့မှာစိတ္တဇလိုဘဝ ဖြစ်နေခဲ့

ပုံမှန်လည်ပတ်တဲ့ အချိန်များထဲမှာ

မင်းစိတ်တွေနဲ့ပြည့်နေခဲ့တယ်

မှော်ပညာတန်ခိုးတတ်ရင်တော့

မင်းကိုအချစ်ကြောင်းတွေပြောချော့သိပ်မှာပေါ့

ဒဏ်ရာတွေကြီးမားပေမယ့်

ငါ့မှာကုစားစရ အလွမ်းဆေးရှိသေးတယ်

နင်မမေးနဲ့ငါ့ကို ချစ်လားလို့မမေးနဲ့

နင်သိထားတဲ့အချစ်ရဲ့အဓိပ္ပါယ်တွေထက်

လေးနက်လွန်းလို့ ငါ့ရင်ဘတ်ထဲ

မမေးနဲ့ငါ့ကိုချစ်လားမမေးပါနဲ့

နင်သင်ကြားဖူးတဲ့ အတွေ့အကြုံတွေထက်

နှလုံးသားထဲက အဓိပ္ပါယ်နက်နဲ

မမေးနဲ့

ထပ်မမေးပါနဲ့

ဒီဦးနှောက်က ကန့်ကွက်လဲ

အသွေးအသားနဲ့ ရင်ဘတ်က မင်းပဲ

နေဝင်ရင် လွမ်းတတ်တာက

ငါ့မှာစိတ္တဇလိုဘဝ ဖြစ်နေခဲ့

ပုံမှန်လည်ပတ်တဲ့ အချိန်များကြားမှာ

မင်းအကြောင်းတွေနဲ့ပြည့်နေခဲ့တယ်

မှော်ပညာအစွမ်းရှိရင်တော့

မင်းကိုအချစ်ကြောင်းတွေပြောချော့သိပ်မှာပေါ့

ဒဏ်ရာတွေများလွန်းပေမဲ့

ငါ့မှာကုစားစရာအလွမ်းဆေးရှိသေးတယ်

နင်မမေးနဲ့ငါ့ကို ချစ်လားလို့မမေးနဲ့

မမေးနဲ့ငါ့ကို ချစ်လားလို့မမေးနဲ့

နင်သိထားတဲ့အချစ်ရဲ့အဓိပ္ပါယ်တွေထက်

လေးနက်လွန်းလို့ ငါ့ရင်ဘတ်ထဲ

မမေးနဲ့ ငါ့ကိုချစ်လားမမေးပါနဲ့

နင်သင်ကြားဖူးတဲ့အတွေ့အကြုံတွေထက်

နှလုံးသားထဲက အဓိပ္ပါယ်နက်နဲ

မမေးနဲ့

ထပ်မမေးပါနဲ့

ဒီဦးနှောက်က ငြင်းဆန်လည်း

အစွန်းရောက်တဲ့ ရင်ဘတ်ကမင်းပဲ

ဒီဦးနှောက်က ကန့်ကွက်လဲ

အစွန်းရောက်တဲ့နောက်ရင်ဘတ်ထဲ

မင်းပဲ

ညီမင်းခိုင် کے مزید گانے

تمام دیکھیںlogo