menu-iconlogo
huatong
huatong
avatar

မင်္ဂလာဆယ့်နှစ်ပါး

တင်တင်မြhuatong
Rangdebarsantiihuatong
بول
ریکارڈنگز
မင်္ဂလာဆယ့်နှစ်ပါး

ရွှေတိုင်ညွှန့်၊ ပန်းအိဖြူ

Uploaded by KyawGyi(အလွမ်းပြေ)

....

အောင်ဇေယတုမြွက်ကာချီ...

အောင်ငွေခရုလက်ယာတည်...

အောင်မြေအထု စက္ကဝါမဟီ...

အောင်မြင်စရာစကားနဲ့

အောင်အတိတ်ခေါ်ပါသည်...

အောင်မင်္ဂလာတရားနဲ့

အောင်နိမိတ်တွေပေါ်လာပြီ...

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ

အရင်းထားခဲ့သည်

တကယ်မမေ့ကြပါနဲ့ အတည်...

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ

အရင်းထားခဲ့သည်

တကယ်မမေ့ကြပါနဲ့ အတည်...

ရှေးကမ္ဘာ အစက

ဆရာ့ဆရာတွေ အစုံအညီ

လောကီမင်္ဂလာ

ထင်ရှားအောင်ပင် ချဲ့ထွင်ပြန်ပါသည်

မြွက်ကြားသည် ဆယ့်နှစ်ပါးအညီ

လိုအင်ဆန္ဒပြည့်ရမည်

ထူးမြတ်သည် ကောင်းမြတ်သည်

သောင်းလက်ယာ စကြဝဠာမှာ အတည်

အောင်ကြောင်း စာစီ

တရားနဲ့အညီ ထားခဲ့သည်

ထားခဲ့သည် တရားနဲ့အညီ

အကြောင်းအရင်းယုံကြည်

ကောင်းသီတင်းစုံညီ

ဥုံ ဟရီ ဟရီ ဂါထာကျူးလို့

ထူးတဲ့မင်္ဂလာ သည်

ရဝိန္ဒု ဒဿန နေလပြတဲ့မင်္ဂလာတည်

ကဏ္ဏဝိဇ္ဈန နားကိုသခြင်း ပြုပါသည်

....

ရဝိန္ဒု ဒဿန နေလပြတဲ့မင်္ဂလာတည်

ကဏ္ဏဝိဇ္ဈန နားကိုသခြင်း ပြုပါသည်

....

ငယ်ဆံပယ်တာ အခြေအမြစ်တွေပြတော့

ကေသစ္ဆေဒ မင်္ဂလာပါအတည်

နာမည်ခေါ်စရာ တွင်သချိန်ကျပြန်တော့

သညဒိန္ဒ္ဒ မင်္ဂလာပါအတည်

ပုခက်တင်တာကတော့

ဒေါလကရဏ မည်

တမ္ဘုလဘဒ္ဒ

ဆွမ်းထမင်း ခွံ့ တာ မှန်ပါသည်

အောင်ကြောင်းစာစီ

နောင်ကောင်းရာသည်

အောင်ကြပါစေ နောင်ဘဝတာရှည်

အဖုံဖုံ အလီလီ ဘယာဘေး

အဝေးကရှောင်ရှား သွားရမည်

ဥုံ ဟရီ ဟရီ ဂါထာတန်ခိုးနဲ့

စည်းစိမ်တွေတိုးလို့

ရတနာမိုးသွန်းဖြိုးလို့ရွှာသည်

<<>>

မြတ်စွာဘုရား ရုပ်ပွားစေတီ

အနေကဇာတင်ခြင်းသည်

ထင်လင်းအောင်ရှင်းပြမည်

ဗုဒ္ဓပူဇဝန္တမင်္ဂလာ တည်

တရားတော်များ ထင်ရှားယုံကြည်

ပူဇော်ကာ ရှိဦးချီ

ရည်ဇူးကာဖူးရသည်

ဓမ္မပူဇဝန္တ မင်္ဂလာတည်

ပဗ္ဗဇ္ဇိတ ဆိုတာကတော့

သာသနာ့ အမွေခံသည်

ဝိဝါဟနဲ့ အာဝါဟက

ထိမ်းမြား မင်္ဂလာတည်

ဪ... နှစ်သစ်ကူးတာ

အရင်းခံပြတော့

သင်္ကြန္တမင်္ဂလာ ခေါ်ပါသည်

အောင်ကြောင်းစာစီ

နောင်ကောင်းရာသည်

အောင်ကြပါစေ နောင်ဘဝတာရှည်

အဖုံဖုံ အလီလီ ဘယာဘေး

အဝေးကရှောင်ရှား သွားရမည်

ဥုံ ဟရီ ဟရီ ဂါထာတန်ခိုးနဲ့

စည်းစိမ်တွေတိုးလို့

ရတနာမိုးသွန်းဖြိုးလို့ရွှာသည်

Thank All

တင်တင်မြ کے مزید گانے

تمام دیکھیںlogo